Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 October 2012

မီးရူးဝင်လာ၍ မီးပုံပျံပြုလုပ်သည့် အိမ် မီးလောင်မှု ဖြစ်ပွား

ရှမ်းပြည်နယ် တောင်ကြီးမြို့  စပ်စံထွန်း ရပ်ကွက် စပ်စံထွန်း ဆေးရုံ ဝန်ထမ်းအိမ်ရာ တွင် ၂၅.၁၀.၂၀၁၂ အချိန် မနက် ၉း၄၀ အချိန် ခန့်၌ မီးရူးဝင်လာ၍  မီးလောင်ကျွမ်း ခဲ့ကြောင်း သတင်းရရှိပါသည်။

မီးလောင် ကျွမ်းမှုသည် မနက် ၉း၄၀ အချိန်မှ စတင်ကာ ၁နာရီအချိန် နီးပါးလောင်ကျွမ်းခဲ့ပြီး ၁၀း၂၀ အချိန်မှ မီးညွှန့်ကျိုးခဲ့ကြောင်း သိရသည်။

 နတ်ဆောင်း နာမည်ဖြင့် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲ အတွက် မီးရူးမီးပန်းများ ပြုလုပ်နေခြင်းဖြစ်သည်ပာု သိရသည်။

“ မီးသတ်ကို ဖုန်းဆက်မယ် ဆိုတော့လည်း ဖုန်းနံပါတ်ကို အလွှတ်မရဘူးလေ။ ဒါကြောင့် ဆိုင်ကယ်နဲ့ မီးသတ်ကိုသွားခေါ်ခဲ့တယ် ” ပာု မီးလောင်ကျွမ်းရာ အနားရှိ ဆေးရုံဝန်ထမ်း အိမ်ရာတွင် နေထိုင်သူ ကိုထွန်းထွန်းမှပြောပြပါသည်။

လောင်ကျွမ်းမှုသည် နေအိမ် တစ်လုံးရှိ မိသားစု နှစ်စု မီးလောင်ကျွမ်းခဲ့တာလည်း ဖြစ်ပြီး  ၎င်းမီးလောင်ကျွမ်းသည့်နေအိမ်တွင် နေထိုင်သူ အိမ်ရှင် ဦးကျော်သီပာ နှင့် မောင်နှမ (၃) ဦး ရှိတာဖြစ်သည်ပာု သိရသည်။

နတ်ဆောင်း မီးကြီး နာမည်ဖြင့် တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲတွင် ဝင်ပြိုင်မည့် မီးရူးမီးပန်းများ၊ ခိုပျံများ၊ မီးပုံးစက္ကူများ နှင့် ပျဉ်ထောင် သွမ်းမိုးကာ အိမ်ဖြစ်တဲ့အတွက် မီးလောင်ကျွမ်းမှု မြန်ဆန်ခဲ့ပြီး ဆုံးရူံးမှု့တန်ဖိုးကို အိမ်ရှင်ညီမ အားမေးကြည့်ရာမှာတော့ “ ဆုံးရူံးမှုတန်ဖိုးဆိုရင်တော့ ဘားမှကို မရတော့တာ။အကုန်လုံးပါသွားပါတယ်” ပာု ပြောပြပါတယ်။

အိမ်ရှင်ဖြစ်သူ ဦးကျော်သီပာ သည် စပ်စံထွန်း ဆေးရုံ၏ စက်ပစ္စည်းထိန်း ဝန်ထမ်း တစ်ဦးဖြစ်ပြီး မီးစလောင်စဉ် အိမ်ထဲဝင်ကြည့်ရာ၌ ခြေထောက်တွင် ဒဏ်ရာ အနည်းငယ်ခန့် ရရှိခဲ့ပြီး တခြား ထိခိုက်ဒဏ်ရာရသူ နှင့် သေဆုံးသူ မရှိကြောင်း သိရသည်။

တောင်ကြီးတန်ဆာင်တိုင်မီးပုံးပျံပြိုင်ပွဲတွင် ဝင်ပြိုင်မည့် မီးပုံပျံ မီးကြီးများသည် တရုတ်နိုင်ငံမှ တင်သွင်းသော မီးရူးမီးပန်းများ တပ်ဆင်၍ ဝင်ပြိုင်ခွင့်မရှိသောကြောင့် ယခုလို မီးရူးမီးပန်းများအား ကိုယ်တိုင်ပြုလုပ်တပ်ဆင်ပြီး ဝင်ပြိုင်ကြရတာလည်းဖြစ်သည်ပာု သိရသည်။

တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ ပြုလုပ်ရန် အချိန်သည် တစ်လခန့်သာလိုတော့သည့်အတွက် ပြိုင်ပွဲဝင်ပြိုင်မည့် အဖွဲ့များအားလုံးသည့် မီးရူးမီးပန်းများအား ကြိုတင်ပြုလုပ် နေခြင်း ဖြစ်သည်ပာု သိရသည်။

မီးပုံပျံ တစ်လုံးအတွက် ကုန်ကျစရိတ် သိန်း ၃၀ မှ ၄၀ အကြား ကုန်ကျကြောင်း နှင့် တစ်လ မှ နှစ်လ ကြိုတင် ပြုလုပ်ရသည် ပာု သိရသည်။

မီးပုံပျံ ကိုယ်ထည် သုံးသည့် ရှမ်းစက္ကူ  အမျိုးအစား အမျိုးမျိုး ရှိပြီး ပင်လောင်း မှ လာသော ရှမ်းစက္ကူ နှင့် မိုင်းကိုင် မှ လာသော ရှမ်းစက္ကူ ပာု၍ ရှိသည်ပာု မီးဆရာမှ ပြောပြပါသည်။ တစ်ရွက် လျှင် ၂၀၀ ခန့် ပေးဝယ်ရပြီး တစ်လုံးလျှင် ရွက်ရေ ၁၀၀၀ ကျော်ခန့် အသုံးပြုရကြောင်း သိရပါသည်။

ပြိုင်ပွဲဝင် မီးပုံပျံ များ၏ ယမ်းပိသာချိန် ၄၀ ကျော်ခန့် ရှိပြီး ယမ်းပြုလုပ်ရာတွင်လည်း ပိုတက် ၊ ဘေနီယမ်  စသည့် ပစ္စည်းများကိုလည်း အချိုးကျ ပါဝင်ရောစပ်၍ စနစ်တကျ ထောင်း၍ ပြုလုပ်ရကြောင်း သိရပါသည်။

ယမ်းထောင်းရာတွင် အန္တရာယ် များစွာ ရှိပြီး ကျွမ်းကျင်သည့် မီးဆရာများ နှင့် ပြုလုပ်သူများမှ စနစ်တကျ ကိုင်တွယ် ပြုလုပ်ရကြောင်းသိရပါသည်။

ယခုလို မီးရူးလုပ်သည့် နေအိမ်မီးလောင်မှုများသည် မနှစ်ကလည်း အလားတူလောင်ကျွမ်းမှုများ ရှိခဲ့ပြီး တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ အချိန်ရောက်ခါနီး အချိန်တွင် ယခုလို မီးလောင်မှုများ အကြာခဏဖြစ်တတ်ကြောင်း ဒေသခံ တစ်ဦးပြောကြားချက်အရသိရသည်။

သတင်း -  ဓါတ်ပုံ ။ ။ နေလင်းသိုက်(တောင်ကြီး)



မီးလောင်ကျွမ်းမှု မြင်ကွင်း 

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့