Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 24 October 2012

» ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ဥပဒေပါ သမ္မတအရည်အချင်း

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အခြေပြု ပြောကြားမှုများ ရှိခဲ့သည်။

ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ရေး ကိစ္စမှာ နိုင်ငံရေး အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်အချို့နှင့် မီဒီယာများတွင် ပြောဆိုမှု များကြောင့် အများပြည်သူ အာရုံ စိုက်မိလာသည့် အကြောင်းရပ် တစ်ခုဖြစ်လာသည်။

“ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့၊ မဖြစ်ဖို့ဆိုတာ ပြည်သူရဲ့ သဘောထားပေါ်မှာပဲ မူတည်တယ်။ ပြည်သူ့သဘောထားက လက်ခံတယ်ဆိုရင် ကျွန်တော်ကလည်း လက်ခံရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော့် ကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ အခုလည်း လက်တွဲပြီးတော့ ကျွန်တော်တို့ လုပ်နေကြတာဖြစ်ပါတယ်”ဟု သမ္မတကြီးက အင်တာဗျူး တစ်ခုတွင်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ခရီးစဉ်များပြီးဆုံး၍ မြန် မာနိုင်ငံသို့ ပြန်လည်ရောက်ရှိချိန် တွင် ပြုလုပ်သော သတင်းစာရှင်း လင်းပွဲ၌

“ကျွန်မက နိုင်ငံရေးပါ တီတစ်ခုရဲ့ ခေါင်းဆောင်ပဲ။ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်ဆိုမှတော့ သမ္မတလည်း လုပ်ရဲတဲ့ သတ္တိရှိရမယ်။ ပြည်သူလူထုက လို လားရင်လုပ်မှာပဲ”ဟု ပြောကြားသည်။

ထိုသို့ ခေါင်းဆောင်နှစ်ဦးက ပြောကြားခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် အချို့သည် ဒေါ်အောင်ဆန်းစု ကြည် သမ္မတဖြစ်ရေးအတွက် အတားအဆီး သဖွယ်ဖြစ်နေသည်။ သူမအား နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်လိုပါလျှင် အဆိုပါ အ ချက်အချို့အား
ယခုလွှတ်တော် သက်တမ်းအတွင်း ပြင်ဆင်နိုင်ရန် လိုအပ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေ အခန်း(၃)ရှိ ပုဒ်မ-၅၉ နိုင်ငံ တော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများဆိုင်ရာ ပြဋ္ဌာန်းချက် အပိုဒ်ခွဲ(စ)တွင် မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ မိ မိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ဇနီး (သို့မဟုတ်) ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး (သို့မဟုတ်) ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏
လက်အောက်ခံဖြစ်သူ (သို့မဟုတ်) တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ များ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သော်လည်းကောင်း၊ တိုင်း တစ်ပါး၏ နိုင်ငံသား သော်လည်း ကောင်း၊ ခံစားရသော အခွင့်အ ရေးများနှင့် ကျေးဇူးခံစားခွင့်များ ကို
ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ဖော်ပြထားသည်။

အဆိုပါအပိုဒ်သည် လွှတ်တော်အမတ်ဦးရေ ၇၅ ရာခိုင်နှုန်းက ထောက်ခံရမည့်အပြင် ပြည် လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏ ၅၀ ရာခိုင်နှုန်းက ထောက်ခံဆနမဲပေး မှသာ ပြင်ဆင်နိုင်ခွင့်ရှိမည့် အ ချက်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးသည် ပြည်သူများ ၏ သဘောထားပေါ် မူတည်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို မိမိတစ်ဦးတည်း၏ သဘောဖြင့် ပြင်ဆင်၍ မဖြစ်နိုင်ကြောင်း သမ္မတကြီးက BBC ရုပ်သံဌာနနှင့် အင်တာဗျူး တွင် ပြောကြားခဲ့သည်။

သူမအား သမ္မတဖြစ်ရန် ပြောဆိုနေကြသော်လည်း အခြေ ခံဥပဒေပါ ကန့်သတ် ချက်များ အား ပြင်ဆင်ရန်မှာမူ ၃ နှစ်ကျန် ရှိသေးသည့် လွှတ်တော်သက် တမ်း အတွင်း ဖြစ်နိုင်ခြေ နည်းပါး ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များက သုံးသပ်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီအနေဖြင့် လွှတ်တော်တွင်းရောက်ရှိပါက အခြေခံဥပဒေပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်ဦး ဖြိုးမင်းသိန်းက အခြေခံဥပဒေမှာ တပ်မတော်ရဲ့ ပါဝင်ပတ် သက်မှုတွေကို ချောချောမွေ့မွေ့ပြင်ဆင်နိုင်အောင် ဆောင်ရွက်ရမှာပါ။ ကျွန်တော်တို့ဘက်က ဒီလွှတ်တော်သက်တမ်းအတွင်းမှာ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ နောက်တစ်ချက်က ဥပဒေနဲ့အညီ ပြင်ဆင်နိုင်ဖို့အတွက် ဒီဖွဲ့စည်းပုံက ဘယ်အချက်အလက်တွေက ဘောင်ဝင်မယ်ဆိုတာ ကျွန်တော်တို့ ဆန်းစစ်ရပါမယ်” ဟု ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက “NLD က ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ချင်တယ်ဆိုရင်တော့ သမ္မတရွေးချယ်ရေးနဲ့ ပတ်သက်တဲ့ အ ချက်တချို့ ဖြစ်ကောင်းဖြစ်နိုင် တယ်။ အဲဒါကို ပြင်မယ်ဆိုရင် ကျွန်တော် ထင်တယ်။ ၇၅ ရာခိုင်နှုန်းကျော်နဲ့ နိုင်မယ်မထင်ဘူး။ ဒီသုံးနှစ်ကာလအတွင်းမှာ ပြင်နိုင် မယ်လို့ ကျွန်တော်တော့
မထင်ပါဘူး”ဟုပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် နာယကအဖွဲ့ဝင် ဦးဝင်းတင်က ပြောဆိုရာတွင် အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စအား ၂၀၁၅ ခုနှစ်မတိုင်မီ ပြင်ဆင်နိုင် လိမ့်မည်ဟု မထင်ကြောင်း၊ ဒီမိုကရေစီ ပြောင်းလဲရေးတွင် အဓိကအဟန့် အတားမှာ စစ်တပ်ဖြစ်နေကြောင်း ဆိုသည်။

လူတစ်ဦး တစ်ယောက် အတွက် အခြေခံ ဥပဒေပြင်ဆင်ရသည်မှာ မသင့်လျော်သော်လည်း ပြင်ဆင်ပေး ရမည့်သူသည် နိုင်ငံအား ထူးထူးခြားခြား ပြောင်းလဲ သွားနိုင်အောင် စွမ်းဆောင်ရည် ရှိသူဖြစ်ပါက ပြင်ဆင်ရန် စဉ်းစားသင့်ကြောင်း၊ လူတစ်ဦး တစ်ယောက်နှင့် ပုဂ္ဂိုလ်စွဲ ကိုးကွယ်မှု
များရှိခဲ့လျှင် ဒီမိုကရေစီမဟုတ်သေးကြောင်း အမျိုးသားဒီမိုက ရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦး ခင်မောင်ဆွေက ထောက်ပြပြော ကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရာ တွင် လွှတ်တော်တွင်း ထောက်ခံဆန္ဒမဲများ ရရှိရန် လိုအပ်သဖြင့် အနိုင်ရပါတီသည် အရေးပါသော အခြေအနေတွင် ရှိသည်။ ယခု လွှတ်တော် သက်တမ်းအတွင်း အနိုင်ရပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့်
အခြေခံဥပဒေကို ပြင်ဆင်ရန် အခြေအနေနည်းပါးနေသည်။

အခြေခံဥပဒေပြင်ဆင်ရေး ကို မိမိ၏ သဘောဆနဖြင့် ပြုလုပ်၍မရဘဲ လွှတ်တော်ကိုယ်စား လှယ်များ၏ သဘောဆန္ဒဖြင့်သာ သွားရမည်ဖြစ်ကြောင်း ယခုလ ၂၁ ရက်က နိုင်ငံတော်သမ္မတ အိမ်တော်၌ ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါ တီဥက္ကဋ္ဌအဖြစ်
ပြန်လည်ရွေးချယ် တင်မြှောက်ခံထားရသူ သမ္မတ ဦးသိန်းစိန်က ထပ်မံပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေဆို တာ ပြင်လို့ရတယ်။ အများသဘောတူတယ်ဆိုရင် လုပ်လို့ရပါတယ်။ အများသဘောအတိုင်းသွားမှာပဲ။ လက်ရှိမှာတော့ ပါတီ အနေနဲ့ ဖွဲ့စည်းပုံအခြေခံပြင်ဖို့ အဆိုတင်သွင်းဖို့ မရှိသေးပါဘူး”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး က ပြည်ပမီဒီယာတစ်ခုနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

၂၀၁၅ ခုနှစ်အထိ သက် တမ်းရှိနေသည့် ယခုလွှတ်တော် သက်တမ်းအတွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေးသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များ၏ သဘော သက်ရောက်မှု အပေါ် မူတည် နေကြောင်း ဦးခင်မောင်ဆွေက သုံးသပ်သည်။

“သမ္မတနဲ့ ပတ်သက်တဲ့အ ချက်တွေကို ပြည်ခိုင်ဖြိုးဘက်က ပြင်ဖို့ ခက်လိမ့်မယ်ဗျ။ ဒီ၂၀၀၈ ဖွဲ့စည်းပုံကို ပုဂ္ဂိုလ်အချို့ကကာဖို့ ကြိုးစားတာဖြစ်ချင်ဖြစ် မယ်။ ဒါပေမဲ့ အဲဒီကာတဲ့ပုဂ္ဂိုလ်တွေကို လူထုကလက်ခံမှကိုး။ နိုင် ငံတော်သမ္မတအရည်အချင်းမှာ ကန့် သတ်မှုတွေ
များနေရင်အများလက်ခံနိုင်တဲ့ ဝေါဟာရကိုပြင်ဖို့ တော်တော်ခက်ပါလိမ့်မယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဒေါက်တာအေးမောင်က ပြောသည်။

ဦးရဲထွန်းက သူ၏အမြင်ကို ပြောဆိုရာတွင် “ပြည်ခိုင်ဖြိုးပါတီ က ပြင်ဖို့လုံးဝမရှိဘူး။ NLD ကအာရုံရှိလို့ ပြင်ဖို့ကြိုးစားရင်တောင် သိပ်ပြီးအရာရောက်မှာ မဟုတ်ဘူး” ဟု ဆိုသည်။

အခြေခံဥပဒေပြင်ဆင်ရေး တွင် သမ္မတနှင့်ပတ်သက်သည့် အရည်အချင်းများ ပြုပြင်ရန်သာမက အခြားသော တိုင်းရင်းသား ရေးရာနှင့် သက်ဆိုင်သည့်ကိစ္စရပ် များ၊ တပ်မတော်၏ ပါဝင်မှုအခန်းကဏ္ဍကို လျှော့ချရေးကိစ္စရပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား

ယခုထက်ပိုမို၍ အခွင့်အလမ်းများပေးအပ်ရန် ကိစ္စများအစရှိသည့် အချက်အလက်များ ကို အာရုံစိုက်သင့်ကြောင်း မြန်မာ့ နိုင်ငံရေး အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် များ၏ ထင်မြင်ယူဆမှုများ ရှိနေသည်။

တပ်မတော်နှင့် ပတ်သက်သော အချက်အလက်များကို ပြင်ဆင်ရန်သာမက နိုင်ငံတော်တွင် လတ်တလော အရေးတကြီးလို အပ်နေသည့် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မှန်မှန်ကန်ကန် ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်မဖြစ် ပြင်ဆင်ရန်လိုအပ် နေကြောင်းလည်း တိုင်းရင်းသား ပါတီအချို့က သုံးသပ်ဝေဖန်သည်။

အခြေခံဥပဒေပြင်ဆင်ရေးကို အဓိကထား လုပ်ဆောင်မည်ဟု ကြွေးကြော်၍ လွှတ်တော်တွင်း ၀င်ရောက်ခဲ့သော NLD ပါ တီအနေဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေးထက် အခြားသော လွှတ် တော်တွင်း လုပ်ငန်းများကို အာရုံစူးစိုက်လုပ်ဆောင်သင့်ကြောင်း သုံးသပ်သူများလည်းရှိသည်။

ဦးရဲထွန်းက သုံးသပ်ပြော ဆိုရာတွင် “ဖွဲ့စည်းပုံပြင်ဖို့ကိုပဲ အာရုံစိုက်နေမယ်ဆိုရင် ဒီအချိန် က ဖွဲ့စည်းပုံပြင်ဖို့ အချိန်ကောင်း၊ အချိန်မှန်မဟုတ်သေးဘူး။ ဒီအချိန်မှာ သွားပြင်ရင် အချင်းချင်း နားလည်မှုလွဲတာပဲရှိမယ်”ဟု ဆိုသည်။

အခြေခံဥပဒေကို ပြင်ဆင်လိုလျှင် အဆင့်များစွာကို ကျော်ဖြတ်ရမည်ဖြစ်ပြီး အချို့အဆင့်များသည် ယုတ္တိမဲ့သောအချက် များရှိကြောင်း၊ ၎င်းအချက်များကို ကျော်ဖြတ်ပြီးမှသာ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြင်ဆင်ရမည် ဖြစ်သည့်အတွက် အခက်အခဲများ ကြီးမားနိုင်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုပြုံးချိုက သုံးသပ်ပြောကြားသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် NLD အနိုင်ရရှိပါက ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြောင်းလဲပြင် ဆင်နိုင်မည်ဟု ထင်ကြေးပေးမှုများရှိသော်လည်း တပ်မတော် သားကိုယ်စားလှယ်များ ပါဝင်ထောက်ခံမှသာလျှင် ပြင်ဆင်နိုင်မည်ဟု ထင်မြင်ယူဆသူများလည်းရှိသည်။

လွှတ်တော်သက်တမ်းသည် ၂ နှစ်နီးပါး ချင်းနင်းဝင်ရောက် လာပြီဖြစ်သော်လည်း အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဆွေးနွေးမှုကို မတွေ့ရှိရသေးပေ။

ပြည်ထောင်စု လွှတ်တော်အနေဖြင့် စတုတ္ထပုံမှန်အစည်းအဝေး ပြီးစီး သည့်အချိန်ထိ ဥပဒေ ၃၂ ခုကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပြီး နိုင်ငံအတွက် အရေးကြီးသော ဥပဒေ အချို့ကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။

ယခုကျင်းပဆဲ လွှတ်တော် အစည်းအဝေးများတွင် မပြီးပြတ်သေးသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း၊ အလုပ်သမားများ လုပ်ခလစာနှင့် သက်ဆိုင်သည့်ဥပဒေကြမ်း စသည့် ကိစ္စများကိုဆွေးနွေးရန်ရှိပြီး အခြားဝင်ရောက်လာမည့် အဆိုများ ဥပဒေကြမ်း များကိုလည်း ဆွေးနွေးရန် ရှိသဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အရေးတကြီး ကိစ္စရပ်အဖြစ် ၀င်ရောက်လာရန် အလှမ်းဝေးမှု
များရှိနေသည်ဟု သုံးသပ်ကြသည်။

ယခုလက်ရှိ နိုင်ငံ၌ ကျင့် သုံးနေသော အခြေခံဥပဒေတွင် အားနည်းချက်များ ပါဝင်သော်လည်း အဆိုပါ အချက်များကို ပြင်ဆင်ရန်မှာမူ အလှမ်းဝေးနေ ဆဲဖြစ်ပြီး အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် အပြောင်းအလဲလုပ်ငန်းစဉ်များ ပိုမိုဖြစ်ထွန်းလာရေးကိုသာ ဦးစားပေးဆောင်ရွက်ရမည့် အချိန်ကာလဖြစ် ကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်း အချို့ကပြောဆိုမှုများရှိနေသည်။

“အခြေခံဥပဒေပြင်ဆင်ခွင့် ရရင် သမ္မတအရည်အချင်းနဲ့ ပတ်သက်တဲ့ အချက်အချို့ကိုလည်း ဦးစားပေးပြင်ဖို့ရှိပါတယ်။ သမ္မတဟာ စစ်ရေးအမြင်ရှိရမယ်ဆိုတာ အမျိုးသားတွေကိုပဲ ဦးစားပေးတဲ့ သဘော ဖြစ်နေပါတယ်။ ပုဒ်မ ၅၉(စ)ကိုလည်း ပြင်ရမယ်။ တိုင်းပြည်အတွက်
တကယ်လိုအပ်ရင် ဒီအချက်တွေကို ဖယ်ရှားနိုင်မယ် လို့ ထင်ပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ် တော်ကိုယ်စားလှယ် ဒေါ်မေ၀င်းမြင့်က ပြောသည်။

ရေးသားသူ- မင်းဟိန်းကျော်၊ရန်မျိုးနိုင်
7Day News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့