Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 October 2012

ဆိုင်ကယ်စီးနင်းရန် ခွင့်ပြုထားသည့် သက်ဆိုင်ရာ ဌာနရှိ ၀န်ထမ်းများ စည်းကမ်း ချိုးဖောက် ပါက ကြပ်မတ်စွာ အရေးယူ ဆောင်ရွက် သွားမည်


ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့ရုံးမှ သတင်းများ အရ လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ တရားဝင် ဆိုင်ကယ် စီးနင်း ခွင့်ပြုထားတဲ့ သက်ဆိုင်ရာ
ဌာနဆိုင်ရာ များက ၀န်ထမ်းများ ဆိုင်ကယ် စီးနင်းရာမှာ သတ်မှတ် စည်းကမ်းချက်များ ချိုးဖောက် ပါက ကြပ်မတ်စွာ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ဖို့ အတွက်ကို ရန်ကုန်တိုင်း ဒေသကြီးရဲ့ လမ်းပန်း ဆက်သွယ်ရေး ၀န်ကြီး မှလည်း ညွှန်ကြား ထားပြီး ဖြစ်ပါတယ်။

ဒီလို တရားဝင် ဆိုင်ကယ် စီးနင်း အသုံးပြု ခွင့်ပြု ထားတဲ့ သက်ဆိုင်ရာ ဌာနဆိုင်ရာ များမှ ၀န်ထမ်းများဟာ နှစ်ယောက် စီးနင်းခြင်း၊ တာဝန်ရှိသူ မှလွဲပြီး အခြား ပုဂ္ဂိုလ်များ စီးနင်းခြင်းနဲ့ ဆိုင်ကယ်စီး ဦးထုပ် ဆောင်းပြီး စီးနင်းမှု မရှိတာတွေကိုပါ အရေးယူ သွားမှာ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ တရားဝင် ဆိုင်ကယ် စီးနင်းခွင့် ပြုထားတဲ့ ဌာနဆိုင် ရာများ ကတော့ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနဲ့ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့ အစရှိတဲ့ ဌာနဆိုင်ရာ နှစ်ခုကိုသာ တရားဝင် စီးနင်းခွင့် ပြုထား သေးတာ ဖြစ်ပါတယ်။

ဒီလို စီးနင်းခွင့် ပေးထားခြင်းမှာ အဆိုပါ ဌာနဆိုင်ရာ နှစ်ခုရဲ့လုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက် နိုင်ဖို့ အတွက် အခုလို ဆောင်ရွက် ပေးထားတာ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ တရားဝင် ဆိုင်ကယ် စီးနင်းခွင့် ရရှိမှု မှာတော့ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ အစီးရေ ၃၃ စီးနဲ့ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ အနေနဲ့ ၆၅ စီး၊ စုစုပေါင်း အစီးရေ တစ်ရာ နီးပါးကို စီးနင်းခွင့် ပေးထားတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့