Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 22 August 2012

ခုနှစ်ရက်သားသမီးများ အတွက် ( ၂၁ .၈.၁၂) မှ ( ၂၆.၈.၁၂) ထိ တပတ်စာဗေဒင် ဟောစာတမ်း


ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ


တနင်္ဂနွေ သားသမီးများ၏ကံကြမ္မာ
နိုင်ငံရပ်ခြားနှင့်ပတ်သက်သောကိစ္စများလုပ်ကိုင်ရလိမ့်မည်။ နိုင်ငံခြားခရီးသွားရခြင်း၊မြန်မာပြည်ပြန်ရတတ်ခြင်း၊
လေယာဉ်ခရီး၊ပျော်ရွှင်သောခရီးသွားရခြင်းဖြစ်တတ်သည်။ကွန်ပြူတာဝင်ခြင်း၊ဖုန်းကောင်းသောပြောင်းခြင်းပြုလုပ်
ရတတ်သည်။ရွှေ၊ နာရီထွက်ပြီးလျှင်ပြန်ဝင်ခြင်းများဖြစ်လိမ့်မည်။ အလုပ်တွင်စိတ်တိုင်းမကျဖြစ်နေတတ်သည်။
အလုပ်ပြောင်းချင်စိတ်ပေါ်နေမည်။သို့သော်မပြောင်းလျှင်ပိုကောင်းမည်။ အစစအရာရာသည်းခံပြီးနေပါ။
ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ အစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး  ။ချစ်သူနှင့်အဆင်မပြေဖြစ်ခြင်း၊အိမ်ထောင်ရှင်များစကားများနေခြင်းဖြစ်နေတတ်သည်။
ယတြာ    ။ မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါင်မုန့်နို့ဆမ်းကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၆ ၆ ၃ ၆)




တနင်္လာ သားသမီးများ၏ကံကြမ္မာ
ရွှေဝင်ခြင်း၊ အလှူလုပ်ရခြင်း၊ အိမ်ခန်းပြုပြင်ပြောင်လဲခြင်း၊ ရွှေလက်စွပ်၊ စိန်လက်စွပ်အထားမှားတတ်ခြင်းဖြစ်
တတ်သည်။စာရွက်စာတမ်းသတိထားပါ။ ပျောက်တတ်သည်။ စာရွက်စာတမ်းကိစ္စ၊ စာအုပ်ကိစ္စများကြောင့်
စိတ်ညစ်စရာဖြစ်နေတတ်သည်။ငွေရေးကြေးရေးအတွက်သောကဖြစ်နေတတ်သည်။ ခင်မင်သောမိတ်ဆွေနှင့်
လမ်းခွဲရတတ်သည်။အလုပ်တွင်အတိုက်အခိုက်များနှင့်ရင်ဆိုင်နေရမည်။ သည်းခံပါ။
ကျန်းမာရေး။ အကြောနာခြင်း၊ ကိုက်ခဲနေခြင်းဖြစ်တတ်သည်။
အချစ်ရေး ။ချစ်သူရည်စား၏နားလည်ပေးမှု၊ကြင်နာမှုများနှင့်စိတ်ချမ်းသာနေရမည်။
ယတြာ   ။ မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပေါက်ပေါက်ပွင့်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၄ ၀)




အင်္ဂါ သားသမီးများ၏ကံကြမ္မာ
လာဘ်ကောင်းခြင်း၊ နိုင်ငံရပ်ခြားမှလက်ဆောင်ပစ္စည်းရောက်လာခြင်း၊ အလှူ၊ မင်္ဂလာပြုလုပ်ရခြင်း၊ ရွှေ၊ နာရီ
ဝင်ခြင်း၊ ငွေများစွာဝင်ခြင်း၊စီးပွားရေးကောင်းနေခြင်း၊လစာတိုးခြင်း၊ရာထူးတိုးခြင်းအပိုဝင်ငွေရခြင်းဖြစ်နေတတ်သည်။
ပျော်ရွှင်သောခရီးသွားရခြင်း ဖြစ်တတ်သည်။ ပြည်တွင်း၊ ပြည်ပခရီးဖြစ်တတ်သည်။
ကျန်းမာရေး။ အစားမှားပြီးဗိုက်အောင့်ခြင်းဖြစ်တတ်သည်။(အစားအသောက်သတိထားပါ)။
အချစ်ရေး ။ စန်းကောင်းနေသည်။ မိမိကိုစိတ်ဝင်စားသူများနေမည်။
               အိမ်ထောင်ရှင်များအစစအရာရာနားလည်မှုများနှင့်နေပါ။
ယတြာ ။ မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နွားနို့(၂)ခွက်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၀ ၆ ၄)




ဗုဒ္ဓဟူး သားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းဝင်ခြင်း၊ စာအုပ်ကောင်းလက်ဆောင်ရခြင်း၊ စနေနံပစ္စည်းများဝင်ခြင်းဖြစ်တတ်သည်။ အခန်းပြောင်ခြင်း၊
အိမ်ပြောင်းခြင်းဖြစ်တတ်သည်။ သူခိုးခိုးခံရတတ်ခြင်း၊ ငွေပျောက်ခြင်းဖြစ်တတ်သည်။ ဆိုင်ခန်းရောင်းရန်ခက်ခဲနေ
ခြင်း၊ ပေးစရာငွေများရှိနေခြင်း၊ရရန်ငွေများလည်း ရှိနေခြင်းဖြစ်နေမည်။ ဘာဘဲဖြစ်ဖြစ်မကြာခင်အဆင်ပြေသွားပါ
လိမ့်မည်။
ကျန်းမာရေး။ အဆုတ်အအေးမိခြင်းဖြစ်တတ်သည်။
အချစ်ရေး  ။မိမိကိုတဖက်သတ်ကြိုက်နေသူများနေသောကြောင့်စဉ်းစားမရဖြစ်နေတတ်သည်။
ယတြာ    ။ မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဒိန်ချဉ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၇ ၅ ၄ ၇ )




ကြာသပတေး သားသမီးများ၏ကံကြမ္မာ
အလုပ်များနေသောအချိန်ဖြစ်နေသည်။ ဆွေမျိုးသားချင်းများထဲမှကျန်းမာရေးမကောင်းသောကြောင့်ဆေးရုံ
ဆေးခန်းသွားလာခြင်း၊ပြုစုစောင့်ရှောက်ရခြင်းဖြစ်နေသည်။ ငွေများလဲကုန်နေမည်။ သို့သို့သော်ငွေဝင်ကောင်းခြင်း၊
အပိုဝင်ငွေရခြင်းဖြစ်နေမည်။ နိုင်ငံရပ်ခြားမှစက်ပစ္စည်း လက်ဆောင်ရတတ်သည်။
ကျန်းမာရေး။ သွေးတိုးခြင်း၊ ခြေထောက်နာခြင်းဖြစ်တတ်သည်။
အချစ်ရေး  ။ ဘ၀လက်တွဲဖေါ်ကောင်းရတတ်သည်။
ယတြာ    ။ မွေးနေ့နံနက်တွင်မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဖာလူဒါကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း (  ၆ ၅ ၃ ၄)




သောကြာ သားသမီးများ၏ကံကြမ္မာ
စီးပွားရေးကောင်းနေသည်။ လူမူရေးများလုပ်ရခြင်း၊ ဘာသာရေးနှင့်ပတ်သက်သောလုပ်ငန်းများလည်းလုပ်ကိုင်ရ
ခြင်းများဖြစ်နေသည် ။ရွှေဆွဲကြိုးဝင်ခြင်း၊ စက်ပစ္စည်းဝင်ခြင်းဖြစ်မည်။ကွန်ပြူတာနှင့်ပတ်သက်ပြီးစိတ်ညစ်စရာဖြစ်
နေလိမ့်မည်။ သို့သော်ကူညီပေးမည့်သူတွေ့ပြီးကောင်းသွားမည်။ပညာတခုသင်နေရင်းဆက်မသင်ဖြစ်တတ်ခြင်းဖြစ်မည်။
ကျန်းမာရေး။ ဖျားခြင်း၊ ချောင်းဆိုးခြင်းဖြစ်နေမည်။
အချစ်ရေး  ။ အစစအရာရာအဆင်ပြေနေမည်။
ယတြာ     ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ရွှေရင်အေးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၅ ၅ ၅)




စနေ သားသမီးများ၏ကံကြမ္မာ
အမိနိုင်ငံသို့အလည်အပတ်ပြန်ရခြင်း၊ မြေ၀င်ခြင်း၊ အမွေရစရာရှိကရတတ်ခြင်း၊ ကားကိစ္စနှင့်ပတ်သက်ပြီးစာချုပ်
စာတမ်းပြုလုပ်ရခြင်း၊ ကားအဟောင်းမှအသစ်လဲရခြင်းဖြစ်တတ်သည်။ ကွန်ပြူတာဝင်မည်။ ကြာသပတေးပစ္စည်း
များကြောင့် စိတ်ချမ်းသာမှုများဖြစ်နေမည်။စီးပွားရေးထင်သလောက်မအောင်မြင်သေးပါ။ လုပ်ငန်းမတိုးချဲ့ပါနှင့်။
ကျန်းမာရေး။ အမျိုးသားများလေထိုးလေအောင့်ခြင်း၊ အမျိုးသမီးများသားအိမ်ကျန်းမာရေးညံ့နေခြင်းဖြစ်တတ်သည်။
အချစ်ရေး  ။ စိတ်ရှုပ်ထွေးနေသည်။ စဉ်းစားရခက်နေသည်။
ယတြာ    ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားမုန့်လက်ဆောင်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း (  ၂ ၀ ၆ ၀)




*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
 
 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့