Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 17 October 2012

အလွမ်း


တိတ်ဆိတ်လှသော ချစ်ကြမ္မာရဲ့အောက်
ငါ အသံတိတ် ငိုကြွေးနေဆဲ
အတ္တပွင့်ဖတ်တွေထဲက
ဟန်ဆောင်မှု ဝတ်မှုံတွေလည်း
အလွမ်းဝေဟင်ထဲ တသိမ့်သိမ့်ဝဲလွင့်ဆဲပါ...
သိမ်မွေ့လှသော အနမ်းကမ္ဘာထဲ
ငါ အသက်မဲ့မသွားအောင်
မာယာစင်မြင့်ထက်က အာဃာတလိပ်ကားရှေ့မှာ
အမူအရာ အဖုံဖုံနဲ့
သွဲ့သွဲ့လေး ကဆဲပါ...
အမုန်းဝင်္ကာပါတောထဲက
ကြွရောက်အားပေးလာကြတဲ့
သစ္စာမဲ့ ပြယုဂ်ပိုင်ရှင်များစွာကိုလည်း
ငါ လှလှပပ ပြုံးပြဆဲပါပဲ...
အတွင်းသဘောအမှန်ကို
ဖွင့်ပြောရန်မလိုသလို
အကြင်နာတောကိုလည်း သမင်လည်ပြန်စောင်းငဲ့ပြီး
တသသ မလွမ်းချင်တော့ဘူးလေ...
ဥယျာဉ်တခုကိုသာ
ငါ...
ပိုင်ဆိုင်ခွင့်ရမယ်ဆိုရင်တော့
မြတ်နိုးမှုတွေစီခြယ်
သိမ်မွေ့တဲ့ နူးညံ့ခြင်းပွင့်ဖတ်တွေကို
ယုယမယ့် လက်တစ်စုံတော့
တမ်းတဆဲပါ....                

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့