Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 October 2012

ဒီဇင်ဘာလတွင် မွေးမြူရေး ဆိုင်ရာ ပရော့ဂျက် ၃ ခု အကောင်အထည် ဖော်မည်


မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်နဲ့ Winrock International  အဖွဲ့တို့ ပူးပေါင်းပြီး မွေးမြူရေး ဆိုင်ရာ ပရော့ဂျက် လုပ်ငန်း ၃ ခုကို အခုနှစ် ဒီဇင်ဘာ
လအတွင်း အကောင်အထည် ဖော်ဆောင်ရွက် သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို အကောင်အထည် ဖော်ဆောင်ရွက်မယ့် လုပ်ငန်း ၃ ခုကတော့ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်ရဲ့ ဈေးကွက်နဲ့စီးပွားရေး ဆန်းစစ်မှု လုပ်ငန်းများမှာ စွမ်းရည် မြှင့်တင် ပေးခြင်း၊ ပြည်တွင်းရဲ့ ဆိတ်မွေးမြူ ထုတ်လုပ်ရေးမှာ ဖွံ့ဖြိုး တိုးတက်စေဖို့နဲ့ နို့စားနွားများရဲ့ မျိုးရိုး မှတ်တမ်း ပြုလုပ် ထိန်းသိမ်းခြင်း စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အဲ့ဒီ လုပ်ငန်း တွေကို အခု ၂၀၁၂ ခုနှစ်နဲ့ လာမယ့် ၂၀၁၃ ခုနှစ် နှစ်နှစ်တာ ကာလ အတွင်း အမေရိကန် နိုင်ငံမှ စေတနာ့ ၀န်ထမ်း ကျွမ်းကျင် သူများနဲ့ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာ့ မွေးမြူရေး စွမ်းအားစုများ ဖွံ့ဖြိုး တိုးတက်ရေး သုတေသန အသင်းမှ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျွမ်းကျင် သူများနဲ့ တွဲဖက်ဆောင် ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို လုပ်ငန်း ဆောင်ရွက်မှု တွေကို ပြည်တွင်းရဲ့ မွေးမြူရေး ကဏ္ဍ ဆိုင်ရာ နည်းပညာ များဖွံ့ဖြိုး တိုးတက် လာစေဖို့ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ အဆိုပါ ပရော့ဂျက် လုပ်ငန်း ၃ ခုကို ဆောင်ရွက်ရာ မှာတော့ အမေရိကန် နိုင်ငံမှ စိုက်ပျိုး မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများနဲ့ ပြည်တွင်းမှ စိုက်ပျိုး မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူများမှ ညှိနှိုင်းကာ နည်းပညာများ ဖလှယ် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့