Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday, 22 June 2012

ပြည်တွင်းမှ နိုင်ငံတကာသို့ ပစ္စည်းများ ၀ယ်ယူနိုင်သည့် Online Virtual Visa Card ပြုလုပ်နိုင်

ပြည်တွင်း မှာနေပြီး အွန်လိုင်းမှ တစ်ဆင့် နိုင်ငံတကာမှ ပစ္စည်းများ ၀ယ်ယူနိုင်ဖို့ အတွက် Online Virtual Visa Card ကို ပြုလုပ်နိုင်ပြီ ဖြစ်တယ်လို့ သိရ
ပါတယ်။ အဆိုပါ Online Virtual Visa Card ကို ပြုလုပ် လိုပါက ပြုလုပ်ခ ကျပ်ငါးထောင် ကျသင့်မှာ ဖြစ်ပြီး လစဉ်ကြေး၊ နှစ်စဉ်ကြေး စတာတွေ ပေးစရာ မလိုဘူးလို့ သိရပါတယ်။ အဆိုပါ ကတ်သုံးစွဲရာမှာ ကတ်ထဲမှာ ဒေါ်လာ ၁၀၀ အနည်းဆုံး ထည့်ထားရမှာ ဖြစ်ပြီး ပိုမို ထည့်သွင်း လိုရင်တော့ ဒေါ်လာ ၁၀၀၀ အထိ လက်ခံနိုင်တာ ဖြစ်ပါတယ်။

အဆိုပါ Online Virtual Visa Card ကို Regsiter ပြုလုပ်လိုပါက http://www.shwemoney.com/ မှာ ၀င်ရောက်ပြီး ပြုလုပ် နိုင်တယ်လို့ သိရပါတယ်။ ဒီလို ပြုလုပ်ကာ Shwe Moeny Virtual Visa Card အတွင်းကို ငွေထည့်သွင်း အသုံးပြု လိုရင်လည်း မြန်မာ ကျပ်ငွေနဲ့သာ လက်ခံ ဆောင်ရွက် ပေးမှာ ဖြစ်တယ်လို့ အဆိုပါ ကတ်ကို ပြုလုပ်သူ Myanmar Soft-Gate Technology Co.,Ltdမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို အွန်လိုင်း ဈေးဝယ်ကတ် ပြုလုပ်ဖို့ အတွက် အသေးစိတ် သိရှိလိုပါက www. shwemoney.com မှာ ၀င်ရောက်ကာ ကြည့်ရှု နိုင်တာ ဖြစ်ပါတယ်။ အဲ့ဒီ အွန်လိုင်း ဈေးဝယ်ကတ်ကို ဇွန်လ ၁၂ ရက်နေ့က စတင်ကာ အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့