ဆွီဒင် နိုင်ငံ၊ ဆွီဒင် ရေဒီယို၊ မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဌာနနဲ့ နော်ဝေ နိုင်ငံ အခြေစိုက် ဒီမိုကရက်တစ်
မြန်မာ့အသံ DVB တို့ရဲ့ ဖိတ်ကြားချက် အရ ပြန်ကြားရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ခေါင်းဆောင်သော မီဒီယာ လေ့လာရေး အဖွဲ့ ဥရောပ နိုင်ငံများသို့ ချစ်ကြည်ရေး ခရီး သွားရောက် ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အဖွဲ့နဲ့ အတူ Forever Group Co.,ltd မှ CEO နဲ့ General Manager တို့ပါ လိုက်ပါ သွားခဲ့ပြီး Myanmar Media Development Centre (MMDC) အတွက် ဥရောပ နိုင်ငံများမှ တာဝန်ရှိ သူများနဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။
ဒုတိယ ၀န်ကြီး ဦးစိုးဝင်း ခေါင်းဆောင်သော မီဒီယာ လေ့လာရေး အဖွဲ့ဟာ ချစ်ကြည်ရေး ခရီးစဉ် အတွင်း သက်ဆိုင်ရာ နိုင်ငံများမှ ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ အကြီးအကဲ များနှင့် တွေ့ဆုံပြီး မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ် များကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ ကြပါတယ်။ ဒုတိယ ၀န်ကြီး ခေါင်းဆောင်သော မီဒီယာ လေ့လာရေး အဖွဲ့ဟာ ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ် နိုင်ငံများရှိ မီဒီယာ လုပ်ငန်း များဖြစ်တဲ့ သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်သံ ထုတ်လွှင့် တင်ဆက်မှု လုပ်ငန်းစဉ် များကို သွားရောက် လေ့လာကာ သိလိုသည် များကို မေးမြန်း ခဲ့ကြတာ ဖြစ်ပါတယ်။
အဆိုပါ ခရီးစဉ် အတွင်း ဆွီဒင် Press Council အဖွဲ့ဝင်နဲ့ သွားရောက် တွေ့ဆုံ ခဲ့သလို မြန်မာနိုင်ငံနဲ့ မီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက် ကိုလည်း ဆွီဒင် နိုင်ငံခြားရေး ၀န်ကြီး ဌာနသို့ သွားရောက် ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နော်ဝေ နိုင်ငံ အော်စလိုမြို့ရှိ ယူနီဗာစတီ ကောလိပ်မှ Freedom of Expression- Responsibilities and Challenges, Media and Diversity, Peace Journalism and War Journalism ဘာသာရပ် များကို သွားရောက် လေ့လာကာ သိလိုသည် များကိုလည်း ပြန်လည် ဆွေးနွေးခဲ့ ကြပါတယ်။
အဲ့ဒီနောက် ဒုတိယ ၀န်ကြီး ဦးစိုးဝင်း ဦးဆောင်တဲ့ မီဒီယာ လေ့လာရေး အဖွဲ့ဟာ နော်ဝေ နိုင်ငံခြားရေး ၀န်ကြီး ဌာနသို့ သွားရောက်ပြီး ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံကာ မြန်မာနိုင်ငံမှ ဆောင်ရွက်နေတဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ သတင်းနှင့် စာနယ်ဇင်း သင်တန်းများ ဖွင့်လှစ် နိုင်ရေး၊ နိုင်ငံပိုင် မီဒီယာများကို Public Service Media များအဖြစ် ပြောင်းလဲရေး၊ မြန်မာ့ အသံမှာ ထုတ်လွှင့် နေတဲ့ တိုင်းရင်းသား အစီအစဉ် များကို တိုးချဲ့ ထုတ်လွှင့် နိုင်ရေးနဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ ဆက်ဆံရေး ကိစ္စရပ် များကိုပါ အပြန်အလှန် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
No comments:
Post a Comment