Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 October 2012

မင်းမရှိတော့တဲ့ နောက်


မမုန်းကြကြေးနော်...တဲ့
နှလုံးသွေးတွေ ပေါက်သမျှသစ္စာဆိုခဲ့
ခုတော့ဖြစ်
ရုပ်ဝတ္ထုဆန်ဆန် လောကဓံကို
ဘောဂဗေဒခြံရံ အလှမာန်နဲ့ လှော်ခတ်သွားပြီးပေါ့..။

မင်းလေး..ပျော်ရွှင်ပြည့်ဝဖို့ အတွက်
နားလည်မှုမှာ ငါနွံနစ်ပါရစေ..
မင်းအတ္တတွေရှင်သန်ဖို့  အတွက်
ငါ့လိုအပ်ချက်တွေ အမှိုက်လိုသွန်ပစ်လိုက်ပါရစေ..
သည်းခံချုပ်တည်းရလွန်းလို့ 
ဦးနှောက်သွေးကြောပြတ်သွားရင်လည်း
မင်းလေး..အတွက်ပေးဆပ်ခြင်းရယ်လို့ မှတ်ယူထားပါရစေ။

ကာလမှော်ဆရာက
သစ်ရွက်လှလှလေးတွေကို အရောင်ပြောင်းအညှာခြွေတယ်..
ပိုးစုန်းကြူးတွေကို ပိုမိုလင်းလက်စေတယ်..
ဇီးကွက်တွေကို အိပ်တန်းတက်ဖို့  အမိန့် ပေးတယ်…
ငါ့ကို. မင်းကလည်း
ဝမ်းနည်းကြေကွဲစေဖို့  နှုတ်မဆက်ဘဲ လမ်းခွဲထွက်သွားတယ်
သောကဗျာပါဒနဲ့ တမ်းတစေဖို့  ဝေးဝေးမှာချန်ရစ်လို့ကိုယ်ရောင်ဖျောက်တယ်
ယုယုယယထွေးပိုက်ဖို့  အလွမ်းတွေကိုချန်ထားခဲ့တယ်။

ချုပ်ရိုးဗရဗွနဲ့ ကမ္ဘာပေါ်
ကမ္ဘာကျော်ခဲ့သူတွေ မရှိတော့လည်း
ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့  ကြံစည်နေတဲ့ ကမ္ဘာထဲ
ထုံးမပါသော ကွမ်း.ဆားမပါသော ဟင်း လို
မင်းလေးမရှိတဲ့..ငါ့ဘဝ
ဘေးနားချထား ဖိုးဖွိုင့်အားကိုးနဲ့ များ
ကမ္ဘာသစ်ကို ကြိုရရင်ကောင်းလေမလားဘဲ. မိန်းကလေးရယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့