Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 13 October 2012

ပြည်သူ(၄၀၀)ကျော် စစ်တွေဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးရှေ့၌ ဆန္ဒထုတ်ဖော်

စစ်တွေမှ  ရခိုင်လူမျိုးများ အပါအ၀င် မာရမာကြီးနှင့် ဟိန္ဒူလူမျိုးများမှာ စစ်တွေမြို့ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံး ရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ယနေ့ အောက်တိုဘာလ (၁၂)ရက်နေ့ နေ့လည်ပိုင်းတွင် ရခိုင်နှင့်၊ မာရမာကြီး၊ ဟိန္ဒူလူမျိုး အပါအဝင် အင်အား (၄၀၀) ကျော်မှာ ဘင်္ဂလားဒေရှ် ကောင်စစ်ဝန်ရုံးရှေ့၌  နာရီဝက်အကြာ ငြိမ်သက်စွာံ ဆန္ဒ္ဒထုတ်ဖော် ခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော်ရခြင်း၏ ရည်ရွယ်ချက်မှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စက်တင်ဘာ(၂၂)ရက်နေ့ ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာ အဆောက်အဦးများ ပျက်စီးခံရမှုနှင့် ပတ်သက်၍ ကန်ကွက် လိုသည့်အတွက် စစ်တွေမြို့မှ ရခိုင်လူမျိုး မာရမာကြီးနှင့် ဟိန္ဒူလူမျိုးများက  စုပေါင်း ဆန္ဒထုတ်ဖော် ခဲ့ခြင်းဖြစ်သည်။

မာရမာကြီးဆိုသည်မှာ ရခိုင်မျိုးနွယ်ဝင်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်းနေထိုင်ကြသည်။ အဆိုပါဆန္ဒထုတ်ဖော်မှုမှာရခိုင်ပြည်နယ်တွင်တတိယမြောက်ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

မြစ်မခ
by Myit Makha Mediagroup



No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့