Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 20 October 2012

ကာရာအိုကေ ဆိုင်များ၌ သီချင်း သုံးစွဲမှု အပေါ် မူပိုင်ခွင့် အတွက် ဆွေးနွေးလျက်ရှိ


မြန်မာနိုင်ငံ ဂီတ အစည်းအရုံး ဗဟိုနဲ့ ကာရာအိုကေ လုပ်ငန်းရှင်များ တွေ့ဆုံကာ အဆိုပါ ကာရာအိုကေ လုပ်ငန်းများမှာ အသုံးပြုတဲ့ သီချင်းများ အပေါ်
မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များ အတွက် တွေ့ဆုံ ဆွေးနွေးမှုကို အောက်တိုဘာလ ၁၉ ရက်နေ့က မဟာသန္တိသုခ ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ ပါတယ်။ ဒီလို သီချင်းသုံးစွဲမှု အပေါ် မူပိုင်ခွင့် အတွက် ဆုံးဖြတ်ရာမှာ သီချင်း အပုဒ်ရေ အပေါ် မူတည်ပြီး ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဆွေးနွေးမှု အရ ကာရာအိုကေ လုပ်ငန်းရှင်များ အနေနဲ့ သီချင်းများ ရဲ့ မူပိုင်ခွင့် အဖိုးအခများ ပေးဆောင် မှသာ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှ လုပ်ငန်း သက်တမ်းတိုး အတွက် ထောက်ခံချက်များ ပေးအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မူပိုင်ခ ပေးဆောင် ရာမှာတော့ သီချင်း တစ်ပုဒ် အတွက် ရရှိမယ့်ငွေကို တေးဆို၊ တေးရေး၊ တီးခတ်သူ၊ ထုတ်လုပ်သူနဲ့ စက်မှုပိုင်း ဆိုင်ရာ စတဲ့ အပိုင်း ၅ ပိုင်းမှ ခွဲဝေရရှိမှာ ဖြစ်ပါတယ်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုမှာ ကာရာအိုကေ လုပ်ငန်ရှင်များ မှလည်း လုပ်ငန်းအတွင်း အသုံးပြုဖို့ အဆင်ပြေတဲ့ စနစ်များနဲ့ အခွေကို သီးသန့် ထုတ်ဝေ ပေးကာ သီချင်းများရဲ့ မူပိုင်ခွင့် ငှားရမ်းမှု ဆောင်ရွက်စေဖို့ ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ပြန်လည် ဆွေးနွေး လျက်ရှိတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့