Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 October 2012

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌမှ အမေရိကန် ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာ ရှင်းပွဲပြုလုပ် ခဲ့


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ လပိုင်း အတွင်းက သွားရောက်ခဲ့တဲ့ အမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီး
သတင်းစာ ရှင်းလင်းပွဲကို အောက်တိုဘာလ ၈ ရက်နေ့က ရန်ကုန်မြို့ရှိ အဆိုပါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ပြုလုပ်ခဲ့ ပါတယ်။ အဲ့ဒီ သတင်းစာ ရှင်းလင်းပွဲ မှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ မြန်မာနိုင်ငံကို တစိုက် မတ်မတ်နဲ့ ကူညီပေးခဲ့တဲ့ မိတ်ဆွေ များကို ကျေးဇူးတင် စကားပြောကြား ခဲ့ကြောင်းနဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ လိုအပ်ချက် တွေကို ပြောကြားဖို့ အတွက် သွားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် လက်ရှိမှာ မြန်မာနိုင်ငံကို ရင်းနှီး မြှုပ်နှံမှုများ အများအပြား ကမ်းလှမ်းမှုများ ရှိနေပြီး ဒီလို ကမ်းလှမ်းမှု များကို ချင့်ချိန်ပြီး စဉ်းစားဖို့ လိုအပ် ကြောင်းလည်း ပြောကြား ခဲ့ပါတယ်။ ဒါတင်မကဘဲ လက်ရှိ မြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကို မြှင့်တင်ဖို့ လိုအပ်ကြောင်းနဲ့ ရန်ကုန် တက္ကသိုလ် ကိုလည်း ပြန်လည် ရှင်သန်ဖို့ လိုအပ်ကြောင်း အစရှိတာ တွေကို ပြောကြား ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သတင်းစာ ရှင်းလင်းပွဲ ကိုတော့ ပြည်တွင်း၊ ပြည်ပမှ မီဒီယာ သမားများ တက်ရောက်ခဲ့ပြီး မီဒီယာများရဲ့ မေးမြန်းမှုများကို ပြန်လည် ဖြေကြားမှုများ ပြုလုပ်ခဲ့ ပါတယ်။

ဒီလို အမေးအဖြေ ပြုလုပ်ရာမှာ မီဒီယာ များက လက်ရှိ သမ္မတ ဦးသိန်းစိန် အနေနဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌအား ပြည်သူများက သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ပါက သမ္မတ ဖြစ်ခွင့်ရှိမှုနဲ့ ပတ်သက်ပြီး မေးမြန်းမှု အပေါ် အဖွဲ့ချုပ် ဥက္ကဋ္ဌမှ မိမိ အနေနဲ့ နိုင်ငံရေး ပါတီတစ်ခုရဲ့ ခေါင်းဆောင် ဖြစ်တာကြောင့် ပြည်သူလူထုက လိုလားပါက လုပ်နိုင်ကြောင်း ပြန်လည် ဖြေကြား ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး အမေရိကန် ခရီးစဉ်ကို သွားရောက် ခဲ့တာဖြစ်ပြီး အဆိုပါ ခရီးစဉ်မှာ ကွန်ကရက် လွှတ်တော်က ချီးမြှင့်တဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို တက်ရောက် ရယူခဲ့ ပါတယ်။ ဒါ့အပြင် အမေရိကန် သမ္မတ အပြင် အခြား တာဝန်ရှိသူ တွေနဲ့လည်း တွေ့ဆုံမှု ပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့