Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 8 October 2012

ပိုးသတ်ဆေး ဓာတ်ကြွင်း များကြောင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်


မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချ သူများ အသင်းကြီး၏ ကျွဲကော စိုက်ပျိုး ထုတ်လုပ်သူများ
အစုအဖွဲ့ ကျွဲကောသီးပြပွဲ၊ ပြိုင်ပွဲ၊ နဲ့စာတမ်းဖတ်ပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သီးပင်စားပင် များမှာ ဖျန်းပက် ထားတဲ့ ဓာတုပိုးသတ်ဆေး ဓာတ်ကြွင်း များကြောင့် စားသုံးသူများဟာ ကင်ဆာရောဂါ ဖြစ်ပွား နိုင်တယ်လို့  သိရပါတယ်။ ဒါ့ကြောင့် ပိုးသတ်ဆေး ဖျန်းထားတဲ့ ဟင်းသီး ဟင်းရွက်များ၊ အသီးအနှံများကို သတ်မှတ်ထားတဲ့ ရက်မတိုင်မီ ဆွတ်ခူးခြင်း၊ ပိုးသတ်ဆေး ထပ်မံ ဖျန်းပက်ခြင်းများ ပြုလုပ်ပါက ပိုးသတ်ဆေး ဓာတ်ကြွင်းများ အပင်မှာကျန်ရှိစေပြီး စားသုံးသူကို ကင်ဆာ ရောဂါ ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ရောင်းချသူနဲ့ စားသုံးသူများဟာ ပိုသတ်ဆေးများ ဖြန်းထားတဲ့ သီးနှံများကို သတ်မှတ်ရက် မတိုင်ခင် ဆွတ်ခူးခြင်း၊ စားသုံးခြင်း၊ ပိုးသတ်ဆေး ထပ်မံ ဖျန်းပက်ခြင်းများ မပြုသင့်ဘူးလို့ သိရပါတယ်။ ပိုးသတ်ဆေး ဓာတ်ကြွင်း များကြောင့် ဆိုးကျိုး သက်ရောက်မှုဟာ စာသုံးသူ လူများကို ကင်ဆာရောဂါ ဖြစ်ပွားစေ နိုင်သလို မြေဆီလွှာ ပျက်စီးမှု များလည်း ဖြစ်ပေါ်စေ နိုင်ပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေး ဓာတ်ကြွင်းများ ပါဝင်တဲ့ သီးနှံများကို စားသုံးမိတဲ့ သတ္တ၀ါများ ဟာလည်း ကိုယ်ဝန် ဆောင်တဲ့အခါ သန္ဓေသား မူမမှန်မှုများ ဖြစ်ပေါ် တတ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက် ၊သီနှံများကို ဓာတု ပိုးသတ်ဆေးများနဲ့ စိုက်ပျိုးမယ့် အမျိုးအစား အော်ဂန်နစ် ပိုးသတ်ဆေး၊ အော်ဂန်နစ် ဓာတ်မြေသြဇာ များနဲ့သာ ပိုမို စိုက်ပျိုး နိုင်အောင် ဆောင်ရွက် သင့်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့