စိတ်ကို...အဆိတ်ခံရပေါင်းများတော့
အာရုံတွေက...ထုံပေပေနဲ့ ...
အနာဂတ်နောက်...ခြေရာခံရင်း
တောမှောက်ခံနေရ..........
ဂါထာ မန္တရားတွေ...ရွတ်ဖတ်ရုံနဲ့ 
လုံခြုံမှု ရှိရင်အကောင်းသား.....
ကောင်းကင် နဲ့  မြေလွှာကြား
သီဆိုမိတဲ့....တေးသွားတိုင်း....
ကောလဟာလ ဖြစ်ဖြစ်သွားကြ...
အမှန်ခြစ်လိုက်တိုင်း...(×)ကြက်ခြေအခတ်ခံ
အဲလို....မလှမပနဲ့ .....
ဘ၀ဟာ...ပါးလျလာလိုက်တာ
နောက်ဆုံး.....
သုည ကိုဂတုံးတုံး...၀လုံးတစ်လုံး
ဖြစ်မှန်းမသိ.....ဖြစ်လို့ ...
စိတ်မှာ....အဆိပ်မိနေလိုက်ပုံများ။။။
No comments:
Post a Comment