Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 20 June 2012

ပင်စင်စားများ အတွက် E-Payment Card စနစ် ယခုနှစ် မကုန်မီ ပြောင်းလဲ အသုံးပြုမည်

မြန်မာ့ စီးပွားရေး ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ယခုနှစ် မကုန်ခင်မှာ ပင်စင် စားများ ပင်စင် ထုတ်ယူရာမှာ အဆင်ပြေစေဖို့ အတွက်
E-Payment Card စနစ်နဲ့ ပြောင်းလဲ အသုံးပြု သွားနိုင်ဖို့ စီစဉ် ဆောင်ရွက် လျက်ရှိ တယ်လို့ သိရပါတယ်။ အဆိုပါ E-Payment Card ဟာ Smart Card အမျိုးအစား ဖြစ်ပြီး အဲ့ဒီကဒ် ထဲမှာ ထုတ်ယူမယ့် သူရဲ့ ကိုယ်ရေး အချက်အလက် Data တွေ ထည့်သွင်း ပေးထားမှာ ဖြစ်ပါတယ်။

အဆိုပါ ပင်စင် ထုတ်ဖို့ အတွက် E-Payment Card စနစ်ကို မြန်မာ့ စီးပွားရေး ဘဏ်တွေမှာ ထုတ်နေတဲ့ ပင်စင်စားများ အားလုံး ပြောင်းလဲ အသုံးပြု သွားနိုင်ဖို့ စီစဉ်ပေး သွားမှာ ဖြစ်ပါတယ်။ အခု လက်ရှိမှာ နိုင်ငံဝန်ထမ်း ပင်စင်စား ဦးရေ ရှစ်သိန်း ကျော်ရှိပြီး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ ပြီးခဲ့တဲ့နှစ် ဇူလိုင်လဆန်းမှ စတင်ကာ ပင်စင် လစာများကို တိုးမြှင့် ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ E-Payment Card စနစ် စတင် အသုံးပြုခြင်း မှာတော့ ပင်စင်စား တွေဟာ သတ်မှတ် ထားတဲ့ မြန်မာ့ စီးပွားရေး ဘဏ်မှာတွေမှာပဲ ငွေထုတ် လို့ရမှာ ဖြစ်ပါတယ်။

အခုလက်ရှိ မှာတော့ မြန်မာ့ စီးပွားရေး ဘဏ်ဟာ ပင်စင် လာထုတ် သူတွေရဲ့ ပင်စင် အမျိုးအစား၊  မှတ်ပုံတင်၊ အမည်စာရင်း တွေကို ပြုစုနေပြီး၊ အခု လောလောဆယ် ပင်စင် လာထုတ်သူ တွေဆီက လိုင်စင် ဓာတ်ပုံ၊ လက်ဗွေရာနဲ့ လက်မှတ် တွေကို ယူပြီး စာရင်းပြုစု လျက်ရှိ တယ်လို့ သိရပါတယ်။ ပင်စင် လာရောက် မထုတ်ယူ သေးတဲ့ သူတွေ ကိုတော့ ဖုန်းဆက် အကြောင်းကြား မှုများ ပြုလုပ် နေတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့