Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Friday 19 October 2012
နိဗ္ဗာန်အဟုတ်မက်ပေမယ့် နှုတ်ဆက်ရအုံးမယ်
သတ္တ၀ါတိုင်းဟာ ဖြစ်လေရာ ဘ၀၊ ရောက်လေရာအရပ်မှာ ချမ်းသာချင်ကြတာချည်းပါပဲ၊ ဒါပေမယ့် လက်တွေ့မှာ ဆင်းရဲနေကြရတာကတော့ ဘ၀ရည်မှန်းချက်နဲ့ လမ်းစဉ်တွေ လွဲမှား ကြလို့နဲ့ တူပါရဲ့။ ချမ်းသာခြင်းဆိုတာကလည်း အဓိပ္ပါယ်အမျိုးမျိုး ကောက်ယူနိုင်တာကိုး၊ ဒါမှမ ဟုတ် ချမ်းသာစစ် ချမ်းသာမှန်ကို ရှာမတွေ့သေးလို့လည်း ဖြစ်နိုင်ပါတယ်။
စာပေတွေထဲမှာက” လူ၊နတ်၊နိဗ္ဗာန်(၃)တန်ချမ်းသာ”လို့ မှတ်တမ်း ရှိပါတယ်။ အဲဒီထဲမှာ လူချမ်းသာ၊ နတ်ချမ်းသာဆိုတာတွေက ဝေဒယိကသုခ=အာရုံခံစားမှု ချမ်းသာတွေဖြစ်ပြီး နိဗ္ဗာန်ချမ်းသာ ဆိုတာကတော့ သန္တိသုခ=အာရုံခံစားမှုမဖက် ငြိမ်းအေးချမ်းမြေ့မှု သက်သက်လို့ ဖွင့်ဆိုဖော်ပြကြပါတယ်။ ဝေဒယိကသုခ ကာမရသ=(လိုချင်နှစ်သစ်ဖွယ် ရှိပါပေစွလို့ ကပ်ငြိ တွယ်တာမှု)ကို ဖြစ်ပေါ်စေပြီး သန္တိသုခကတော့ ၀ိမုတ္တိရသ=(လွတ်လပ်ပါပေစွလို့ ရွှင်လန်း ချမ်းမြေ့မှု)ကို ဖြစ်ပေါ်စေပါတယ်။ ကာမရသဟာ ဆင်းရဲပင်ပန်းခြင်း များစွာနဲ့ ရောပြွမ်းနေပြီး၊ ၀ိမုတ္တိရသကတော့ ဆင်းရဲပင်ပန်းမှု ဟူသမျှ လုံးဝကင်းလွတ်နေပါတယ်။ ဒါကြောင့် သူတော် ကောင်းသူမြတ်တွေက ‘နိဗ္ဗာန်’ ဟာ ချမ်းသာစစ် ချမ်းသာမှန်လို့ ဟောညွှန်ကြခြင်းဖြစ်ပါတယ်။
နိဗ္ဗာန်ဆိုတာ နိဗ္ဗာနဆိုတဲ့ ပါဠိက ဆင်းသက်လာတဲ့ ပါဠိသက်မြန်မာဝေဟာရ တစ်ခုပါ။ နိဗ္ဗာနဆိုတဲ့ ပါဠိပုဒ်ရင်းဟာ မရှိခြင်း၊ လွတ်မြောက်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ ‘နိ’ နဲ့ လိုချင်တပ် မက်မှု တဏှာလို့ အဓိပ္ပာယ်ရှိတဲ့ “၀ါန” ပုဒ် ၂ ခု ပေါင်းစပ်ထားတာပါ။ (နိ+၀ါန=နိဗ္ဗာန)။ ဒါကြောင့် နိဗ္ဗာန်ရဲ့ လိုရင်းအဓိပ္ပာယ်ဟာ “တဏှာမှ ထွတ်မြောက်ခြင်း၊ တဏှာမရှိခြင်း”ပဲ ဖြစ် ပါတယ်။
နိဗ္ဗာန်ဟာ အရာရာတိုင်းက လှပတင့်တယ်ပြီး ရောက်တဲ့သူတိုင်းက အမြဲပျှော်ရွှင် နေကြတဲ့ နေရာကောင်းတစ်ခု၊ ကောင်းကင်ဘုံတစ်ခုမဟုတ်ပါ။ နိဗ္ဗာန်ဟာ နေရာဌာန ဘုံ နန်းပြာသာဒ် တစ်ခု မဟုတ်ပေမယ့် နိဗ္ဗာန်ချမ်းသာကို မဂ်ဥာဏ် ဖိုလ်ဥာဏ်ရသူတိုင်း ကိုယ် တွေ့ခံစားနိုင်ပါတယ်။ အာရုံခံစားလိုမှုတွေကို ဖြည့်ဆည်းပေးနိုင်တာကြောင့် ရရှိတတ်တဲ့ တဒင်္ဂခဏလောကီချမ်းသာမှု ဟူသမျှထက် နိဗ္ဗာန်ချမ်းသာက အဆရာထောင်မက ပိုပါတယ်။ တကယ်တော့ နိဗ္ဗာန်ချမ်းသာဆိုတာ လောကီချမ်းသာတွေနဲ့ မနှိုင်းယှဉ်အပ်တဲ့ လောကလွန် အရာတစ်ခု၊ လောကုတ္တရာ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ လောကရဲ့ဖွဲ့စည်းပုံနဲ့ လောကုတ္တ ရာ တည်ရှိနေပုံတွေဟာ ခြားနားကွဲပြားလွန်းတာမို့ လောကုတ္တရာချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ရဲ့ အခြေအနေကို လောကီအခြေအနေတွေနဲ့ ဘယ်လိုမှ ထပ်တူကျအောင် မဖော်ပြနိုင်ပါဘူး။ အရှင်နာရဒ မဟာထေရ်ကတော့ “နိဗ္ဗာန်ဆိုတာ အဘိဓမ္မာရှုထောင့်က ကြည့်ရင် ဘ၀ဆင်းရဲ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ခြင်း။ စိတ်ပညာရငထောင့်က ကြည့်ရင် အတ္တကိုပယ်ဖျက်ခြင်း။ ကိုယ်ကျင့်စာရိတ္တရှုထောင့်က ကြည့်ရင် လောဘ၊ဒေါသ၊မောဟ ကိလေသာကို ပယ်သတ်ခြင်း”လို့ သူ့ရဲ့နာမည်ကျော် (Buddhism in a nutshell )စာအုပ်မှာ ရေးသား ထားပါတယ်။
“အာရှတိုက်ရဲ့ လင်းရောင်ခြည်” စာအုပ်ကို ရေးခဲ့သူ(ဆာအက်ဒ်ဝင်အာနိုးလ)ကတော့“တစ်စုံတစ်ယောက်က နိဗ္ဗာန်ဟာ ချုပ်ငြိမ်းဖို့ဖြစ်တယ်လို့ သင်ပြလာရင် အဲဒီလူကို သင်လိမ်ညာတာပဲလို့ ပြောလိုက်ပါ။ တစ်စုံတစ်ယောက်က နိဗ္ဗာန်ဟာ နေထိုင်ဖို့ဖြစ်တယ်လို့ သင်ပြလာရင် အဲးဒီလူကို သင်မှားပြီလို့ ပြောလိုက်ပါ”ဆိုပြီး နိဗ္ဗာန်နဲ့သပတ်သက်တဲ့ ကဗျာ တစ်ပုဒ်ရေးဖွဲ့ခဲ့ဖူး ပါတယ်။ တကယ်တော့ နိဗ္ဗာန်ရဲ့ သဘာဝကို ကဗျာလည်းမမီ၊ စာလည်း ပီ အောင် မဖွဲ့ဆိုနိုင်ပါဘူး။
နိဗ္ဗာန်ဟာ ရေ၀ါဒဗုဒ္ဓဘာသာဝင်တွေ အားလုံးရဲ့ အမြင့်မြတ်ဆုံးနဲ့ နောက်ဆုံးပန်းတိုင် ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီပန်းတိုင်ဟာ မိမိတို့အတွက်တော့ အမြင်နီးပြီး ခရီးဝေးနေဆဲပါ။ ဒါကြောင့်မို့ထင်ပါရဲ့ “နိဗ္ဗာန်ကို ရဖို့ ရောက်ဖို့ထက် နိဗ္ဗာန်ကို လိုချင်မြတ်နိုးတဲ့ စိတ်ဖြစ်ဖို့က အရေးကြီးတယ်။ နိဗ္ဗာန်ကို လိုချင်မှ နိဗ္ဗာန်ရောက်အောင်သွားကြ ကျင့်ကြမှာ။ ဒါကြောင့် ရဟန်းတော်တွေနဲ့ ဆုံတဲ့အခါ နိဗ္ဗာန်ရောက်ကြောင်း တရားဟောပါဘုရား ဟောတော်မူ ပါဘုရားလို့ လျှောက်ထားရမယ်” ဆိုပြီး အဘိဓဇမဟာရဋ္ဌဂုရု၊ မန္တလေးမြို့၊ မစိုးရိပ်ဆရာတော် ကြီးကလည်း တပည့် ဒကာတစ်ဦးကို ဆုံးမ သြ၀ါဒ ပေးတော်မူဖူးပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဓမ္မပုံပြင်ကလေးတစ်ပုဒ်ကို သတိရမိပါသေးတယ်။ ရတနာပုံနေပြည်တော် ခောတ်က ခင်မကန် ဆရာတော်ဘုရားကြီး ပြောပြခဲ့တာပါ။
နိဗ္ဗာန်အဟုတ်မက်ပေမယ့် နှုတ်ဆက်ရဦးမယ်
တစ်ခါတုန်းက မန္တလေးမြို့၊ ဈေးချိုတော်ရဲ့ တောင်ဘက်အရပ်မှာ မောင်ဆောင်နဲ့ မောင် အောင်ဆိုပြီး သူငယ်ချင်းနှစ်ဦး ရှိခဲ့ဖူးတယ်။ သူတို့နှစ်ယောက်ဟာ အိမ်နီးချင်းတွေဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး ပြောမနာ ဆိုမနာ အလွန်ပဲ ရင်းနှီးခင်မင်ကြတယ်။
သူတို့နှစ်ဦးထဲက မောင်ဆောင်ဟာ ငယ်စဉ်ကတည်းက ဘုရားသွား ကျောင်းတက် အမြဲပြုလုပ်လေ့ရှိတယ်။ အသက်အ၇ွယ်တွေကြီးလို့ အိမ်ထောင်ကျပြီး သားသမီးတွေပင် ရနေပေမယ့် မောင်ဆောင်ဟာ နေ့စဉ်နံနက်တိုင်း အိမ်တော်ရာဘုရားကို မပျက်မကွက် သွား ရောက် ၀တ်တက်လေ့ရှိသတဲ့။
တစ်နေ့တော့ သူငယ်ချင်း မောင်အောင်က မောင်ဆောင်ကို “မင်းဘာကြောင့် ဒါလောက်ဆောင် ဘုရားကို နေ့စဉ် ၀တ်တက် သွားနေရတာလဲ”လို့ မေးပါတယ်။ အဲဒီအခါ မောင်ဆောင်က “နိဗ္ဗာန် လိုချင်လို့ပေါ့ကွ”လို့ အဖြေပေးပါတယ်။ မောင်အောင်က “မင်း တကယ် နိဗ္ဗာန် ရောက်ချင်သလား”လို့ ထပ်ဆင့်မေးရင် မောင်ဆောင်က “ဟာ မောင်အောင် နယ် မိုက်ပါဘိကွာ၊ ငါ နိဗ္ဗာန်တကယ် ရောက်ချင်တာပ”လို့ ဖြေလေ့ရှိသတဲ့။
ဒါနဲ့ မောင်အောင်က သူ့ သူငယ်ချင်းမောင်ဆောင်ဟာ နိဗ္ဗာန်ကို တောင့်တလွန်းလှတယ်၊ တကယ် ဟုတ် မဟုတ် စုံစမ်းကြည့်ဦးမယ်လို့ စိတ်ထဲမှာ တေးမှတ်ထားလိုက်ပြီး၊ မောင်ဆောင် အိမ်တော်ရာ ဘုရားကို ၀တ်တက်သွားတိုင်း မနီးမဝေးက စောင့်ကြည့်အကဲခတ်ပါတယ်။ ဒီလိုနဲ့ တစ်လလောက် ကြာတဲ့အခါမှာ မောင်အောင်ဟာ မောင်ဆောင်ဝတ်တတ် ပြုနေကျ အချိန် ထက် နာရီဝက်လောက်စောပြီး အိမ်တော်ရာဘုရားကို ရောက်လာပါတယ်။ ပြီးတော့ မောင်ဆောင် ရှိခိုးဆုတောင်းမြဲဖြစ်တဲ့ ရုပ်ပွားဆင်းတုတော်ကြီးရဲ့ နောက်ဘက်မှာဝင်ပြီး၊ ဇာတ်ထဲက ငှားယူလာတဲ့ နတ်ဝတ်တန်းဆာကို အပြည့်အစုံ ၀တ်ဆင်လိမ်းခြယ်ကာ ပုန်းကွယ် ပြီး နေလိုက်ပါတယ်။ မောင်ဆောင်ဟာ သူ့ထုံးစံအတိုင်း သြကာသနဲ့ ဘုရာကန်တော့အပြီး “နိဗ္ဗာန်ရောက်ရပါလို၏ဘုရား”လို့ ဆုတောင်းရှိခိုးလိုက်ပါတယ်။ အဲဒီအခါ ဘုရားနောက်မှာ ကွယ်နေတဲ့ မောင်အောင်က အပြင်ကိုထွက်လာပြီး၊ အသံကိုဖျက်ကာ နတ်မင်းကြီးတစ်ပါးပုံစံ နဲ့ မေးမြန်းပါတယ်။
“အသင်လူသား။ နိဗ္ဗာန်ကို တကယ်ရောက်ချင်သလား” “တကယ်ရောက်ချင်လှပါ တယ်နတ်မင်း” “ရောက်ချင်ရင် ကျုပ်ပို့ပေးမယ်” “အခု လိုက်ရတော့မှာလား နတ်မင်းကြီး ဘုရား” “ဟုတ်တယ်၊ ချက်ချင်းခေါ်ခဲ့ ဖို့ သိကြားမင်းက မှာလိုက်တယ်” အဲဒီလို အပြန်အလှန် အမေးအဖြေလုပ်ရင်းက မောင်ဆောင်ဟာ အသားတွေတုန်လာပါတယ်။ နိဗ္ဗာန်ရောက်လို ပေမယ့် အခုချက်ချင်းကြီး ဆိုတော့ လိုက်ရမှာလည်းမ၀ံ့မရဲ။ ကိုယ့်ဆုတောင်းနဲ့ကိုယ်ဆိုတော့ လည်း မငြင်းဆန်သာဖြစ်ပြီး ကြောက်ဒူးတုန်နေရပါတယ်။ ဒီကြားထဲ အိမ်က မယားနဲ့ သားသမီးတွေရဲ့ မျက်နှာတွေကိုလည်း ပြေးမြင်ယောင်မိရင်း ထွက်ပေါက်တစ်ခု တွေ့လိုက် ပါတယ်။ အဲဒါကြောင့်--
“သားနဲ့မယားကို နှုတ်ဆက်ပါရစေဦး နတ်မင်း” “ကောင်းပြီ၊ နှုတ်ဆက်လိုက နှုတ်ဆက်ပါ၊ဒါပေမယ့် မြန်မြန်ပြန်လာခဲ့” “ကျေးဇူးတင်ပါတယ်နတ်မင်း”ဆိုပြီး နတ်မင်းကို အရိုအသေပေးကာ မောင်ဆောင်ဟာ အိမ်ကို အပြေးပြန်လာခဲ့တယ်။ အိမ်ရောက်လို့ ဖြစ်ပျက်ပုံကို မယားပြောပြတိုင်ပင်တဲ့အခါ မယားက “ ဒီလိုအခွင့်အရေးမျိုး ကြုံ ကြုံခဲပါဘိ။ ကြားတောင်မှ မကြားဖူးဘူး၊ ရှင်မို့လို့ ထူးတဲ့ကုသိုလ်ပဲ၊ ကဲ… လိုက်သွားပေတော့”လို့ ပြောသတဲ့။
ဒီအခါ မောင်ဆောင်က “ငါ လိုက်သွားရင် မင်းမှာ ကလေးတစ်ဖက်နဲ့ ချက်ရပြုတ်ရ တဖက်နဲ့ ဒုက္ခရောက်မှာပေါ့၊ စဉ်းစားပါဦး”လို့ ပြောပြန်တယ်။ “အို .. ကျမအတွက် ဘာမျှထည့် စဉ်းစားမနေနဲ့ ရှင့်ကုသိုလ်နှင့်ရှင် လိုက်သာသွားပါ”လို့ မယားကပြောတဲ့အခါ “နင်မစဉ်းစားပေ မယ့် ငါ့ကတော့ စဉ်းစားရမယ်ဟ”ဆိုပြီး မောင်ဆောင်ဟာ စဉ်းစားနေလိုက်တာ အိမ်တော်ရာ ဘုရားဘက်ကို နောက်ထပ်တစ်ခေါက်မျှ ပြန်မရောက်တော့ဘူးတဲ့။
“မယုံရင် ပုံပြင်မှတ်”လို့ ဆိုရိုးစကားရှိပေမယ့် တချို့ပုံပြင်တွေဟာ ဘ၀ထဲကလာတာမို့ ပုံပြင်ထဲမှာလည်း ဘ၀တွေရှိပါတယ်။ ဒီ ဓမ္မပုံပြင်ကလေးနဲ့စပ်ပြီး စာရေးသူအနေနဲ့(၁) လူ့ပြည်မှာ တရားလိုလားသူထက်စာရင် ကာမဂုဏ်အာရုံတွေကို စွန့်စွန့်စားစားလိုလားသူဟာ နည်းပါးတတ်ပုံ၊ (၂) ဒါပေမယ့် အများလိုချင်တဲ့ အရာတိုင်းဟာ တန်ဖိုးမဲ့မဖြစ်နိုင်ပါဘူး။ လောကရဲ့ သဘာဝကိုက “တန်ဖိုးကြီးလေ လူတိုင်းလက်လှမ်း မမီလေ”ဖြစ်တတ် ပုံနဲ့ (၃) နောက်ပြီး အသိဥာဏ် မြင့်မားလာမှပဲ လူတွေရဲ့ တန်ဖိုးထားတတ်မှုကလည်း မြင့်တက်လာမြဲ ဖြစ်တာကြောင့် မိမိတို့ရဲ့ အသိဥာဏ် ရင့်ကျက်မြင့်တက်လာအောင် ကြိုးပမ်းခြင်းသည်သာ နိဗ္ဗာန်စခန်းဆီကို အနီးဆုံးချဉ်းပ်လမ်းတစ်ခု ဖြစ်ပုံတွေကိုပဲ သတိပြုတွေးမိပါတော့တယ်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
October
(1076)
- မျက်လှည့်ကမ္ဘာ,
- မျက်လှည့်ကမ္ဘာ
- ထူးဆန်းထွေလာ...ပုံလေးများ
- SWF FLV to MP3 Converter 3.0.0.569 | 1.35 MB
- CCleaner Professional + Business Edition 3.23.1823...
- Angry Birds Space v1.3.0 Mars the Red Planet for PC
- Photoshop အသုံးပြုပြီး ပုံပြင်လိုသူများအတွက် (အခြေ...
- ချစ်သူပြန်လာမဲ့လမ်း
- အချစ်ပန်းခင်း
- ဓာတ်ပုံလေးတွေအလှပြင်ဖို့
- မိုးတွေသည်းရင် ငိုချင်တယ်
- ငါ ကျေနပ်ပါတယ်
- ` စောင့်နေနော်...´
- ငါ.ကိုယ်ငါမုန်းတယ်
- ဝေလဲမဝေ ကြွေဘဲ ကြွေ သွားတဲ့ပန်း
- ငါမသိတဲ့ အချိန်.
- ((((((( သီတင်းကျွတ် လပြည့်နေ့ )))))))
- Android ဖုန်းများတွင်ကစားနိုင်မည့် “ငတက်ပြား” အမ...
- C8812 နဲ့ U8818 အတွက် Root လုပ်နည်း
- Huawei U8850 ကို အမြန်ဆုံးနှုင့် အလွယ်ကူဆုံး root ...
- တမ်းတခြင်း
- Advanced SystemCare Pro 6.0.7.160 Final | 18.99 MB
- Internet Download Manager 6.12 Build 23 Final | 4....
- မိန်းမတို့၏ကောင်းခြင်း(၅)ဖြာ
- 31.10.2012 သတင်းစာများ ရယူရန်
- ဘင်္ဂါလီမူဆလင်လွှတ်တော်အမတ် ဦးရွှေမောင်နှင့် ရခိုင်ပညာ...
- မလေးသွားမှောင်ခိုဘုတ် နစ်မြှုပ်၍ (၁၂၈)ဦးအနက် (၁၂၂)...
- တိုင်းရင်းသား လုပ်ငန်းရှင် ကုမ္ပဏီ ၄၀၀ ခန့် မှတ်ပုံ...
- ရတနာပုံ တယ်လီပို့ အများပိုင် ကုမ္ပဏီ ပြောင်းမည်
- ၂၀၃၀ အထိ ဝင်ငွေအနိမ့်စားနိုင်ငံ စာရင်းဝင် ဖြစ်နေမည...
- ရခိုင်ပြည်နယ်ကို တပ်မတော် စတင်အုပ်ချုပ်
- ရန်ကုန် လေဆိပ် မြှင့်တင်ရေးလုပ်ငန်း ပုဂ္ဂလိက စိတ်ဝင...
- ရန်ကုန်တွင် ယာဉ်လိုင်းသစ်များ ထပ်တိုးရန်ရှိ
- ရန်ကုန်မြို့ပြရဲ့ ခေတ်သစ် သီတင်းကျွတ်ည
- စစ်တွေ ရောက် ဒုက္ခသည်များ နေရပ်ရင်းပြန်ပို့ရန် စီစဉ်
- ရခိုင်အရေးသည် ပြုပြင်ပြောင်းလဲရေး အတွက် နိမိတ်ဆိုး
- ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ရေး NLD အဆိုတင်မည်
- ဆွစ်ဇာလန်သံရုံး ရန်ကုန်တွင် ဖွင့်မည်
- မှောင်ခို ကုန်ပစ္စည်းများ ဖမ်းတော့မည်
- အကောက်ခွန်ဝန်ထမ်း ၁၅ ဦးထက်မနည်း ထပ်မံအရေးယူခံရမည်
- တရုတ်များက ရေအားလျှပ်စစ်ကို အကြောင်းပြပြီး လေးမြို...
- ရခိုင်ဒုက္ခသည် ၃၀၀၀ ခန့် မြောက်ဦး ဘုန်းတော်ကြီးကျော...
- အငြင်းပွားခဲ့သော ခရီးသွားလုပ်ငန်းရှင်များအသင်း အလု...
- မြန်မာအစိုးရ ပြည်ပဘဏ်များတွင် ဒေါ်လာ ခြောက်ဘီလီယံအပ...
- အလုပ်အကိုင် အခွင့်အလမ်းနှင့် ခြေလွတ်လက်လွတ် အိပ်မက...
- ပြည်ပကြွေးမြီ ဆယ်လအတွင်း ဒေါ်လာ လေးဘီလီယံတိုး
- စွပ်စွဲမှုများအတွက် ဥပဒေနှင့်အညီပြန်လည်ရုပ်သိမ်းခဲ့...
- ဖားကန့် ၌ ငြိမ်းချမ်းပါစေ မီးပုံးလွှတ်တင်ခဲ့သော်လည်...
- မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ADSL စနစ်အသုံးပြုလိုသူ...
- တရုတ်သို့ပိုရန် ဆမ္မဆယ်၌ နွားကောင်ရေ (၅၀၀)ကျော် ရော...
- ရခိုင်ပြည်နယ်တွင် စစ်အုပ်ချုပ်ရေး မလိုလားဟုဆို
- ရန်ကုန်တွင် မင်းမဲ့စရိုက်ဆန်ဆန်လူသတ်မှု ပိုများလာ
- မြန်မာသို့ ရိုက်ခတ်လာသော K-Pop
- အရွယ်မရောက်သေးသော မြေးကို အဘွားဖြစ်သူက ပြည့်တန်ဆာ ...
- ရခိုင်အရေး မြန်မာသံတမန်ကို ဗြိတိန်နိုင်ငံခြားရေးဌာ...
- ဘုန်းကြီးကျောင်းအမှု ရွာပတ်နေ
- နိုဝင်ဘာလ ၁ ရက်နေ့ ထုတ် The Hot News Weekly Vol-3,...
- အောက်တိုဘာ ၃၀ ရက်နေ့ထုတ် First Eleven Sports Journ...
- စန္ဒီ ဟာရီကိန်းကြောင့် နယူးယောက် အထိနာ
- မွတ်ဆလင်တွေကို မောင်းထုတ်တဲ့ ဆန္ဒပြမှု ရဲက ပစ်ခတ် နိ...
- အမေရိကန်အရှေ့ဘက်ဒေသ ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်
- ရခိုင်အရေး နိုင်ငံတကာကြားဝင်ဖို့ အာဆီယံ တောင်းဆို
- အလင်းတန်းဂျာနယ် အမှတ်စဉ် ၇၂၈
- မဇ္ဈိမ အပတ်စဉ် ဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၆)၊ အင်္ဂါနေ့...
- ငြိမ်းချမ်းရေး ဆွေးနွေးသည့် နေ့ ဖားကန့် တွင် တိုက်...
- ကျောက်နီမော်တွင် ရခိုင်ဒေသခံ များကို ရဲတပ်ဖွဲ့မှ ပ...
- ကျောက်နီမော်လူထု တောင်းဆိုချက်(၃)ချက် အာဏာပိုင်တို...
- ခုနှစ်ရက်သားသမီးများအတွက် ( ၂၉.၁၀.၁၂ ) မှ ( ၄.၁၁.၁...
- ပုံလေးတွေကို Frames Design လှလှလေးတွေပုံဖော်ကြည့်ရ...
- ပေးဆပ်ချစ်သူ
- သင် နှင့်သင့်ချစ်သူရဲ့အချစ်ရေးအဆင်ပြေဖို့အတွက်ဒါေ...
- ချစ်တက်သူတိုင်း သိသင့်သည့်အရာ
- samsaunggalaxy note, s3 တွေ အတွက် မြန်မာစာ အဆင်မြေ...
- iphone jail break လုပ်နည်းမြန်မာလို
- Folder Lock 7.1.6 | 8.85 MB
- အိမ်ထောင်ဆိုတာ
- အချစ်ကိုမသိသောကောင်လေး
- အဖြစ်ဆိုးခဲ့တဲ့ ၈ တန်းကျောင်းသူလေး
- ကျောက်နီမော် အခြေအနေ တင်းမာ
- လိုင်စင်ဘောင်ကျော်ပြီး ဖော်ပြသည့် ဂျာနယ်များကို အေ...
- အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များကို လုပ်ပိုင်ခွင့်ပေးရ...
- » ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် အခင်းစတ...
- » ဟာရီကိန်းမုန်တိုင်းကြောင့် အမေရိကန်နှင့်ကနေဒါတွင...
- ကချင်စစ်ရေးတွင် ကာကွယ်ရေး ဦးစီးချုပ်က သမ္မတ အမိန့်က...
- ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းစဉ်အတွင်း တပ်မ...
- ရခိုင်ပြည်နယ် အကြမ်းဖက်မှု သေဆုံးသူ ဦးရေတိုးလာ
- ကော့ကရိတ်မြို့ တွင်းရှိ ဗလီ ဗုံးခွဲခံရ
- » ရခိုင်အရေးတွင် မျိုးချစ်စိတ်ရှိသင့်သည်ထက်လွန် ဟုဆို
- အမေရိကန်အရှေ့ခြမ်း စန္ဒီမုန်တိုင်းဘေး ရင်ဆိုင်ဖို့ ...
- SSA နဲ့ မြန်မာအစိုးရကြား မူးယစ်တိုက်ဖျက်ရေး သဘောတူ...
- အစ်ဒ်နေ့ ဆီးရီးယားအပစ်ရပ် ချိုးဖောက်မှု ထိပ်တန်းသံတ...
- နင့်တို့ရေကို ခွေးတောင်မသောက်ဘူး
- အခန်း ပေါင်း ၅၀၀၀ ခန့်ပါ တန်ဖိုးနည်း အိမ်ရာစီမံကိန...
- အစိုးရနဲ့ကေအိုင်အိုအကြား အကြိုညှိနှိုင်းမှုမလုပ်န
- ကော့ကရိတ်မြို့ဗလီကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်
- ^_^ရေမြေခြားတဲ့ ချစ်သူ...^_^
- သံသရာဝဋ်ကြွေးဆိုတာ
- သိနိုင်ပါရဲ့လားကြားနိုင်ပါရဲ့လားးးးးးးးနော်
- မိန်းမတွေရဲ့  တန်ဖိုး
- *** လောကဓံ ( ၈ ) ပါး ဆိုတာ ***
-
▼
October
(1076)
No comments:
Post a Comment