Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 9 October 2012

၎ လတာ ကာလ အတွင်း တရားဝင် ဆိုင်ကယ် လိုင်စင် ပြုလုပ်မှုမှ ကျပ် ၅၀ ဘီလီယံ ရရှိထား


ပြည်ပနိုင်ငံမှ ၀ယ်ယူ ထားတဲ့ ဆိုင်ကယ် များကို ပြည်တွင်းမှာ တရားဝင် စီးနင်း နိုင်စေရေး အတွက် လိုင်စင်များ ပြုလုပ်ပေးမှုကို ဇွန်လ ၅ ရက်နေ့မှ စတင်ပြီး
နိုဝင်ဘာလ ၄ ရက်နေ့ထိ ပြုလုပ် ပေးလျက်ရှိပြီး ၄ လတာ ကာလ အတွင်း ဒီလို တရားဝင် ဆိုင်ကယ် လိုင်စင် ပြုလုပ်မှုမှ စုစုပေါင်း အခွန်ရရှိငွေမှာ ကျပ် ၅၀ ဘီလီယံ ရရှိထား တယ်လို့ သိရပါတယ်။ အဆိုပါ ရရှိငွေ တွေကို ပြည်တွင်း အခွန်များ ဦးစီးဌာန အနေနဲ့ နိုင်ငံတော်ရဲ့ ဘတ်ဂျက် အတွက် ကောက်ခံ ထားရှိတာ ဖြစ်ပြီး နိုင်ငံတော်မှ သက်ဆိုင်ရာ ကဏ္ဍ အလိုက်  ပြန်လည် ချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ ကျပ် ၅၀ ဘီလီယံမှာ အကောက်ခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ ယာဉ်မှတ်ပုံတင်ကြေး၊ အာမခံ ပရီမီယံကြေး စတဲ့ အခွန်တွေ ကောက်ခံရာမှ ရရှိတဲ့ငွေတွေ ဖြစ်ပါတယ်။ ဒီလို ဆိုင်ကယ် တရားဝင် လိုင်စင် ပြုလုပ်ပေး ရာမှာ one stop service နဲ့ ဆောင်ရွက်ပေး လျက်ရှိပြီး ပွဲစားများနဲ့ တဆင့် ပြုလုပ်စရာ မလိုအပ်ဘူးလို့ သိရပါတယ်။ အခုလို ဆောင်ရွက်မှုမျိုး တွေပြုလုပ်ပေးမှုကို လာမယ့် နိုဝင်ဘာလ ၄ ရက်နေ့ အထိ စီမံချက် ထားရှိကာ ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စီမံချက် ကာလ နောက်ပိုင်းမှာ တွေ့ရှိရတဲ့  တရားမ၀င် လိုင်စင်မဲ့ ဆိုင်ကယ် တွေကိုတော့ သက်ဆိုင်ရာမှ ဥပဒေအရ ထိထိ ရောက်ရောက် အရေးယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့