Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 22 August 2012

အချစ်စစ်


ဘ၀မှာ…….
ပထမဆုံးချစ်ခဲ့သူက
နင်က……..
အချစ်ဆိုတာထက်
ဘ၀ကိုဦးစားပေး
“မေ့လိုက်နော်”ဆိုတဲ့စကားကို
အကြိမ်များစွာပြောရင်း
ငါ့ကိုထားခဲ့တယ်……။။။။
အကြိမ်ကြိမ်
တောင်းပန်နေရက်နဲ့
လှည့်မကြည့်ခဲ့ဘူး။။။
နင့်ကို ခုချိန်ထိ
မမေ့နိုင်သေးသလို
မမုန်းနိုင်ခဲ့ဘူးးးးး..။။
နင့်ကြောင့်……
အချစ်စစ်ဆိုတာ
မရှိနိုင်ဘူးလို့
ငါ… နားလည်လိုက်တယ်။။
အချစ်ကို ကစားစရာ
အရုပ်တစ်ရုပ်လို
သဘောထားလိုက်တယ်…။။။။
ကစားချင်တဲ့အချိန်
ကောက်လိုက်တယ်…..။။
ပျင်းသွားရင်……….
ပစ်ချလိုက်တယ်……။။။
မလိုအပ်တော့ရင်
ချောင်ထိုးထားလိုက်တယ်……..။။။
မကြိုက်တော့ရင်
နောက်တစ်ရုပ်ပြောင်းလိုက်တယ်။။။
ငါ့အတွက်………
အချစ်စစ်ဆိုတာ
နေရောင်အောက်မှာ
ပျော်ဝင်သွားတဲ့
ငွေနှင်းမှုန်လေးလိုပါဘဲ….။။။
အလွမ်းဆိုတဲ့
ပူလောင်မှုကြောင့်
ငွေနှင်းပွင့်လေး
အရည်ပျော်သွားခဲ့ပါပြီ။။။။။။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့