Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 22 August 2012

*****ငါသေသွားသော် *****


ငါ၏ခန္ဒာ မပုပ်သိုးခင်
မျက်ကြည်လွှာထုတ်
အမြင်မချုပ်ခင်
လိုနေသူများ၊
အမြင်ကြည်၍
ကောင်းရာရှုစေ
ငါပေးဝေ၏ ။
ငါသေသွားသော်
ငါ၏ခန္ဒာ ငါ့ကလီစာအား
လျင်စွာထုတ်၍
လတ်ဆတ်နေစဉ်
အမြန်သုံးလော့
လိုနေသူများ ကျန်းမာစေ။
ဝေးရပ်တစ်မြေ
ငါ သွားသေသော်
လှုခွင့်မရ
လိုသူမရှိ ၊ မည်သူမသိ လည်း
မြေတွင်မြုတ်၍
သီးပင်စိုက်စေ ၊ မြေဆီသြဇာဖြစ်ပါရစေ။
ငါမသေခင်
ဟိရိသြတ္တပ ထိန်း ပါသော်လဲ
ငါသေပြီးနောက်
အိမ်ဟောင်းခန္ဒာ
ဆေးပညာအတွက်
လူများစွာရှေ့ အရှက်ကင်းစေ
အရေနွှာ၍ ရင်ကိုဖွင့်လည်း(လဲ)
ရဲရဲဝင့်ဝင့်ရှိပါရစေ ။

မနတ်သမီး
၅. ၆ .၂၀၁၂


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့