Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 20 October 2012

ပြည်နယ်တိုင်း ဒေသကြီး အစိုးရများနှင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ဆိုင်ရာ ကဏ္ဍများ ပူးပေါင်း ဆောင်ရွက်ရန်ရှိ


နေပြည်တော် စွမ်းအင် ၀န်ကြီး ဌာနမှာ အောက်တိုဘာလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့ များမှာ ပြုလုပ်ခဲ့တဲ့ စွမ်းအင်နဲ့ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး
စီမံကိန်း ဆိုင်ရာ အမျိုးသား အဆင့် ဆွေးနွေး ပွဲမှာ ပြောကြားချက်များ အရ စွမ်းအင် ၀န်ကြီးဌာန အနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရ များရဲ့ လုပ်ပိုင်ခွင့်နဲ့ အခွင့်အာဏာကို မထိခိုက်စေပဲ သဘာဝ ဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ သယ်ဆောင်၊ သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်း စတဲ့ ကဏ္ဍ များမှာ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေး လျက်ရှိတယ်လို့ သိရပါတယ်။

ဒီလို ပူးပေါင်း ဆောင်ရွက်ရာမှာ ၀န်ကြီးဌာန၊ ပြည်နယ် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ သာမက သက်ဆိုင်ရာ ဒေသ ပြည်သူများနဲ့ ကုမ္ပဏီများ ပူးပေါင်းပြီး စည်းမျဉ်း စည်းကမ်းတွေ အရ စနစ်တကျ လုပ်ကိုင် ဆောင်ရွက် သင့်တာ ဖြစ်ပါတယ်။ ဒါ့အပြင် စွမ်းအင် ၀န်ကြီးဌာန အနေနဲ့ ပူးပေါင်း ဆောင်ရွက်မှုများ သာမက ဥပေဒ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ နည်းပညာ လမ်းညွှန်မှုနဲ့ ငွေကြေး ထောက်ပံ့မှု တို့ကိုပါ ဖြည့်ဆည်း ကူညီပေးဖို့ လိုအပ် တယ်လို့ သိရပါတယ်။

ဒီလို ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ သယ်ဆောင်၊ သိုလှောင်၊ ဖြန့်ဖြူးရေး အစီအမံများ ဆောင်ရွက် ရာမှာ ဒေသအလိုက် အမှန်တကယ် သုံးစွဲဖို့ လိုအပ်တဲ့ အိမ်တွင်း စက်မှု ကဏ္ဍနဲ့ သွားလာရေး ကဏ္ဍ တွေမှာ လောင်စာ ဖြန့်ဖြူရေး အစီအမံများ ကိုလည်း အလေးထား ဆောင်ရွက်ဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ပြည်တွင်းရှိ ရေနံရှာဖွေ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်း ကဏ္ဍတွေမှာ ခရီး အကွာအဝေး အလိုက် အနီးဆုံးနဲ့ အလွယ်ကူဆုံး ဖြစ်အောင် စီမံ ဆောင်ရွက်ဖို့ လိုအပ်ပြီး နိုင်ငံတော်ရဲ့ အဓိက ဦးဆောင်မှုနဲ့ သယ်ယူ ပို့ဆောင်ရာမှာ ရေကြောင်း လမ်းကိုပါ ထည့်သွင်း စီစဉ်မှုများ ပြုလုပ်သင့် တယ်လို့ အဆိုပါ ဆွေးနွေးပွဲမှာ ဆွေးနွေးမှုများ အရ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့