Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 14 October 2012

လွမ်းမျက်ရည်***


လရောင်းမနမ်း..ကြာပန်းရယ်က..
သစ်ရိပ်ကွယ်ရာ..ကမ်းစပ်မှာပင်..
ငြိုးငယ်စွာနဲ့..လ၀န်းမျက်နှာ..
ငေးကြည့်ကာဖြင့်..ရေဇလာဝယ်..
ပျော်ရွှင်ဖွယ်ကင်း..ငိုချင်းဖြာရ..
ပန်းကြာဘ၀..မောင့်ဘ၀ရယ်ပါ...ခင်..

ဇေယျာကမ်းမှာ..သောကဖြာကာ..
လွမ်းရပါသည်..မျက်ဝန်းအိမ်မှ..
စီးကျလာသည့်..ခန်းခြောက်ဖွယ်ရာ..
ခွင်းမသာသော..မျက်ရည်ကျောက..
ရေဇလာပြင်..ဧရာရင်တွင်း..
စီးဆင်းခဲံ့ရ..မြစ်မင်းဧရာ..
ရင်ကွဲသဲနာ..ဖြစ်ရရှာလျက်..
မောင်မောင့်အတွက်..ရက်စက်သူကိုယ်စား..
သနားခဲ့ပြီး....ခင်..

တစ်သက်သာမှာ..ခင့်ကိုသာပဲ..
စွဲနစ်ကာပင်..မေတ္တာငင်ကြောင်း..
သစ္စာလောင်းသည်..သနားခံကာ..
တောင်းခံပါသည်..အကြောင်းညီရန်..
ဖန်ပေးလဲ့ပါ..မြစ်ဧရာရယ်.....

  အားလုံးကိုလေးစားလျက်..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့