စည်း ကြားကစကားတစ်ခွန်း
ကောင်းမှာပဲခင်
သံယောစဉ်ဆိုတာ
ကြိုမြင်နိုင်ရိုးမဟုတ်လေတော့ 
ကျော့ ကွင်းထည်းဝင်တဲ့ သားကောင်
ထောင်ချောက်ထည်းကျတဲ့ အဖြစ်
ငါ့ အချစ်တွေကယိမ်းလို့ ယိုင်
ထိန်းမနိုင်ထိုင်မရ
အခါခါချခဲ့ တဲ့ သက်ပျင်း
လာခြင်းမကောင်းခဲ့ ပေမဲ့ 
မင်းနဲ့ မှပိုချစ်တတ်ခဲ့ ပြီလား
စည်းတစ်ခုကချားနေလည်း
ငါ့ အသဲထည်းမင်းက၀င်
ငါ့ ရင်တွေခုန်အောင်လုပ်
နုတ်မရနိုင်တော့ တဲ့ အချစ်ဆူး
စူးနစ်ပြီးဝင်နေမှ
ငါရူးရတော့ မှာလားချစ်မိသူရယ်..............
လက်လျှူရှုထားလို့ မရတဲ့ ငါ့ အဖြစ်
အပြစ်ယူမယ်ဆိုလည်းယူစေတော့ 
ဖေါ့ ဖယောင်းလိုပျော့ ပြောင်းတဲ့ ငါ့ အသဲ
ကွဲမယ်ဆိုလည်းကွဲစေပေါ့ 
ရော့ ယူတော့ လို့ မပေးနိုင်တဲ့ ငါ့ အဖြစ်
ချစ်လို့ ပဲနေပါရစေ
နင်ကျေနပ်လေမလားဟယ်
ဘယ်တော့ မှနင့် ဆီကအချစ်
ငါတောင်းရစ်မှာမဟုတ်ပေမဲ့ 
ငှဲ့ ကွက်ရမဲ့ မျက်နှာ
စာနာထောက်ထားရဦးမှာမို့ 
လာခြင်ပေမဲ့ မင်းအနား
စည်းတစ်ခုကခြားနေလေတော့ 
စကားတစ်ခွန်းပဲထားခဲ့ ပါရစေ
ငါလေနင့် ကိုချစ်တယ်......
..... သိပ်သိပ်ချစ်တယ်ဟယ်


No comments:
Post a Comment