Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 October 2012

ရန်ကုန်မြို့တွင်း စိုက်ထူ ထားသော ကြော်ငြာ ဆိုင်းဘုတ် များနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ကြေညာချက် ထုတ်ပြန်ထား


ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ နယ်နမိတ် အတွင်းမှာ စိုက်ထူ ထားတဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာမှ
ကြေညာချက် ထုတ်ပြန် ထားတယ်လို့ သိရပါတယ်။ ဒီလို ထုတ်ပြန်ရာမှာ လက်ရှိ ကာလ အတွင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ ရန်ကုန်မြို့တွင်းရှိ ပေ ၂၀x၉ ပေနဲ့ အထက် ဆိုင်းဘုတ်များ အတွက် ကြော်ငြာ လုပ်ငန်း များရဲ့ တင်ပြချက်အရ ပေးသွင်းရမယ့် ကြော်ငြာခ ငွေများကို သတ်မှတ်ချက်နဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ အထိ ခွင့်ပြုပေး ထားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ခွင့်ပြုထား ပေမယ့် အချို့ လုပ်ငန်းရှင်တွေ အနေနဲ့ ကော်မတီကို လာရောက် ဆက်သွယ်ကာ ပေးသွင်း ရမယ့် ကြော်ငြာခများ အတွက် ငွေပေး သွင်းခြင်း၊ အရစ်ကျငွေ ပေးသွင်းခြင်း တို့ကို ဆောင်ရွက် လျက်ရှိ ပေမယ့် အချို့သော လုပ်ငန်းရှင်တွေ ကတော့ သက်ဆိုင်ရာ ကော်မတီကို လာရောက် ဆက်သွယ်မှု မရှိသေးဘူးလို့ သိရပါတယ်။

ဒီလို ဆက်သွယ်မှု မရှိသေးတဲ့ လုပ်ငန်းရှင် တွေဟာ သက်ဆိုင်ရာမှ ထုတ်ပြန် ထားတဲ့ ကြော်ငြာပါရှိပြီး ၁၀ ရက်အတွင်း လာရောက် ဆက်သွယ်ကြဖို့နဲ့ ဆက်သွယ်မှု မရှိပါက အဆိုပါ ဆိုင်းဘုတ်တွေကို သက်ဆိုင်ရာမှ ဖြုတ်သိမ်း သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနဲ့ အဆိုပါ ကြော်ငြာခ နှုန်းထားများ အတွက် တစ်ပေ ပတ်လည်ကို တစ်နှစ်စာ ကြော်ငြာခ ကျပ် ၂ သောင်း သတ်မှတ် ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့