Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 21 June 2012

ပုဂံဟိုတယ် ဇုန်သစ် တိုးချဲ့ တည်ဆောက်မှုကို ယဉ်ကျေးမှု ကာကွယ် ထိန်းသိမ်းရေး နည်းဥပဒေ အရ ခေတ္တ ရပ်ဆိုင်းထား

ပုဂံ ဒေသရှိ တူးရွင်း တောင်ခြေမှာ ဟိုတယ်ဇုန်သစ် တိုးချဲ့ တည်ဆောက်ရန် အတွက် စီစဉ် လျက်ရှိရာမှာ  ယဉ်ကျေးမှု ၀န်ကြီး ဌာနမှ ယဉ်ကျေးမှု ကာကွယ်
ထိန်းသိမ်းရေး နည်းဥပဒေ အရ ယဉ်ကျေးမှုဇုန် သတ်မှတ် ထားတဲ့ နယ်မြေ အတွင်း ပါဝင်နေတဲ့ အတွက် ပုဂံဟိုတယ် ဇုန်သစ် တိုးချဲ့ တည်ဆောက်မှုကို ခေတ္တရပ်ဆိုင်း ထားတာ ဖြစ်တယ်လို့ ပုဂံဟိုတယ် ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ အဆိုအရ သိရပါတယ်။

အဆိုပါ ပုဂံ ဟိုတယ်ဇုန်သစ် တိုးချဲ့ တည်ဆောက်မှုကို သက်ဆိုင်ရာမှ တာဝန်ရှိ သူတွေကို အဆင့်ဆင့် တင်ပြ ထားရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီ ဟိုတယ်ဇုန်သစ် တိုးချဲ့ တည်ဆောက်မှုကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဌာနနဲ့ ယဉ်ကျေးမှု ၀န်ကြီး ဌာနမှ တာဝန်ရှိ သူတွေက ဆက်လက် ဆွေးနွေးမှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခု လက်ရှိမှာ ပုဂံ ဒေသကို လာရောက်သူ ခရီးသွားမှာ အရင်ကထက် ပိုမိုများပြား လာတာ ဖြစ်ပြီး တည်းခိုနိုင်ဖို့ အတွက် ဟိုတယ် အခန်းတွေ လိုအပ်ချက် ရှိတာကြောင့် ဟိုတယ်ဇုန် သစ်တွေကို တိုးချဲ့ တည်ဆောက် ရတာ ဖြစ်တယ် လို့လည်း ပုဂံ ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား အရ သိရပါတယ်။

ဒါပေမယ့် အဆိုပါ တူရွင်း တောင်ခြေရှိ ဟိုတယ်ဇုန်သစ် တိုးချဲ့ တည်ဆောက်မှု မှာတော့ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ မြန်မာ တစ်နိုင်ငံလုံးမှာ ယဉ်ကျေးမှု ကာကွယ် ထိန်းသိမ်းရေး နည်းဥပဒေ အရ နေရာ ၄၂ ခုကို ယဉ်ကျေးမှုဇုန် သတ်မှတ် နယ်မြေဟု သတ်မှတ် ထားတာ ဖြစ်ပြီး အဲ့ဒီ ၄၂ နေရာမှာ ဟိုတယ်ဇုန် တည်ဆောက်မယ့် နေရာဟာ နေရာတစ်ခု အဖြစ် ပါဝင် တာကြောင့် ခေတ္တရပ်ဆိုင်း ထားတာ ဖြစ်တယ်လို့ ယဉ်ကျေးမှု ၀န်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့