Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 25 October 2012

သမ္မတ ကြီးဆီသို့  ရောက်ပါစေ ။ ဒေါ်ရီ



သို.

ဦးသိန်းစိန် ၊ သမတကြီး ၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်
ကျွန်မအမည်မှာ ဒေါ်ရီဖြစ်ပါသည်။ အသက် (၈၅) နှစ်ရှိပြီး ထောင်တစ်သက်လွတ်ရက်မရှိ ကျခံနေရသော မောင်လင်္ကျာထွန်း မိခင်
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို.နယ်၊ (၁၅) လမ်း၊ အမှတ်-၁၁၆ ( ၃လွှာ )၊ ၀ဲခန်းတွင် နေထိုင်သည့် ဗမာလူမျိုး ဗုဒ္ဓဘာသာကိုးကွယ်သူ တစ်ဦးဖြစ်ပါသည်။
အမေအို၏သား မောင်လင်္ကျာထွန်းသည် အရွယ်နှင့်မမျှသော ပြစ်ဒဏ်များကို ခံခဲ့သည်မှာ ယခုလက်ရှိအချိန်အထိဖြစ်ပါသည်။
သားနှင့်ပတ်သက်သောစွပ်စွဲချက်များသည် မမှန်ကန်ပါလို. အမေ့အနေဖြင့် ကျမ်းသစ္စာ ပြုနိုင်ပါသည်။ အမေ၏သားငယ်ကို ၁၉၉၈ ခုနှစ်က
ဒုတိယအကြိမ်ဖမ်းဆီးပြီးခံခဲ့ရပါသည်။ ၄င်းတို.စွပ်စွဲသောအရာများတွင် အမေ့၏သားငယ် အတွက် တဖက်သတ်စွပ်စွဲချက်များသာ ဖြစ်ပါသည်။
သားငယ်ကို သေဒဏ်ချပြီး(၃)လအကြာမှ သိရပြီး၊ရှေ.နေငှားခွင့်မရှိ၊ မည်သည့်တရားရုံးကပင် အမိန်.ချသည်ကို မသိရှိခဲ့ရဘဲ ထိုကဲ့သို.ကြီးမားသည့် ပုဒ်မကြီးများနှင့် လူငယ်တစ်ယောက်၏ ဘ၀ ယနေ.ထိတိုင်အောင် ဆုံးရှူံးခဲ့ရပါသည်။
မောင်လင်္ကျာထွန်းကို ပထမအကြိမ် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးပြီး နယ်စပ်ဖြတ်ကျော်မှု နှင့် ပုဒ်မ ၁ရ(၁)၊ ၅(ည) နှင့် ထောင်ဒဏ် (၅) နှစ်
ချမှတ်ခဲ့ပြီး၁၉၉၆ ခုနှစ်တွင် လွတ်လာပြီး ၄င်းဘ၀အတွက် စာကြိုးစားပြီး ဟိုတယ်နှင့် ခရီးသွား ဌာနတွင် ဘာသာပြန်အလုပ်ကို လုပ်ကိုင်ပြီးနေချိန်တွင်၁၉၈၉ ခုနှစ်တွင် ထပ်မံဖမ်းဆီးပြီး ယခုကဲ့သို. သေဒဏ်ချမှတ်ခဲ့ပါသည်။
သူ.ကို အမေတို. ပထမဦးဆုံးထောင်ဝင်စာသွားတွေ.ချိန်တွင် သူပြောခဲ့သောစကားကို အမေ့ တစ်သက်မေ့လို.မရပါ။
" အဖေနှင့်အမေ ကျွန်တော်ကိုယ်ကျွန်တော်မယုံဘူး။ ကျွန်တော်ဘာမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော် ဗုဒ္ဓဘာသာစစ်စစ် တစ်ယောက်ပါ။ သူတို. မတရားစွပ်စွဲခဲ့တာပါ။ အမှန်တရားဆိုတာ ကျွန်တော်တို.နိုင်ငံမှာမရှိတော့ပါဘူး။ တရားဥပဒေစိုးမိုးရေး ဆိုတာလည်း မရှိတော့ဘူးလား "
ဟူသော စကားဖြစ်ပါသည်။

ယခုအချိန်တွင် သားငယ်လေးက သာယာဝတီထောင်ထဲမှာ သူတတ်တဲ့ စာတွေဖတ်၊ စာမတတ်တဲ့ သူတွေကို စာသင်၊ ဘာသာရေးတွေ ဖိဖိစီးစီးလုပ်၊ ဂိုလ်အင်ကာ တရားစဉ်တွေကိုလည်း အကြိမ်ကြိမ် ၀င်ပြီး လွတ်မယ့်ရက်ကို မသိတဲ့ထောင်တစ်သက်ကို ရင်ဝယ်ပိုက် ပြီး စောင့်မျှော်နေသည်မှာ အမှန်ပဲ။
ယခု ပြည်သူ.လွှတ်တော်တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သားလွတ်မြောက်ရေးအတွက် ကူညီနိုင်မည် ဟု မျှော်လင့်ပြီး အမေ့သားလည်း သူတတ်သည့်စာပေတို.နှင့် တိုင်းပြည်ကို အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ကူညီခွင့်ပြုပေးနိုင်ပါစေ။သား မောင်လင်္ကျာထွန်းကပြောပါသည်။ သူ.ဘ၀ တစ်စိတ်တစ်ဒေသဟာ ထောင်တွင်းတွင်သာကြီးပြင်းခဲ့ပြီး ပညာမသင်နိုင်ခဲ့ပေ။ သူအမြဲတမ်း သူ.ရဲ.စာဖတ်စာရေး ၀ါသနာကြောင့် သူလေ့လာဖတ်ရှူမှုကို ထောင်တွင်းတွင်သာ ပြုလုပ်နိုင်ပေမယ့်
ထောင်တွင်းမှလည်း သူ.ထက်ပညာတတ်တွေ တွေ.ခဲ့ပြီး သူတို.ဆီကအလွတ်မခံ သင်ကြား မှတ်ယူနေသူတစ်ယောက်ဖြစ်ပါသည်။

အမေ့အနေဖြင့် သားမောင်လင်္ကျာထွန်းတစ်ယောက်ပင် မဟုတ်ဘဲ သားကဲ့သို. ယုံကြည်ချက် ရှိသော အကျဉ်းသားများ အားလုံးလည်း ပြန်လည်လွတ်မြောက်စေလိုပါသည်။ အားလုံးဝိုင်းဝန်း၍ ကူညီပေးပါရန် မေတ္တာစေတနာဖြင့် တောင်းဆိုပါသည်။
သားငယ်၏အမှုတွဲဖြစ်သူ ကျောင်းဆရာ ဦးခင်လှိုင်(ခ)ဦးဖိုးဆောင် သေဒဏ်နှင့် ထောင်ဒဏ် (၁၄)နှစ် ကျခံရသောသူသည် နိုင်ငံတော်သမတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၂ ခုနှစ်၊ဇန်န၀ါရီလ(၁၃)ရက်နေ.ကလွတ်မြောက်လာသည့်
အကျဉ်းသားထဲတွင် ပါဝင်ခဲ့သည်ကိုလည်း ကြားသိရှိခဲ့ရပါသည်။ ထို.ကြောင့် အမေ့အနေဖြင့်လည်း သားအတွက် မသေခင် ပြန်လည် ဆုံဆည်းမည်ဟု များစွာမျှော်လင့်ပါသည်။
ရိုသေလေးစားစွာဖြင့် - ဒေါ်ရီ
၁၂/ကတတ (နိုင်) ၀၀၄၀၅၃
အမှတ်-၁၁၆/ ၃ ထပ် (၀ဲခန်း)၊ (၁၅) လမ်း
လမ်းမတော်မြို.နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

သက်ဆိုင်သူများနီးစပ်သူများ မှတဆင့် မျှဝေပေးပါ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့