Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 20 June 2012

တတိယ အကြိမ်မြောက် Taste of TV သင်တန်း ဆင်းပွဲ ကျင်းပပြုလုပ်ခဲ့


Forever Group Co.Ltd ရဲ့ Myanmar Media Development Centre မှ စီစဉ်မှုနဲ့ ရုပ်မြင်သံကြား အခြေခံ အချက်အလက် တွေကို သင်ကြား
ပေးခဲ့တဲ့ Taste of TV သင်တန်း တတိယ အပတ်စဉ် သင်တန်း ဆင်းပွဲကို ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ ပြည်လမ်းရှိ Junction Square မှာ ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ သင်တန်းမှာ ပို့ချခဲ့တဲ့ ဘာသာရပ်တွေ ကတော့ စာနယ်ဇင်း ပညာရပ်၊ ဇာတ်ညွှန်း ရေးသားနည်း ပညာရပ်၊ အစီအစဉ် တင်ဆက်မှု ပညာရပ်၊ ရုပ်သံ တည်းဖြတ် ပညာရပ် စတာတွေ ပါဝင် ပါတယ်။

ဒါ့အပြင် ဓါတ်ပုံ ရိုက်ကူး နည်းများ၊ လက်တွေ့ တည်းဖြတ် နည်းများနဲ့ ကင်မရာ ပိုင်းဆိုင်ရာ ပညာရပ် များကိုပါ သင်ကြား ပေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်းမှာ စာတွေ့ သင်ယူမှု အပြင် သင်တန်းသား တွေကို လက်တွေ့ ပြုလုပ်မှုတွေပါ ပြုလုပ် ရတယ်လို့ သိရပါတယ်။ ယခုကျင်းပ ပြုလုပ်တဲ့ သင်တန်း ဆင်းပွဲ မှာတော့ သင်တန်းသား ၅၁ ယောက်ကို Taste of TV သင်တန်းရဲ့ သင်တန်းဆင်း လက်မှတ် တွေကို ပေးအပ် ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီ သင်တန်းဆင်း လက်မှတ်တွေ ကတော့ Asia Institute Broadcasting Development (AIBD) နဲ့ ဂျာမနီ နိုင်ငံမှ Deutsche Welle အကယ်ဒမီမှ အသိအမှတ်ပြု ထားတဲ့ သင်တန်းဆင်း လက်မှတ် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Taste of TV အခြေခံ သင်တန်း ကနေ မိမိတို့ စိတ်ဝင်စားတဲ့ ဘာသာရပ် တစ်ခုစီကို အထူးပြုပြီး သင်ကြား ပေးမယ့် သင်တန်းတွေ ကိုလည်း ထပ်မံ ဖွင့်လှစ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့