Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 22 August 2012

...နင်မသိခဲ့တာလား...


နှလုံးသားရဲ့အတွင်းဆုံးအခန်းတွေအထိ
မွှေနှောက်ခဲ့ပြီးမှ
“မနေချင်တော့ဘူး” တဲ့လားချစ်သူ
ဦးနှောက်ရဲ့မှတ်ဥာဏ်တွေအထိ
နှင်ရောက်ရှိခဲ့ပြီးမှ
“မေ့လိုက်ပါတော့ ” တဲ့လားချစ်သူ
အတွေး တွေရဲ့အနက်ရှိုင်းဆုံးအထိ
ကပ်ငြိပြီးမှ
“အတွေးထဲကထုတ်ပစ်လိုက်ပါ” တဲ့လားချစ်သူ
ညစဉ်တိုင်းရဲ့အိပ်မက်တွေအထိ
နင်ပိုင်စိုးပြီးမှ
“စွဲလမ်းခြင်းတွေဖျောက်ဖျက်လိုက်ပါ” တဲ့လားချစ်သူ
တကယ်ဆိုရင် ငါ့ဘ၀မှာ
နင်မရှိလို့မဖြစ်ခဲ့တာ
         နင်မသိခဲ့တာလားကွာ.......

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့