Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 October 2012

ဒဂုံဆိပ်ကမ်း မြို့နယ် စက်မှုဇုန် အလုပ်သမား သမဂ္ဂများ ဦးဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြ

ဒဂုံမြို့သစ် ဆိပ်ကမ်းစက်မှုဇုန် အလုပ်သမား သမဂ္ဂများမှ ဦးဆောင်ပြီး အလုပ်သမား အင်အား၂၀၀ကျော်ခန့်သည် ၂၁၊၁၀၊၂၀၁၂ရက်နေ့ နံနက်၁၀နာရီတွင် ကနောင် မင်းသားကြီး လမ်းမ အနီး စုဝေး ရောက်ရှိလာပြီး ဟောပြောပွဲများ လုပ်ကာ
နံနက် ၁၀နာရီတွင် ကနောင် မင်းသားကြီး လမ်းအတိုင်း ဆိုင်းဘုတ် ပိုစတာများ ကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက် ဆန္ဒပြကြောင်း သတင်း ရရှိပါတယ်။

"ကျတော်တို့ ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းမှာ အချက် ၁၀ ချက်ပါ တောင်းဆိုချက်နဲ့ အတူ ဆန္ဒပြ ဖို့စာတင်တယ်။ အဲဒီ အထဲကမှ တစ်ချက်က အဖြုတ်ခံလိုက်ရတယ်။ အဲဒီ တစ်ချက်ကတော့ မြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက ဦးစီးမှူး ဦးစောစိုးတင့်ကို တာဝန်က ရပ်ဆိုင် ရေးဆိုတဲ့ အချက်ပါ။ သူကမြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ထဲက အတွင်းေ၇းမှူး၊ ကျတော်တို့ အလုပ်ခွင်ထဲက ဥပဒေပါ နစ်နာချက်တွေကို ဖျန်ဖြေရေးကို သွားတိုင်ရင် သူကတော့ ပထမတော့ မင်းတို့ ဥပဒေအတိုင်းရမယ်လို့ ပြောတယ် တကယ်တမ်းဖြေရှင်းရော သူကအလုပ်ရှင်ဘက်က လိုက်ပြီးပြောတယ်။

ကျတော်တို့ တိုင်ကြားချက်တွေကို သွားရောက်ဖြေရှင်းတဲ့ အခါကျရင် ကျတော်တို့ကို သိပ်ပြောခွင့် မပေးပဲ အလုပ်ရှင်ကို ပဲ ပြောခွင့်ပေးတယ်။ ပြီးရင် ကျတော်တို့ အလုပ်သမားတွေကို ဖိနှိပ်တယ်"ဟု အဆိုပါ ဆန္ဒပြရာတွင် ပါဝင်သူ အလုပ်သမားတစ်ဦးမှ ပြောကြားပါတယ်။

၎င်းစက်မှုဇုန်မှ အလုပ်လုပ်နေသော အလုပ်သမားများကိုလဲ မေးရာတွင် ထိုအလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဦးစောစိုးတင့်အား အယုံအကြည်မရှိကြောင်း အလုပ်ရှင်ဘက်မှသာ ပါကြောင်းကို အဆိုပါစက်မှုဇုန်မှ ၀န်ထမ်းတစ်ဦးမှ ပြောကြားပါတယ်။

"ကျမတို့မြို့နယ် ဖျန်ဖြေရေး အဖွဲ့ကိုပြန်ဖွဲ့ဖို့တောင်းဆိုတယ်ပေါ့နော် ဘာလို့တောင်းဆိုသလဲဆိုရင် အဲဒီမြို့နယ်ဖျန်ဖြေရေး အဖွဲ့ဖွဲ့လိုက်တုန်းကကျမတို့ မသိလိုက်ဘူး။ သူတို့လူတွေနဲ့သူတို့ဖွဲ့လိုက်ကြတာဘယ်အလုပ်သမားမှမသိလိုက်ဘူး။ အဲဒီမြို့နယ်ဖျန်ဖြေရေးထဲမှာပါတဲ့ဦးမိုလင်း(MMM အာရှနဂါး)အထည်ချုပ်စက်ရုံကဆိုရင်အလုပ်သမားအချင်းချင်သွေးကွဲအောင်
လုပ်ဆောင်နေတယ်။

သူဆိုရင် ဒီလထဲမှာ တစ်ရက်နေ့ကပေါ့နော် ဦးဥာဏ်လင်းအောင် ဦးဆောင်တဲ့ အခြေခံ အလုပ်သမား အဖွဲ့ကို အလုပ်ထုတ်ပစ်ပေးဖို့ ဆန္ဒပြတောင်းဆိုဘူးတယ်။ အဲဒီလိုမျိုး လူမျိုးပါလာတဲ့ မြို့နယ်ဖျန်ဖြေ ရေးအဖွဲ့ကို ကျမတို့ ဘယ်လိုယုံကြည်လို့၇မလဲ"ဟု ဆန္ဒပြရာတွင် ပါဝင်သူ အလုပ်သမား တစ်ဦးမှပြောကြောင်း သိရပါတယ်။

၎င်းဆန္ဒပြအလုပ်သမားများ တောင်းဆိုချက်၊ ရည်ရွယ်ချက်တွေကတော့  ---
                                
 တောင်းဆိုချက်/ရည်ရွယ်ချက်

၁။         ယာယီသဘောတူထားသော အနိမ့်ဆုံးလုပ်ခ ၅၆၇၀၀ ကိုအလုပ်သမားတိုင်းရရှိရေး။
၂။         ဖျန်ဖြေရေးအဖွဲ့ဝင်အလုပ်သမားကိုယ်စားလှယ်များအား အလုပ်သမားများရွေးချယ်မှုဖြင့်ခန့်အပ်ရေး။

၃။         ထမင်းစားချိန် ကိုအလုပ်ချိန် ၈ နာရီအတွင်း ထည့်သွင်းပေးရေး။
၎။         ဖျန်ဖြေရေးအဖွဲ့အား ပြန်လည်ဖွဲ့စည်းရေး။
            အလုပ်သမားများအား နောက်အလုပ်မရအောင် တားမြစ်နေမှုများအား ရပ်တန့်ပေးရေး။
၅။         အလုပ်ရှင်ပံ့ပိုးမှုဖြင့် အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခြင်းအား ရပ်တံ့ပေးရေး။
၆။         အလုပ်သမား သမဂ္ဂများအား နည်းမျိုးစုံဖြင့် ဖြိုခွဲနေမှုများ ရပ်တန့်ပေးရေး။
၇။         အလုပ်ခွင် အခြေအနေ တိုးတက်ကောင်းမွန်ရေး။
၈။         အလုပ်ရှင်များက စာချုပ်ချိုးဖောက် နေမှုများအား အရေးယူပေးရေး။
၉။         အလုပ်ရှင်များမှ အလုပ်သမားများအပေါ် လူသားချင်းစာနာရေး။
            တို့ဖြစ်ကြောင်းသိရပါတယ်။

၎င်းစီတန်း လမ်းလျှောက်ဆန္ဒပြရာသို့ အလုပ်သမား အခွင့်အရေးလှုပ်ရှားသူများ
(ALR)မှကိုကျော်ကျော်နှင့် ကိုနေလင်းထွန်းတို့မှ သွားရောက် ကူညီကြပြီး၊ ကိုကျော်ကျော်မှ အလုပ်သမားများ ဥပဒေအရ ရပိုင်ခွင့်များနှင့် ကမ္ဘာ့ အလုပ်သမားနေ့(Mayday)နေ့ ဖြစ်ပေါ် လာပုံများကို ရှင်းလင်း ဟောပြောပါတယ်။

၎င်းငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒပြတာကို နေ့လည် ၁၂ နာရီတွင် ကနောင်မင်းသားကြီးလမ်း
ကနောင်ကွေ့မှတ်တိုင် ယုဇနဥယျာဉ်မြို့တော်အနီးတွင် ပြီးဆုံးကြောင်း သတင်းရရှိပါတယ်။

By Myanmar News Now


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့