Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 20 June 2012

CDMA 800 MHz ဖုန်းများ အတွက် အင်တာနက် EVDO စနစ် ပါသော Sim Card ဖြင့် လဲလှယ် အသုံးပြု ရမည်

CDMA 800 MHz ဖုန်းများ အတွက် အင်တာနက် လျှောက်ထား ရာမှာ EVDO စနစ်ပါတဲ့ Sim Card နဲ့ အသုံးပြုရမှာ ဖြစ်တာကြောင့် အင်တာနက် အသုံးပြု
လိုသူတွေဟာ EVDO စနစ် ပါဝင်တဲ့ Sim Card ကို လဲလှယ် အသုံးပြုရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို Sim Card လဲပေးတာ ကတော့ CDMA အင်တာနက် စနစ်ဖြစ်တဲ့ EVDO စနစ်ကို Sim Card အတွင်း ထည့်ပေးခြင်း သာဖြစ်ပြီး ဖုန်းနံပါတ် ပြောင်းလဲ သွားခြင်း ရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။

CDMA 800 MHz ဖုန်း အင်တာနက် လျှောက်ထားမှု တွေကို ဇွန်လ ၁၂ ရက်နေ့က ပြန်လည် လျှောက်ထားခွင့် ပြုခဲ့ပြီး မြန်မာ့ ဆက်သွယ်ရေး ရုံးတွေဖြစ်တဲ့ ပန်းဆိုးတန်း၊ အလုံနဲ့ ရွှေဂုံတိုင် ရုံးတွေမှာ လျှောက်ထား ရမှာ ဖြစ်ပါတယ်။ လာရောက် လျှောက်ထား သူများ အနေနဲ့ မှတ်ပုံတင် မိတ္တူနဲ့ မူရင်း၊ Sim Card နဲ့ ဖုန်းပိုင်ဆိုင်ကြောင်း အထောက်အထားတွေ ယူဆောင် လာရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အင်တာနက် အသုံးပြုမှု အတွက် ၀န်ဆောင်ခ ကျပ် တစ်သောင်း ပေးသွင်း ရမှာဖြစ်ပြီး Sim Card လဲလှယ်မှု ကိုတော့ ၀န်ဆောင်ခ ပေးစရာ မလိုဘူးလို့ သိရပါတယ်။

CDMA 800 MHz ရဲ့ အင်တာနက် သုံးစွဲခ ကတော့ တစ်မိနစ်ကို ၄ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာနက် မြန်နှုန်းမှာ တစက္ကန့်ကို ၁၀၀ ကီလိုဘိုက်နှုန်း ရရှိမှာ ဖြစ်ပါတယ်။ CDMA 800 MHz ဖုန်းတွေရဲ့ အင်တာနက် အသုံးပြုမှုမှာ EVDO စနစ် ဖြစ်ပြီး GSM ဖုန်းတွေရဲ့ အင်တာနက် အသုံးပြုတဲ့ စနစ် ကတော့ EDGE စနစ် ဖြစ်ပါတယ်။ လက်ရှိမှာ GSM ဖုန်းချထားမှုဟာ CDMA 800 MHz ထက် ပိုများ တာကြောင့် GSM အင်တာနက်လိုင်း သုံးစွဲသူ ပိုမိုများပြား လျက်ရှိတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့