Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 23 October 2012

မြန်မာ-အိန္ဒိယ စီးပွားရေး တွေ့ဆုံပွဲတွင် လက်မှု အနုပညာ လုပ်ငန်းရှင်များပါ ပါဝင်တွေ့ဆုံ ဆွေးနွေးမည်


အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ Indo Myanmar Chamber of Commerce and Industry မှ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်
များနဲ့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ UMFCCI မှာ လက်မှု အနုပညာ လုပ်ငန်းများ ကိုပါ ပါဝင်တွေ့ဆုံ ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ့ အိန္ဒိယနိုင်ငံမှ လုပ်ငန်းရှင် ၁၃ ဦး ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ ခရီးသွား လုပ်ငန်း၊ အပူပေးစက် ရေနွေးငွေ့ လုပ်ငန်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းသိမ်းရေး စနစ်ဆိုင်ရာ လုပ်ငန်း၊ သစ်လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ ပဲမျိုးစုံနဲ့ နှမ်းလုပ်ငန်း၊  သတ္တုလုပ်ငန်း၊ အထည်ချုပ် လုပ်ငန်း၊ ဓာတုဗေဒ လုပ်ငန်း၊ ဆေး၊ စက်မှု ကုန်ကြမ်းများ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများ၊ ကားလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းသုံး တပ်ဆင် ပစ္စည်းများ၊ အလူမီနီယံပြား ပေါ်မှာ ပုံနှိပ် လုပ်ငန်းနဲ့ စက်သုံးဆီ အမျိုးမျိုး စတဲ့ လုပ်ငန်းများကို အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက် တွေ့ဆုံ သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှု လုပ်ငန်းများ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ စီးပွားရေး လုပ်ငန်းများ ရေရှည် ပူးပေါင်း ဆောင်ရွက် နိုင်ဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့