ပုဂံဒေသရှိ ဟိုတယ်တွေမှာ ခရီးသွားများ တည်းခိုဖို့ မဖြစ်နိုင်ဘဲ ပြန်လည် ပြုပြင်ဖို့ လိုအပ်နေတဲ့ ဟိုတယ်ဟောင်း များကို လက်ရှိမှာ ပြုပြင်မှုများ ပြုလုပ်လျက်
ရှိတယ်လို့ ပုဂံ ဟိုတယ် ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ယခုလက်ရှိ ပုဂံဒေသမှာ ဟိုတယ် အလုံးပေါင်း ၈၀ ကျော်ရှိတဲ့ အနက် အလုံး ၄၀ ခန့်မှ လူဝင်ရောက် တည်းခိုဖို့ မဖြစ်နိုင်တဲ့ ဟိုတယ်များ ရှိနေတာ ဖြစ်ပါတယ်။ တည်းခိုဖို့ မဖြစ်နိုင်တဲ့ ဟိုတယ် များကို သက်ဆိုင်ရာ ဟိုတယ် များမှ တာဝန်ရှိ သူတွေက ယခုအခါ ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
အဲ့ဒီလိုမျိုး ဟိုတယ်ဟောင်း များကို ပြန်လည် ပြင်ဆင် ရခြင်းမှာ လက်ရှိ ခရီးသွား ၀င်ရောက်မှု နှုန်းဟာ သိသာစွာ မြင့်တက် လာမှုကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ပုဂံဒေသဟာ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များစွာရှိတဲ့ အတွက် ပြည်ပ ခရီးသွား ၀င်ရောက်မှု များပြား နေပြီး တည်းခိုဖို့ ဟိုတယ် လုံလောက်မှု မရှိတာကြောင့် ဟိုတယ်ဟောင်း များကိုပါ ယခုလို ပြုပြင်ခြင်း ဖြစ်ပါတယ်။ ယခုလို ဟိုတယ်ဟောင်း များကို ပြုပြင်မှု ကိုတော့ သြဂုတ်လ လောက်မှာ အပြီးသတ် ပြင်ဆင် သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ယခု လက်ရှိ မှာလည်း ပုဂံဒေသမှာ ဟိုတယ်သစ် များကိုလည်း တိုးချဲ့ တည်ဆောက် လျက်ရှိတယ်လို့ ပုဂံ ဟိုတယ်ဇုန်မှ တာဝန်ရှိ သူတွေရဲ့ ပြောကြားချက် အရ သိရပါတယ်။
No comments:
Post a Comment