Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 23 October 2012

ကျိုတိုသတင်းဌာန၏ မေးမြန်းချက်အပေါ် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းပြောကြားချက်




နိုင်ငံတကာက ချေးငွေပေးသည့် ကိစ္စနှင့်ပတ်သက်ပြီး Kyoto News မှ မေးမြန်းချက်။




ကျွန်တော်တို့ စောစောကပြောသလို ကျွန်တော်တို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် (၁) အချက်ကတော့ ငွေကြေးအရင်းအနှီး ပြည့်ပြည့်စုံစုံမရှိပါဘူး ။ ငွေကြေး ပြည့်ပြည့်စုံစုံ မရှိတဲ့အတွက်ကြောင့် နှောင်းကြိုးကင်းတဲ့ ချေးငွေပဲဖြစ်ဖြစ်၊ နောက်တစ်ခါ ဒီဟာ Grant ပဲ ဖြစ်ဖြစ်ဒါတွေကို ကျွန်တော်တို့က လုပ်မဲ့လုပ်ငန်းတွေပေါ်မှာ ကြည့်ပြီးတော့ ကျွန်တော်တို့ လက်ခံသွားရမှာ ဖြစ်ပါတယ်။ ချေးငွေဆိုရင်တော့ နဲနဲစဉ်းစားရတယ်။ ဘာကြောင့်လဲဆို တော့ သူကချေးငွေဆိုတော့ အတိုးနှုန်း သက်သာတယ်ဆိုပေမယ့် သူကပြန်ဆပ်ရဦး မယ်လေ။ Grant ဆိုရင်တော့ ကျွန်တော်တို့က ပိုပြီးလိုလားတယ်။ Grant  လိုဟာမျိုးကျ ရင်  ကျွန်တော်တို့ ပြန်ပြီး recover မဖြစ်နိုင်တဲ့ ဥပမာပညာရေးတို့၊ ကျန်းမာရေးတို့၊ ဒီဟာ တွေမှာ ကျွန်တော်တို့ သုံးစွဲမယ်ဆိုပြီးတော့ ကျွန်တော်တို့ ဒီလိုမူချထားတယ်။ ချေးငွေ ကျတော့ ပြန်ဆပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ဝင်ငွေပြန်ရမယ့် Capital လိုဟာမျိုးမှာ ကျွန်တော်တို့ သုံးစွဲမယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ချေးငွေအတွက်ကို လိုက်ပြီးတော့မှ ခုနကလို တွေ့ဟယ် ပြုဟယ်နဲ့ ဆက်ဆံရင်းနဲ့ ဒီလိုလုပ်နေရတာဖြစ်ပါတယ်။ အဲ့တော့ ဘာပဲဖြစ်ဖြစ် ယူသင့်ယူထိုက်တဲ့ ချေးငွေအားလုံးကို ကျွန်တော်တို့ ယူမှာပဲဖြစ်ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့