Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 12 October 2012

အွန်လိုင်းပေါ်မှ ငွေဖြည့်ကဒ် ၀ယ်ယူမှုတွင် ငါးထောင်တန် ငွေဖြည့်ကဒ် ၀ယ်ယူမှု များနေ


အွန်လိုင်း ကနေပြီး ငွေဖြည့်ကဒ် ၀ယ်ယူရာမှာ ကျပ်တစ်သောင်းတန်၊ ကျပ်သုံးသောင်းတန် ငွေဖြည့်ကဒ် တွေထက် ငါးထောင်တန် ငွေဖြည့်ကဒ် ၀ယ်ယူမှု
ပိုမိုပြီးများပြား နေတယ်လို့သိရပါတယ်။ အခုလို ၀ယ်ယူမှုကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က စတင်ပြီး ၀ယ်ယူ နိုင်တာ ဖြစ်ပါတယ်။ ဒီလို ၀ယ်ယူရာမှာ www. prepaidcard.com.mm မှာ ၀င်ရောက် ၀ယ်ယူ ရတာဖြစ်ပြီး ၀ယ်ယူသူတွေ အနေနဲ့ ညပိုင်းမှာ ပိုမိုဝယ်ယူမှု များပြား တယ်လို့ အဆိုပါ အွန်လိုင်း ငွေဖြည့်ကဒ် ၀ယ်ယူမှုကို ပြုလုပ် ထားတဲ့ ရွှေအောင်သစ္စာ ကုမ္ပဏီမှ သိရပါတယ်။

အဆိုပါ ၀က်ဆိုဒ်မှာ ငွေဖြည့်ကဒ်များ အနေနဲ့ GSM ငါးထောင်တန် ငွေဖြည့်ကဒ်ကို လေးထောင့် ကိုးရာကျပ်နဲ့ CDMA 800 MHz အတွက် လေးထောင့် ကိုးရာ ငါးဆယ်ကျပ် အသီးသီး ဖြစ်ပြီး တစ်နေ့ကို ငွေဖြည့်ကဒ် ၃၀ နီးပါး လက်ရှိမှာ ရောင်းချ ရတယ်လို့ သိရပါတယ်။ ငွေပေးချေမှု အပိုင်း ကိုတော့ www.myanpay.com.mm နဲ့ ချိတ်ဆက်ပြီး ပေးချေရတာ ဖြစ်ပါတယ်။ အခုလို အွန်လိုင်း ကနေပြီး ဖုန်းငွေဖြည့်ကဒ် ၀ယ်ယူ နိုင်သလို myanpay နဲ့ ကုမ္ပဏီ တစ်ခုတို့ ချိတ်ဆက်ပြီး Online mobile shop တစ်ခုပြုလုပ်ဖို့ စီစဉ်လျက် ရှိတယ် လို့လည်း myanpay မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့