Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 22 June 2012

အချစ်အစ အလွမ်းနိဂုံး

 ချစ်သူ
ပျော်သလာတဲ့......?
ပျော်တာပေါ့ချစ်သူရယ်
တဖွဲးဖွဲးကျတဲ့  မိုးစက်တွေနဲ့  အတူ
စိမ်းစိုတဲ့  မြတ်ခင်း
လှပတဲ့  နံနက်ခင်းမှာ
တူယှဉ်တွဲးလို့ ခရီးဆက်ရတာ
သိပ့်ပျော်တာပေါ့  ချစ်သူရယ်
ထာဝရ  မမေ့နိုင်စရာ  
အမှတ်တရ  နေ့ တွေပေါ့....။
********************************
ချစ်သူ  
ငိုနေလာတဲ့  .....?
ငိုနေတာပေါ့  ချစ်သူရယ်
မင်းထွက်သွားတဲ့  နေ့တွေမှာ
သဲသဲ မည်းမည်း  ရွာတဲ့ မိုးတွေကြားမှာ
မြက်ခင်းတွေလည်း   မစိမ်းစို
နံနက်ခင်းလည်း   မလှပ
အလွမ်းတွေ  အဆွေးတွေနဲ့
ငိုနေတာပေါ့  ချစ်သူရယ်
အထီးကျန်တဲ့  ရက်ရှည်တွေမှာ
ဘယ်ဆီရောက်နေလည်း   
ဘာတွေလုပ်နေလည်း
မေးခွင့်မရှိတဲ့  တို့ဘ၀က 
မင်းကိုတမ်းတမိတယ်
ဟို...   အတိတ်က နေ့တွေရောပေါ့...။
**************************************
ချစ်သူ
မေ့နေပြီးလာ တဲ့  ....?
မမေ့ပါဘူ  ချစ်သူရယ်
ဒီရင်မှာ  ထာဝရ  သတိရဆဲပါ
ခါသက်သက်  ၀ိုင်တစ်ခွက်ကို
အရသာခံပြီး  မျိုချနေမိသလို
ခါသက်သက်  ဒီအလွမ်း တွေကိုလည်း
နှစ်သက်စွာ   စွဲးလမ်းနေမိတယ် 
အချိန်ပြည့်  မဟုတ်ခဲ့ရင်လည်း
တစ်ရက်ကို  သုံးကြိမ်းတော့  သတိရမိတယ်
မနက်   နေခင်ရယ်   ညရယ်ပေါ့ 
အသက်ရှင်သမျှ  ကာလတစ်ခုအတွက်လည်း
ဘ၀တစ်သက်စာ  အတွက်
သုံးကြိမ်တော့  သတိရနေဦးမှာပါ
အတိတ်  ပစ္စုပန်ရယ်    အနာဂတ်ဆိုတဲ့ 
အချိန်ကာလစက်ဝန်   အတိုင်ပေါ့
တို့နှစ်ယောက်ရဲ့  အချစ်အစက
ပျော်ရွှင်မှုတွေကို   တမ်းတပြီး
အဆုံးသက်  ဒီဘ၀အတွက်
အလွမ်းနိဂုံးနဲ  အဆုံး သက်ရင်က
တစ်နေ့တော့....
....................................................................

******************************************


သူငယ်ချင်းအားလုံးကို လေးစားလျှက်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့