Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 October 2012

နယူးဇီလန် အစိုးရမှ ပြည်တွင်းရှိ အသေးစား နို့စားနွား မွေးမြူရေး လုပ်ငန်းတွင် ပံ့ပိုးကူညီရန် ကမ်းလှမ်း


ပြည်တွင်းရဲ့ အသေးစား နို့စားနွား မွေးမြူရေး လုပ်ငန်းမှာ နယူးဇီလန် အစိုးရမှ ပံ့ပိုး ကူညီဖို့ အတွက် ကမ်းလှမ်း ထားတယ်လို့ သိရပါတယ်။ ဒီလို ကူညီမှုကို
နယူးဇီလန် အစိုးရရဲ့ World Concern အဖွဲ့က မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ နို့လုပ်ငန်း အသင်းမှ အသင်းဝင်များနဲ့ နို့စားနွား မွေးမြူသူ ၄၀ ဦးခန့်နဲ့ တွေ့ဆုံကာ ပြည်တွင်းရဲ့ အသေးစား နို့စားနွား မွေးမြူရေး လုပ်ငန်းမှာ ပံ့ပိုး ကူညီဖို့ ကမ်းလှမ်း ထားတာ ဖြစ်ပါတယ်။

အဆိုပါ  World Concern အဖွဲ့ဟာ ပြည်တွင်းရှိ အသေးစား နို့စားနွား မွေးမြူ သူများနဲ့ နို့ထွက် ပစ္စည်းများ ပြုပြင် ထုတ်လုပ်ရေး လုပ်ငန်းများ အတွက် လာမယ့် ၅ နှစ်အတွင်း ကူညီပံ့ပိုးနိုင်ဖို့ အတွက် စီစဉ်ထား တယ်လို့ သိရပါတယ်။ ဒီလို ကူညီရာမှာ နို့ထွက် ပစ္စည်းများ ပြုပြင် ထုတ်လုပ်ရေး လုပ်ငန်းများ အတွက်သာ World Concern အဖွဲ့က တာဝန်ယူ ကူညီပေးမှာ ဖြစ်ပါတယ်။ ကျန်တဲ့  နို့စားနွား မွေးမြူ သူများရဲ့ နည်းပညာ အခက်အခဲများ၊ မျိုးစိတ် အထောက်အပံ့ အကူအညီ လိုအပ်သူများနဲ့ ပတ်သက်တဲ့ ကူညီပံ့ပိုးမှုတွေ ကိုတော့ အခြား အဖွဲ့အစည်းများနဲ့ ချိတ်ဆက် ဆောင်ရွက် ပေးမှာ ဖြစ်ပါတယ်။ အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ နို့လုပ်ငန်း အသင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ Golden Plain စိုက်ပျိုးရေး ကုန်ထုတ်သမ အသင်း လီမီတက် အဖွဲ့မှ ၀န်ထမ်းများ ပါဝင်တွေ့ဆုံ ခဲ့တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့