Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 19 October 2012

ADSL ကနဦး တပ်ဆင်ခ နှုန်းထားများအား ငွေကျပ် ၅ သိန်းကျော် လျှော့ချပေးမည်


မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်တာနက် အသုံးပြုမှုတွေ အတွက် ADSL ကနဦး တပ်ဆင်ခ နှုန်းထားတွေကို လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှ
စတင်ပြီး ဈေနှုန်း လျော့ချကာ နှုန်းထား အသစ်နဲ့ ပြောင်းလဲ သတ်မှတ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ပြောင်းလဲ သွားမယ့် နှုန်းထားဟာ ယခင် ကနဦး တပ်ဆင်ခ ခြောက်သိန်း ကျပ်ကို ယခုအခါ နှုန်းထား အသစ် အနေနဲ့ ငါးသောင်းကျပ် အဖြစ် ပြောင်းလဲပြီး သတ်မှတ် ထားတယ်လို့ သိရပါတယ်။

အခုလို နှုန်းထား များကို ပြင်ဆင် သတ်မှတ် မှုဟာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ နိုင်ငံနဲ့ အ၀ှမ်းမှာ အင်တာနက် အသုံးပြုနိုင်မှု တိုးတက် မြင့်မားလာ စေဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း အင်တာနက် အသုံးပြုသူများ သင့်တင့် မျှတတဲ့ နှုန်းထားနဲ့ အသုံးပြုနိုင်ဖို့ ADSL စနစ်ကို ယခုလို နှုန်းထားများ လျှော့ချမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

အဆိုပါ ADSL စနစ်အတွက် နှုန်းထား ပြောင်းလဲရာ မှာလည်း မြန်နှုန်း အလိုက် Class တွေကို A မှ E အထိ ခွဲခြား သတ်မှတ် ထားပြီး ကနဦး တပ်ဆင်ခ အနေနဲ့ ကတော့ ငွေကျပ် ငါးသောင်း ဖြစ်ပြီး လစဉ်ကြေး ပေးသွင်းမှု မှာတော့ မြန်နှုန်း အလိုက် ပေးသွင်းရမှာ ဖြစ်ကာ မြန်နှုန်း အမြင့်ဆုံး Class E(2.5)Mbps အတွက် လစဉ်ကြေး သတ်မှတ်မှု ဟာတော့ ငွေကျပ် ရှစ်သောင်း ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့