Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 19 October 2012

***ကျနော့်ရည်းစား သူများချစ်သူ***


ဟိုင်း              ဟိုင်းတဲ့ ကျနော် အင်တာနက်လေးဖွင့်လိုက်တော့   ကျနော်ကလဲ ဟိုင်းပါ နုတ်ဆက်လိုက်ပါတယ်
    သူက ခင်လို့ရလားတဲ့- ကျနော်က ရပါတယ်  ယူကဘယ်ကလဲ မေးတော့ သူက ရန်ကုန်ကပါတဲ့၊ ဒီလိုနဲ့စကားတွေ
   ပြောဖြစ်ကြတယ်၊ သူ့က ဟိုင်း နေအုံး အပြင်မှာ ဖုန်းနဲ့ပြောမယ်တဲ့ ကျနော်က အိမ်မှာဖုန်းရှိလားလို့မေးတော့
    အိမ်မှာ ဟုတ်ဘူး အိမ်နဲ့နီးနီးလေးတဲ့ ဖုန်းဆိုင်က ကျနော် ချက်ခန်းကနေသူ့အိမ်ကိုသွားအိမ်လေးမှာလက်ဆောင်လေး
   ပေးခဲ့ကြောင်းပြောပြတော့ သူက လက်ဆောင်လေးတွေအရမ်းသဘောကျတာပဲ တဲ့ နောက်လဲပို့ပေးအုံးနော် တဲ့
   သိပ်မကြာလိုက်ဘူးလေ ဖုန်းလာတယ် ဖုန်းကိုင်လိုက်တော့ ကျနော့်အကြောင်းကိုမေးတယ် နာမည်ဘယ်လိုခေါ်လဲတဲ့
   ကျနော် က နွေနှင်းမောင်ပါလို့ပြော သူက ဟယ် မိန်းမနာမည်ကြီးတဲ့လေး ကျနော်က ဟုတ်ဘူး ယောကျာ်းနာမည်ပါပေါ့
   ဘယ်သူပေးထားလဲ မေးတော့ ကျနော်က ဖေဖေက တက္ကသိုလ်ဘုန်းနိုင်ရဲ့ဝတ္ထုတွေဖတ်တယ်လေ ဘယ်စာအုပ်လဲတော့
   မသိတော့ဘူး  အဲ့ဒီစာအုပ်ထဲမှာ ဇာတ်လိုက်နာမည်က နွေနှင်းမောင်တဲ့ အဲ့ဒီနာမည်ကြိုက်လို့ပေးထားတာလို့ပြောတော့
  သူက အော် ထားပါတော့တဲ့၊  အလုပ်အကြောင်းရော အကုန်လု့းံပြောပြလိုက်တယ် သူ့ကိုလဲ မေးလိုက်တောသူက
  နယ်ကပါတဲ့ ရန်ကုန်မှာ အလုပ်လုပ်နေတာတဲ့လေ မိဘအကြောင်းတွေ မောင်နှမဘယ်နှစ်ယောက်ရှိတယ်ဆိုတာက အစ
    အကုန်ပြောပြတယ်၊  နာမည်က ....တဲ့၊
                      နောက်တစ်နေ့မှာဖုန်းဆက်ခဲ့တယ် ဘယ်သူလဲ ..လားလို့မေးတော့ ဟုတ်ဘူး ညီမပါတဲ့ ..ရဲ့ညီမတဲ့
  ကျနော် လဲ နှစ်ယောက်မှန်းမသိဘူးလေ ဒီတော့ နည်းနည်းတွေဝေသွားတယ်၊ ဓာတ်ပုံပြပါလားလို့မေးတော့ ဆိုဒ်ထဲဘယ်သူ့
   အိမ်မှာရှိတယ် နှစ်ယောက်တွဲ နောက်ကဟာတဲ့ အသားဖြူဖြူ ဆံပင်တိုတို  နီနီ  အရပ်က 5ပေ 4လက်မတဲ့၊ ကျနော် သွားကြည့်
   လိုက်ပါတယ် ဟုတ်တယ် သူပြောတဲ့အတိုင်းပါပဲ               နောက်တစ်နေ့မှာဖုန်းဆက်ခဲ့ပြန်တယ်  ခုဘယ်သူလဲ မေးတော့ ..
  လေတဲ့ မနေ့ကဖုန်းဆက်သေးလားလို့မေးတော့ ဆက်ပါဘူးတဲ့ ကျနော်က ဆက်တယ်နော် ...ဟုတ်ဘူးလားလို့မေးတော့
  ဟုတ်ဘူး ....နေမှာတဲ့ သူက ညီမညီမလို့သုံးတယ်မလားတဲ့၊ ကျနော် က နင့်ညီမလားလို့မေးတော့ ညီမကော ရှိတယ်မလား
   လို့မေးတော့ သူက ညီမရှိတယ်တဲ့ နယ်မှာနေတာ အင်တာနက်သုံးတတ်ဘူးလေတဲ့   မနေ့ကဟာက သူ...နေမှာတဲ့အဲ့ဒါ သူ့
   သူငယ်ချင်း သူ့ကိုအကောင့်ဖွင့်ပေးတဲ့သူတဲ့ နာမည်က.....တဲ့ ဒါနဲ့သူတို့က နှစ်ယောက်ဆိုတာသိလိုက်ရတယ်၊
        ဒီလိုနဲ့ နောက်တစ်ယောက်က ဘယ်တော့မှာ ဖုန်းမဆက်ခဲ့တော့ဘူး သူနဲ့နေ့တိုင်းလိုလိုဖုန်းပြောဖြစ်ကြခဲ့တယ်
   နောက်ပိုင်းဖုန်းပြောရင်ကြာလာတတ်တာမို့  ကျနော် က ....ရေ  နင့်အလုပ်က ည ၈ ၃၀မှာ ဆင်းတာဆိုတော့
  နောက်ဆို ၁၁နာရီထိုးပြီးမှဖုန်းဆက်နော် ဒီဖုန်းလိုက်ရက် မအားဘူးကများနေတယ် လို့ပြောတော့ သူက အင်းပါ  ဘာဖြစ်လို့လဲ
  မေးတော့ ...နဲ့ဖုန်းပြောရင်ကြာတယ်လေ အဲံ့ဒီတော့ ဖုန်းက ည၁၁နာရီကနေ မနက် ၇နာရီအထိ တစ်မိနစ်မှာ ၂၅ ကျပ်လေ
  ကျန်တဲ့အချိန်ဆို ၅၀ဆိုတော့ သက်သာတယ်လို့ပြောပြလိုက်တယ် ၊ သူကလဲ အင်းပါ ရပါတယ် ဖုန်းအားရင် မက်ဆေ့ပို့လိုက်
   မယ်တဲ့ ၊ ကျနော် က အင်းဆိုပြီး စကားပြောပြီးဖုန်းချလိုက်တယ်၊
         အစကတော့ ဘာရယ်မဟုတ်  နောက်တော့ဇာတ်လမ်းက တဖြေးတဖြေးမျှောလာတော့ ရင်ထဲမှာ သံယောဇဉ်လေးတွေ
    တွယ်ငြိလာတယ် သူကလဲ ပုမှန်လိုလို ဖုန်းဆက်တဲ့အခါလဲ ဆက်တယ် မက်ဆေ့ပို့တဲ့အခါလဲပို့နဲ့ သူစိတ်ညစ်တဲ့အခါ အလုပ်ထဲ
    အဆင်မပြေတဲ့အခါ   နေလည်ပိုင်းလဲ ဖုန်းဆက်ပြီးပြောပြတယ်၊ ဒီလိုနဲ့တစ်နေ့မှာတော့   သူ ပြာယာခတ်ပြီး နေ့လည်ပိုင်းလောက်
    မှာဖုန်းဆက်ခဲ့တယ် တရှုပ်ရှုပ်နဲ့ဘာဖြစ်လို့လဲ မေးတော့  သူ့ သူငယ်ချင်း အိမ်ထောင်ကျသွားပြီး တဲ့ သူအတူရန်ကုန်မှာ အလုပ်လာ
   တုန်းကအတူတူလာခဲ့တဲ့သူငယ်ချင်း သူ့ကိုတော့ ရည်းစားထာမယ်ပြောတော့ တစ်ပတ်လောက်မခေါ်ပဲ နေခဲ့တယ် သူက အိမ်ပြန်
    သွားပြီးသိပ်မကြာဘူး အိမ်ထောင်ပြုသွားတယ်ဆိုတော့ စိတ်ထိခိုက်လို့ပါတဲ့၊ ကျနော်က သူဟာသူရသွားတာပဲ ကိုယ့်သူငယ်ချင်း
    အိမ်ထောင်ကျသွားတာဆိုတော့ ၀မ်းသာရမှာပေါ့ပြောပြပါတယ် သူက တော်ပြီ  ငါ့ဘက်ပြောပေးမယ်မှတ်လို့ဖုန်းဆက်မိတာမှားပါ
    တယ်လို့ပြန်ပြောတယ် ဒါနဲ့ကျနော် မိန်းကလေးလားလို့မေးတော့ အင်းတဲ့ ကျနော်က အကောင်းပြောပေးတာပါ ကိုယ်လဲ တစ်နေ့
ျအိမ်ထောင်ကျအုံးမှာပဲလေ ..ဘက်ကနေ ကူပြောပေးရင်ဘယ်ကောင်းမလဲ လက်ရှိအချိန်လေးမှာ ..စိတ်သက်သာပေမဲ့  ...ကို
   မကောင်းတဲ့စိတ်ကိုအားပေးသလိုဖြစ်သွားမယ်လေ  ဒါကြောင့်သူတို့ကိုနားလည်ပေးပြီး ခွင့်လွှတ်လိုက်ပါလို့ပြောပြလိုက်တယ်
    နောက်သိလိုက်ရတာက သူ့သူငယ်ချင်းကောင်မလေးရသွားတဲ့ကောင်းလေးက သူနဲ့ကျောင်းနေဘက် ငယ်ရည်းစား အိမ်ကသဘော
    တူထားတဲ့သူတဲ့ သေရော.၊
          ကျနော် နောက်မှအစ်မေးမှသိရတာပါ  သူနဲ့စောစောကောင်းလေး အကြောင်းအကုန်လုံးပြောခဲ့တယ် ခုအဆက်သွယ်မရှိတော့
   ဘူးတဲ့ ငါ့ကိုလဲမဆက်သွယ်နဲ့ ခုဆက်တဲ့ဖုန်းနံပါတ်လဲ မဟုတ်တော့ဘူး အလုပ်လဲပြောင်းတော့မှာ တစ်သက်လုံးအဆက်မလုပ်နဲ့လို့
   ပြောလိုက်တယ်တဲ့  ကျနော်ယုံကြည်ခဲ့ပါတယ်၊ ကျနော်ရည်းစားရှိာလးမေးတော့ ခုနက အကြောင်းလေးပြောပြတယ်၊ သူစိတ်မကောင်း
  ဖြစ်ပြီး ငိုခဲ့သေးတယ် ၊ အဲ့ အချိန်မှာ ကျနော် လဲ ငိုမိတယ် ကျနော် က သူတစ်ပါးရဲ့ပထမဆုံးဖြူစင်တဲ့အချစ်ခြင်း မေတ္တာကိုမရတာ
  ရယ် သူ့အတွက်စိတ်မကောင်းဖြစ်တာရယ်ရောနှောပြီး ငိုလိုက်မိတယ်၊ ကျနော်မငိုနဲ့ငိုတာမကြိုက်ဘူး ပြောတော့ သူမငိုတော့ဘူးတဲံ့
   ကိုယ့်အပေါ်ရက်စက်တဲံ့သူ အတွက်ဘာဖြစ်လို့ငိုနေအုံးမှာလဲ ဆိုပြီးတော့အငိုရပ်သွားတယ် ကျနော်က ချစ်သူအဖြစ်လက်ခံဖို့ စိတ်ကူး
  ချိန်မှာ သူက သူ့ရဲ့ရည်းစားဟောင်းအတွက် ကိုယ့်ရှေ့မှာ လာငိုပြတာကိုလက်ခံဖို့မဖြစ်နိုင်လို့လဲပါတယ် ကျနော် စိတ်ပေါက်ပေါက်နဲ့
ပြောလိုက်မိတယ် ငါ့ရှေ့လာငိုမပြဖို့၊
          နောက်တစ်နေ့ သူအလုပ်ထဲသွားနေတဲ့အချိန်မှာ သူ့အိမ်က သူ့မေမေဖုန်းဆက်တယ် တဲ့ သူမရှိတော့သူ့ငယ်ချင်းတွေက
 ညညဆို၁၂နာရီတစ်ချက်လောက်မှအိပ်တာ ဖုန်းပြောပြောနေတာ လို့ပြောပြလိုက်ကြတယ် အဲ့ဒီညကျနော်လဲ ဖုန်းမဆက်ဖြစ်ဘူးလေ
 အဲ့ဒီနောက်တစ်နေ့မှာ လိုင်းပေါ်ကိုချိန်းလိုက်တယ် သူလာပါတယ် လိုင်းမကောင်းလို့ စကားသိပ်မပြောလိုက်ရဘူး၊ သူက အဲ့ဒီနေ့မှာ
 ဈေုးဝယ်ထွက်တယ် မယ်လမုဘု၇ားမှာဗေဒင်သွားမေးတယ်တဲ့ ခုညလဲ ဖုန်းမဆက်ဖြစ်ခဲ့ဘူး ကျနော့်ဆိမှာ မိုးတွေရွာပြီးလျပ်စီတွေ
 လက်နေလို့၊
             နောက်နေ့မှာ ဖုန်းဆက်တော့ သူက အရင်ပြောတယ် သူညအိပ်မက်တယ်တဲ့ကျနော့် ဖွားဖွားနဲ့ကြိးကြီးက သူနဲ့သဘောမတူ
ဘူး အဆက်အသွယ်မလုပ်နဲ့လို့ပြောပါတယ တဲ့ သူက အဲ့ဒီအချိန်မှာ အရင်က ကျနော် ပြောပြတဲ့နတ်သားလး နတ်သမီးလေးပုံပြင်
လေးကိုသတိရမိပါတယ်တဲ့ ပုံပြင်လေးတော့ မပြောတော့ပါဘူး၊ အဲ့ဒီည သူကျနော့်စိတ်ဓာတ်တွေကို သူသိထားတဲ့မေးခွန်းတွေနဲ့စမ်း
တတ်ပါတော့တယ် ကျနော့်အဖြေတွေက သူ့စိတ်ကြိုက်တွေချည်းဖြစ်နေတယ်  သူက မေမေပြောတယ်တဲ့ ညညဆိုဘာလုပ်နေတာလဲ
ဖုန်းဆက်ဆက်နေတာဆို ကိုယ်မမြင်ဘူးတဲ့သူကို သဘောမတူဘူးလို့ပြောတယ်တဲ့  သီတင်းကျွတ်ရင် ပြန်လာခဲ့ ဟိုကောင်းနဲ့လက်ထပ်
ပေးမယ်လို့ပြောေ့ကြာင်းပြောပြတယ် သူ့မေမေက သှူုငယ်ရည်းစား အိမ်ထောင်ကျသွားတာ မသိသေးဘူးလို့တော့ပြောတယ်
သီတင်းကျွတ်ပြန်လာရင် အကြိုးအကြောင်းပြောပြီး တပို့တွဲလလောက်မှာလက်ထပ်ပေးမယ်လို့ပြောကြောင်း ကျနော့်ကို ပြောပြတယ်
ကျနော် ငယ်ရည်းစားက တကယ်ပဲ အိမ်ထောင်ကျသွားပြီးလား လို့မေးတော့ သူက ဖုန်းဆက်တာ အိမ်ထောင်ကျပြီးပြီ ပြန်ပြောတယ်
လို့ပြောတာပဲ ၊ သှူုရဲ့သံယောဇဉ်တွေ ကျန်ရှိနေသေးတာကို ကျနော် သတိထားမိပါတယ်၊ သူက ပြောတယ် သီတင်းကျွတ်အိမ်မပြန်တော့
ဘူးတဲ့ ရန်ကုန်မှာပဲ နေတော့မယ်လို့ပြောတယ် အရင်အချိန်တွေမှာ စကားပြောရင်း နယ်လွန်အောင် ပြောခဲ့မိကြတယ် မင်္ဂလာဆောင်
အထိပါခဲ့တယ် ၊
       သူနေမကောင်း ရင်လဲ ကျနော်ဆီဖုန်းဆက်ပြီူး ပြောပြတယ်ဆေးခန်းသွားမယ်ဆိုရင်လဲ ခု ဆေးခန်းသွားမဲ့အကြောင်းပြောပြတယ်
ကျနော်နေမကောင်းဖြစ်တော့သူစိတ်မကောင်းဖြစ်ပြီး သူ အလုပ်ထဲကနေ တစ်ကြိမ် ၁၁နာ၇ီထိုးပြီးတစ်ကြိမ်ဖုန်းဆက်မေးတယ် ၁၁ထိုး
ပြီး ဖုန်းဆက်တော့ ကျနော်ကသက်သာလာပြီး ပြောတယ် သူက အိမ်ကကြိးကြီးတို့ဆေးခန်းလိုက်ပို့လားလို့မေးတယ် ကျနော်က လိုက်
ပို့တယ် သက်သာလာပြီး စိတ်မပူနဲ့ဆိုပြန်ပြောတယ် အဲ့ဒီအချိန်မှာ သူက ဘာကြားတာလဲ မသိကျနော်ကပဲ ပြောလိုက်မိလားမသိဘူး
အလေးအနက်မထားပါနဲ့ ပြောပြလိုက်မိတယ်တဲ့ သူစိတ်မကောင်းဖြစ်ပြီး ချက်ချင်းငိုပါတော့တယ် ကျနော်ကဘာဖြစ်ပြန်တာလဲလို့မေး
တော့ သူက စိုးရိမ်လို့မေးတာ ကိုအလေ့နက်မထားနဲ့ဆိုပြီးပြန်ပြောလို့ပါတဲ့  သူ့ကိုငယ်ရည်းစားက ပြစ်ထားတဲ့အဖြစ်မျိုးနောက်ထပ်
မကြုံချင်တော့သူ့မိုံ့ကျနော် ခုလိုပြန်ပြောတဲ့ အတွက်စိတ်ထိခိုက်လို့ငိုတာပါလို့ပြေပြတယ် အဲ့ဒီနောက်ပိုင်းမှာ သူဘက်စမ်းသပ်မှုတွေ
ဆက်တိုက်မပြတ်ပြုလုပ်ပါတော့တယ် ၊
         တကယ်လို့ သူ့ငယ်ရည်းစားက အိမ်ထောင်မကျသေးဘူးဆိုရင် သူ့မေမေက သေချာတယ် လာမဲ့တပို့တွဲလမှာ သူ့ကိုအိမ်
ထောင်ချတော့မှာ ကျနော်က ဘာပဲ ဖြစ်ဖြစ် နောက်တစ်နှစ်လောက်တော့စောင့်ပေးပါလို့ တောင်းဆိုလိုက်တယ် ဆက်ပြီး ဘာလုပ်ရမယ်
ဆိုတာကျနော် ပြောမပြတတ်တော့ဘူးဗျာ အရာအားလုံးက သူ့အပေါ်မှာပဲ မူတည်လာပြီလို့ကျနော်ထင်တယ် ကျနော် ဘာဆက်လုပ်ရ
မလဲ ဘာဆက်လုပ်ရမလဲ?;;;;;;;;;;;;;;;လဲ?;;;;;;;;;;;;;;;လဲပေါင်းများစွာနဲ့ ကျနော့်ရည်းစားသူများချစ်သူဖြစ်နေခဲ့ပြီကော။
                    ( အမှားပါရသီးခံပြီးဖတ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်)
         အားလုံးကိုလေးစားလျက်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့