အဆိုတော် "ဟုတ်ကဲ့ ပရိတ်သတ်တွေပြောနေကြတဲ့ အိုင်တွေ့တိုင်းကျနော်က ခြေဆေးတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျနော်ပြောချင်တာလေး တစ်ခုတော့ရှိပါတယ်။
ကျနော့အနေနဲ့ အိုင်တွေ့တိုင်း ခြေဆေးတာ မဆန်းပါဘူး၊ ဘာလို့လဲဆိုတော့ ကျနော်ခြေဆေးတာက အိုင်ထဲက ရေပဲလေ, သောက်ရေသုံးရေအိုးထဲက ရေမှမဟုတ်ပဲ၊ “မိန်းကလေးဆိုတာ ကိုယ့်ဘ၀ကို တန်ဖိုးရှိတဲ့ ရေလိုနေရင် တန်ဖိုးရှိမယ်၊ ကိုယ့်ဘ၀ကို ရေအိုင်ထဲက ရေလိုနေရင် တန်ဖိုးမဲ့မယ်။ ဒါကို ကောင်းကောင်းသိထားဖို့ လိုအပ်ပါတယ်”။
သောက်သုံးရေကို ခြေဆေးတဲ့ယောက်ကျားဆိုတာ ရှားပါတယ်၊ “ရှိရင်လည်း အဲဒီယောက်ျားဟာ စိတ်ဓာတ်ညံ့ဖျင်းတဲ့ ယောက်ျားပဲဖြစ်လိမ့်မယ်”လို့ ကျနော်ပြောချင်တာ ဒါပါပဲ။
ကဲ စာဖတ်သူ အမညီမတို့ ကျနော်တင်ပြတဲ့ အကြောင်းအရာလေးကို သဘောပေါက်ကြမှာပါနော်၊ ကျနော်တို့ မြန်မာမိန်းကလေးတွေရဲ့ ရှေးယခင်သမိုင်းကို ကြည့်မယ်ဆိုရင် ကိုယ့်ဘ၀ကို အသက်ထက်မြတ်နိုး တန်ဖိုးထာကြပါတယ်။ ယနေ့ခေတ်မှာတော့ အချို့သောမိန်းကလေးတွေမှာ ကိုယ့်ဘ၀ကို တန်ဖိုးထားမှုတွေ နည်းလာကြပါပြီ၊ ဒါကြောင့် ကျနော်ဖတ်ဖူးတဲ့ ဆရာကံချွန်ရဲ့ အတွေးလေးကို တင်ပြလိုက်ရခြင်းဖြစ်ပါတယ်......။
အမတို့ညီမတို့လည်း ကိုယ့်ဘ၀ကို အကောင်းဆုံးတည်ဆောက်နိုင်သူတွေ ဖြစ်ကြပါစေ
ညီအကိုတို့လည်း မိန်းမသားတို့ဘ၀ကို စာနာနားလည်နိုင်ကြပါစေ....


No comments:
Post a Comment