Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 22 August 2012

မှတ်သား မိသောအဆိုအမိန့် များနှင့် ဗဟုသုတဆိုင်ရာစာပေများ


၁.   မိန်းမ မရှိတဲ့ ယောင်္ကျားဟာ ဆွဲလှေမပါတဲ့ သမ္ဘာန်ကြီးလိုပဲ။

၂.   ချိုသော ကြက်သွန် ကောင်းသော လင်ယောင်္ကျားဟူသည်မရှိ ။

၃.   လူအများသည် အမှန်များပါသည့် ပြက်လုံးများကိုစိတ်ဆိုးကြသည် ။

၎.   ဘာသာတရား များစွာရှိသော်လည်း ကိုယ်ကျင့်တရားတခုတည်းသာရှိသည် ။

၅.   မြှောက်ပင့်ပြောဆိုသူများသည် အဆိုးဝါးဆုံး သစ္စာဖောက်များဖြစ်သည်။

၆.  ဟိတ်တလုံးဟန်တလုံးဖြင့်ပြောဆိုသူများသည် ယေဘူယျအားဖြင့်သူရဲဘောအကြောင်ဆုံးသောသူများဖြစ်သည် ။

၇.   လောကမှာ ကျေးဇူးမသိတတ်သူလို့ သတ်မှတ်ခံရတာလောက် နာစရာကောင်းတာမရှိ။

၈.မိန်းမတယောက်ရဲ့ ပါးစပ်ကလေးနက်တဲ့စကားထွက်လာရင်ကလေးပါးစပ်ထဲကပ်ကြေးထွက်လာသလိုယောင်္ကျားတွေလန့် သွားတတ်တယ်။ 

၉.   စကားမပြောဘဲနေခြင်းသည် မုန်းတီးရွံရှာမှုကိုပြသသည့် အထိရောက်၊အပြည့်စုံဆုံးဖော်ပြချက်ပင်ဖြစ်သည် ။

၁၀. မျက်ရည်များသည် ပူဆွေးသောကဖြစ်ကြောင်းကို ပြောသော အသံတိတ်ဘာသာစကားဖြစ်သည်။

၁၁. ကျွန်ုပ်တို့ သည် ပို၍ လေ့လာဆည်းပူးလေလေ၊ ကျွန်ုပ်တို့ မသိသေးကြောင်းမတတ်သေးကြောင်းကို ပို၍တွေ့ ရှိလေလေဖြစ်သည်။

၁၂. လူတယောက်သည် မည်မျှညံ့ဖျင်းညံ့ဖျင်း လိုအပ်မှုသည် သူ့ အား ဉာဏ်ပညာရှိလာအောင်သင်ကြားပေးပေလိမ့်မည်။

၁၃. အချစ်ဆိုတာဟန်ပြ ..လက်ထပ်တယ်ဆိုတာလည်းအလကား ယောင်္ကျားတွေဟာအိမ်တွင်းနပိုလီယန်၊နီးရိုး အလက်ဇန်ဒါးတွေပဲ ၊       ရှင့်အသည်းကို ပိုင်ပြီးရင်တခြားအသည်းတွေလိုက်ရှာမှာပဲ ။

၁၄. လူတစ်ယောက် ဘယ်လိုသေဆုံးသည်ဆိုသည်မှာအရေးမကြီး။ ဘယ်လိုနေထိုင်သည်သာအရေးကြီးသည် ။

၁၅. မလုပ်တတ်ကြောင်း များများပြောလေ မလုပ်တတ်လေ။

၁၆. ကောင်းကင်ကိုမော့ကြည့်ပါ--- ဒါပေမယ့် မြေကြီးနဲ့ ခြေထောက်မလွတ်စေနဲ့၊။

၁၇. သင်သည် အသက်ရှင်နေထိုင်ရန်အတွက် စားသောက်သင့်သည် စားသောက်ရန်အတွက် အသက်ရှင်မနေသင့် ။

၁၈. မိတ်ဆွေဆိုးထက်တော့ ရန်သူနဲ့ တွေ့ လိုက်ရတာပိုကောင်းတယ် ။

၁၉.တိုင်းပြည်နိုင်ငံများကိုသစ်များကျောက်များဖြင့်တည်ဆောက်၍မရ။နိုင်ငံသူနိုင်ငံသားတို့ ၏အကျင့်စရိုက်ကောင်းများဖြင့်သာတည်ဆောက်နိုင်ပါသည်။

၂၀. အရည်အချင်း ကောင်းမွန်တဲ့ မိန်းမဟာ သူ့ ခင်ပွန်းလင်အတွက် သရဖူပါပဲ ။

၂၁. ငြိမ်းချမ်းရေးကိုအင်အားဖြင့်ထိန်းသိမ်း၍မရနိုင် ။နားလည်သဘောပေါက်မှုဖြင့်သာပြုလုပ်နိုင်သည် ။

၂၂. စိတ်ပါဝင်စားမှုမရှိဘဲနှင့် မည်သည့်ကြီးမားသည့်အရာကိုမျှမရရှိနိုင် ။

၂၃. အမှန်တရားနဲ့ ဆီဟာ အပေါ်မှာပဲအမြဲနေတယ် ။

၂၄. အောင်မြင်ကျော်ကြားသောသူဖြစ်အောင်မကြိုးစားပါနှင့် ။တန်ဖိုးရှိသောသူဖြစ်အောင်သာ ကြိုးစားပါ ။

၂၅. မိန်းမ နှစ်မျိုးနှစ်စားရှိတယ် ။တမျိုးက မိန်းမ ၊ နောက်တမျိုးက ယောင်္ကျားမယား ။

၂၆. တယောက်နဲ့ တယောက်ခင်မင်မှုဆိုတာ လှည့်ကွက်တွေမပါတဲ့ မေတ္တာတရားပါပဲ ။

၂၇. ယောင်္ကျားနဲ့ မိန်းမ ခြားနားချက်က ယောင်္ကျားတွေလုပ်သမျှ မိန်းမတွေကလုပ်နိုင်တဲ့အပြင် ကိုယ်ဝန်ပါဆောင်ပေးနိုင်တာပဲ ။

၂၈. ကျးဇူးသိခြင်းဆိုသည်မှာ မြင့်မြတ်သောစိတ်၏ သင်္ကေတဖြစ်သည်။

၂၉. စေ့စပ်ဆွေးနွေးမှုဆက်လက်ပြုနေလျှင် တော်လှန်ရေးသည် ပျောက်ကွယ်သွားလိမ့်မည် ။

၃၀. အချိန်ကိုရွှေ့ ဆိုင်းမနေပါနှင့်။နှောင့်နှေးမှုများတွင် အန္တရာယ်များသော နိဂုံးများရှိသည်။
ဖတ်မိမှတ်ထားတာလေးတွေက်ုပြန်လည်ဝေမျှပေးလိုက်ပါတယ်...။အားလုံးကိုကျေးဇူးတင်ပါတယ်...။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့