Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 18 October 2012

ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များအား တစ်ဂါလံကို ၄.၅၄၆ လီတာ နှုန်းဖြင့် သတ်မှတ် ရောင်းချရန် ညွှန်ကြားထား


မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ စက်သုံးဆီ အခြင်အတွယ် စနစ်ကို ဂါလံစနစ်မှ လီတာ စနစ်ကို ပြောင်းလဲ အသုံးပြုမှာ ဖြစ်ပြီး ဒီလို အသုံးပြုရာမှာ စက်သုံးဆီ
၁ ဂါလံကို ၄.၅၄၆ လီတာနှုန်းနဲ့ သတ်မှတ် ရောင်းချဖို့ စွမ်းအင် ၀န်ကြီး ဌာနမှ ညွှန်ကြား ထားတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် စက်သုံးဆီ အရောင်းဆိုင် တွေမှာ လီတာ ပန့်များရဲ့ Display Unit မှာ ၄.၅ လီတာဟု ဖော်ပြတဲ့ အချိန်မှာ အမှန်တကယ် ဆီထွက်နှုန်းမှာ ၄.၅၄၆ လီတာ ပမာဏ ဖြစ်စေဖို့ အတွက် ပန့်ရဲ့ ဂါလန် မီတာကို ချိန်ညှိပြီး တိကျစွာ တပြေးညီ သတ်မှတ် ရောင်းချရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင် အချို့မှာ အရင်က ဂါလန်နဲ့ ရောင်းချခဲ့ရာ ယခုအချိန်မှာ လီတာစနစ်နဲ့ သာရောင်းချ ရမှာ ဖြစ်ပါတယ်။ ယခုလက်ရှိ မှာလည်း ရန်ကုန်မြို့ရှိ စက်သုံးဆီ ဆိုင်အချို့မှာ လီတာ စနစ်နဲ့ စတင် ရောင်းချနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် စက်သုံးဆီ ၀ယ်ယူသူ တွေဟာ ငွေကျပ် တစ်သောင်းဖိုး၊ နှစ်သောင်းဖိုး ၀ယ်ယူ ၀ယ်ယူတဲ့ အခါမှာလည်း သတ်မှတ် ထားတဲ့ လီတာ စနစ်နဲ့သာ ရောင်းချ ပေးရမှာ ဖြစ်ပါတယ်။ လီတာပန့် အသုံးပြုပြီး တရားဝင်ဖွင့်လှစ် ရောင်းချနေတဲ့ စက်သုံးဆီ အရောင်းဆိုင်များ အားလုံး သိရှိလိုက်နာ ဆောင်ရွက် နိုင်ရေး အတွက် လိုအပ်ချက်များကို ဆက်လက် ညွှန်ကြား သွားမှာ ဖြစ်ပါတယ်။

ဒီလို ညွှန်ကြားမှုကို တစ်နိုင်ငံလုံးရှိ စက်သုံးဆီ အရောင်းဆိုင်များ အားလုံး သိရှိလိုက်နာ ဆောင်ရွက် နိုင်ရေး အတွက် လိုအပ်ချက် များကို ဆက်လက် ညွှန်ကြား ဆောင်ရွက် နိုင်ဖို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချဖြန့်ဖြူးရေး အသင်းနဲ့ ပြည်နယ်တိုင်း ဒေသကြီး ရေနံထွက် ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူ ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီကို အသိပေး အကြောင်းကြား မှုများ ဆောင်ရွက် ထားတယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့