Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 October 2012

မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့် သိပ္ပံပညာရှင် စာတမ်းဖတ်ပွဲတွင် သုတေသန စာတမ်းပေါင်း ၂၀၀ ကျော် ပါဝင် ဖတ်ကြားခဲ့


မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့် သိပ္ပံပညာရှင် အမှုဆောင် အဖွဲ့က ကြီးမှူးပြီး ပညာရပ်ဆိုင်ရာ သုတေသန စာတမ်း ဖတ်ပွဲကို အောက်တိုဘာလ ၂၄ ရက်နေ့က
ရန်ကုန် တက္ကသိုလ်မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ အဲ့ဒီပညာရပ် ဆိုင်ရာ စာတမ်း ဖတ်ပွဲ မှာတော့ စာတမ်းပေါင်း ၂၀၀ ကျော် ပါဝင်တာ ဖြစ်ပါတယ်။  အဲ့ဒီလို စာတမ်း ဖတ်ကြားရာ မှာတော့ ၀ိဇ္ဇာနဲ့ သိပ္ပံဘာသာရပ်များမှ မဟာဘွဲ့ရ ကျောင်းသား၊ ဆရာ၊ ဆရာမများ၊ ပညာရှင်များ ပါဝင်ဖတ်ကြား ခဲ့တာ ဖြစ်ပါတယ်။

အခုလို ပညာရပ် ဆိုင်ရာ စာတမ်း ဖတ်ပွဲကို ပြုလုပ်တာ ဟာဆိုရင် ၁၂ ကြိမ်မြောက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စာတမ်း ဖတ်ပွဲ ကိုတော့ နေရာ ၁၀ နေရာခွဲပြီး ပြုလုပ်တာ ဖြစ်ပါတယ်။ အခုလို စာတမ်း ဖတ်ပွဲတွေ ပြုလုပ်ရ တာဟာ တက္ကသိုလ် ဆရာ၊ ဆရာမတွေရဲ့ အသိပညာ ဗဟုသုတများ တိုးပွားဖို့ သုတေသန လုပ်တဲ့ ဆရာ၊ ဆရာမတွေရဲ့ လေ့လာ တွေ့ရှိချက် တွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ စူးမ်း လေ့လာမှု တွေကို တင်ပြနိုင်ဖို့ လမ်းဖွင့် ပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့