ရန်ကုန်တိုင်း ဒေသကြီးရှိ စမ်းချောင်း မြို့နယ်၊ ကြည့်မြင်တိုင် မြို့နယ်နဲ့ ကမာရွတ် မြို့နယ် တို့ကို ဓာတ်အား ၆၀ မဂ္ဂါဝပ် ပိုမိုဖြန့်ဖြူး ပေးနိုင်ဖို့ စီစဉ်လျက်
ရှိတယ်လို့ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ မြို့နယ် ၃ မြို့နယ်ကို လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူး နိုင်ဖို့အတွက် အခု လက်ရှိမှာ အလုံမြို့နယ်ရှိ ၂၃၀ ကေဗွီ အလုံပင်မ ဓာတ်အားခွဲ ရုံမှ Junction Square အနီးရှိ ၆၆ ကေဗွီ MRTV-3 ဓာတ်အားခွဲရုံမှာ ၆၆ ကေဗွီ ဓာတ်အားလိုင်း အသစ်ကို မြေအောက်မှ တူးဖော် မြုပ်နှံမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီလို ဓာတ်အားလိုင်း အသစ်ကို မြေအောက်မှာ တူးဖော် မြုပ်နှံမူဟာ လျှပ်စစ် ဓာတ်အား ပိုမိုပေး နိုင်ဖို့နဲ့ ဓာတ်အား စနစ်ပိုမို ကောင်းမွန် စေဖို့အတွက် ဖြစ်တယ်လို့ အမှတ် ၂ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခု လက်ရှိ မှာတော့ ၆၆ ကေဗွီ ဓာတ်အားလိုင်း အသစ်ကို အလုံ မြို့နယ်မှ ကမာရွတ် မြို့နယ်ရှိ Junction Square အနီး ဓာတ်အားခွဲရုံ အထိကို မြေအောက် ဓာတ်ကြိုး မြှုပ်နှံဖို့မြေအောက် တူးဖော်မှုများ တူးဖော်ပြီး ဓာတ်ကြိုး မြုပ်နှံမှုကို ဆောင်ရွက်လျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။
No comments:
Post a Comment