Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 21 June 2012

နိုင်ငံတကာ ပညာရေး ပြပွဲ တွင် ပြည်တွင်း ပြည်ပ ပညာရေး အခွင့်အလမ်းများ အကြောင်း ဆွေးနွေး သွားမည်

နိုင်ငံတကာရှိ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းပေါင်း ၂၅၀ ကျော်မှာ ပညာ သင်ကြားမယ့် သူများ အတွက် ပြည်တွင်း ပြည်ပ ပညာရေး အခွင့်အလမ်းများ
အကြောင်း ဆွေးနွေး သွားမယ့် နိုင်ငံတကာ ပညာရေး ပြပွဲကို ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီ အထိ ရန်ကုန်မြို့ Summit Parkview Hotel တွင် ကျင်းပ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပညာရေး ပြပွဲမှာ ပြည်တွင်းမှ စီမံခန့်ခွဲမှု သင်တန်း ကျောင်းများ ဖြစ်တဲ့ MHR နဲ့ Gusto တို့မှ စီမံခန့်ခွဲမှုနဲ့ အိုင်တီ နည်းပညာများ အကြောင်းကို ပါဝင်ပြသမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ပညာရေးနဲ့ ပတ်သက်ပြီး နှစ်စဉ် သတင်း အချက်အလက် သစ်များ၊ ၀င်ခွင့် သတ်မှတ်ချက် လိုအပ်ချက် အပြောင်းအလဲများ အကြောင်း ကိုလည်း ရှင်းလင်း ပြောကြား သွားမှာ ဖြစ်တယ်လို့ CROWN Education မှ သိရပါတယ်။ အဆိုပါ ဆွေးနွေး ပွဲနေ့မှာ ကျောင်းသွား တက်ရောက်မယ့် သူများအတွက် CROWN Education မှ နိုင်ငံတကာ ပညာရေး လမ်းညွှန် စာအုပ်နဲ့ စင်္ကာပူ ပညာရေး လမ်းညွှန် စာအုပ်များကို အခမဲ့ ပေးဝေခြင်း၊ ကျောင်းလျှောက်လွှာကြေး ကင်းလွတ် ခွင့်ပေးခြင်း အစရှိတဲ့ အခွင့်အလမ်းများ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့