Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 15 October 2012

ဆူး

မုသားမပါ လင်္ကာမချောတဲ့
လင်္ကာချောချောလေးတွေပဲ
မင်းအမြဲ ပြောခဲ့တယ်နော်
(မင်းရဲ့ )
ဓားသွားထက်က ပျားရည်စက်လို
ချိုမြန် ထက်ရှတဲ့
စကားသံတွေအောက်မှာ
ရစ်မူးရင်း ရူးသွပ်ခဲ့ရ...
အပြုံးလေးကျွေးလိုက်
အမုန်းလေးပေးလိုက်နဲ့ 

မင်းရဲ့ မာယာတွေအောက်မှာ
ဆုပ်လဲစူး စားလဲရူးဖြစ်နေပါပြီ

မင်းကို မုန်းချင်ပေမယ့်

မေ့လို့ မှမရတာ ချစ်သူရယ်

ဘာပဲဖြစ်ဖြစ်

နှလုံးသားထဲက အဆိပ်ဆူး

နှုတ်မရမယ့် အတူတူ စူးသာစူးပါစေတော့ကွယ်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့