Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 25 October 2012

ဆူးလေတွင် ဘုန်းတော်ကြီးများ ဆန္ဒ ထုတ်ဖော်နေ(သတင်းအပြည့်အစုံ)


တိုင်းရင်းသားငြိမ်းချမ်းရေးကွန်ယက်မှ
 သံဃာတော်အပါး ၁၆၀ကျော် 
လူပုဂ္ဂိုလ်၅၀ဦးခန့်သည် ဆူးလေ
ဘုရားရှေ့တွင် ဆန္ဒထုတ်ဖော်နေပြီး

လွှတ်တော်တွင်းမှ တရားမ၀င်ဘင်္ဂါလီ
အမတ်များ ချက်ခြင်းဖယ်ရှားပေးရန် တောင်းဆိုမှုများ ပြုလုပ်နေကြာင်း
သိရသည်။

Eleven media Group


 အောက်တိုဘာလ ၂၅ရက်နေ့ ယနေ့ နေ့လည် ၁နာရီတွင် ရန်ကုန်မြို့ရှိ ရဟန်း
သင်္ဃာများနှင့် ရခိုင်တိုင်းရင်းသားများက ရခိုင်ပြည် ပဋိပက္ခအတွင်း အသက်ဆုံး
ရှုံးခဲ့ရသူများအတွက် ဆုတောင်းအမျှဝေပွဲတစ်ရပ်ကို ဆူးလေဘုရား၌ ပြုလုပ်
ခဲ့ကြောင်း သတင်းရရှိသည်။

ဆုတောင်းအမျှဝေပွဲသို့ ရဟန်းသင်္ဃာ အပါး ၂၀၀ကျော်ခန့်နှင့် လူဦးရေ ၈၀နီးပါးခန့်
 တက်ရောက်ကာ ဆူးလေးဘုရားပေါ်တွင် ပဋိပက္ခအတွင်း ကွယ်လွန်ခဲ့ရသူများ
အတွက် ဆုတောင်း အမျှဝေခဲ့ကြောင်း သိရှိရသည်။

"ဦးဇင်းတို့ ရခိုင်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ အဓိက အစိုးရရဲ့ တရားဥပဒေစိုးမိုးမှုနဲ့
 ဒေသတည်ငြိမ်မှု ထိန်းသိမ်းရေးအလွန်ညံ့ဖျင်းတဲ့အတွက် အခုလို အသက်အိုးအိမ်ပျက်စီး၊ ဆုံးရှုံးမှုတွေဖြစ်ရတာပါ။

 ပြီးတော့ တရားမ၀င်လာရောက်သူတွေနဲ့ ကိုယ့်တိုင်းပြည်က ရခိုင်ပြည်သူတွေကြားမှာ စစ်တပ်က ပြဿနာကို ဖြေရှင်းတဲ့အခါမှာကိုယ့်တိုင်းပြည်ကရခိုင်ပြည်သူတွေဘဲ သေနတ်
ဒဏ်ရာတွေနဲ့ သေဆုံးကြရာတာဟာ တရားနည်းလမ်းမကျတဲ့ စစ်တပ်ရဲ့လုပ်ရပ်
လို့မြင်ပါတယ်။

 ဒါကို ဦးဇင်းတို့က သေဆုံးသွားသူတွေအတွက် ဆုတောင်းအမျှဝေပြီးတော့ ပြဿ
နာတွေငြိမ်းချမ်းသွားဖို့နဲ့ စစ်တပ်အခုလို မိမိပြည်သူပြည်သားတွေကို ပစ်သတ်နေ
တာတွေ ရပ်တန့်ပေးဖို့ ဆန္ဒဖော်ထုတ်ရတာဖြစ်ပါတယ်"ဟု
သင်္ဃာတစ်ပါးက မိန့်သည်။

လွှတ်တော်ထဲမှ တရားမ၀င် ဘင်္ဂလီများအား ချက်ချင်းဖယ်ရှားပေးရန်၊ တရား
မ၀င် ဘင်္ဂလီများအား မြန်မာနိုင်ငံမှ မောင်းထုတ်ပေးရန်၊ စစ်တပ်မှ တိုင်းရင်းပြည်
သူများအား ပစ်သတ်နေမှုအပေါ် ချက်ချင်းရပ်တန့်ရန်၊ ရခိုင်ပြည်သူများအား မူဆလင်အစွမ်းရောက်ဘင်္ဂလီများအန္တရာယ်မှ ကာကွယ်ပေးရန်၊ ရခိုင်ပြည်ပြဿနာ
အား သမ္မတမှ စဉ်းစားဆုံးဖြတ်ပေးရန်၊ ရခိုင်ပြည်၏ပျက်စီးဆုံးရှုံးမှုသည် မြန်မာနိုင်ငံ
၏ ပျက်စီးဆုံးရှုံးမှုဖြစ်သည်၊

 တရားမ၀င်ဘင်္ဂလီများနှင့် မည်သည့်နည်းနှင့်မှ အတူယှဉ်တွဲမနေလိုပါ၊ ၁၉၈၂ခုနှစ်
လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေကို အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် စသည့်
အချက် ၉ချက်ကိုလည်း ယင်းဆုတောင်းပွဲတွင် ရခိုင်တိုင်းရင်းသားများက
 တောင်းဆိုခဲ့ကြသည်။

မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်တို့တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင်
ပဋိပက္ခများတွင် စစ်တပ်မှ ပစ်ခတ်မှုများကြောင့် ဒေသခံရခိုင်တိုင်းရင်း ၁၀ဦးထက်
မနည်းသေဆုံးခဲ့ရပြီး၊ အများအပြားဒဏ်ရာရရှိကာ မြို့နယ်အသီးသီးမှ ဆေးရုံများတွင်
 ဆေးကုသခံနေရပြီး အရေးပေါ်လူနာတချို့အား ရန်ကုန်သို့ပို့ဆောင်ခဲ့ရကြောင်း ရခိုင်လူမှုအသင်းများမှပြောပြချက်အရ သိရှိရသည်။

Arakan times သတင်းဌာန












No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့