Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 19 October 2012

အာကာသ နည်းပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းများ အကြောင်းကို မြန်မာ-ဂျပန် ဆွေးနွေးခဲ့


ဂျပန် အစိုးရရဲ့ အကူအညီနဲ့ အသေးစား ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု နည်းပညာကို အသုံးပြုပြီး ကနဦး လေ့လာ သုတေသန ပြုသွားဖို့ မြန်မာ-ဂျပန်
အာကာသ နည်းပညာ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တုနဲ့ သတင်း အချက်အလက် များကို အသုံးချပြီး သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများမှာ သာမက ဂြိုဟ်တုမှ ရရှိမယ့် အချက်အလက် များဟာ အချို့သော သဘာဝ ဘေးအန္တရာယ်များ အတွက် ကြိုတင် ဟောကိန်း ထုတ်ရာမှာ အသုံးဝင် မှန်ကန် နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြေသား စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ အထောက်အကူ ပြုနိုင်ခြင်း၊ သဘာဝ ဘေးအန္တရယ် လျှော့ကျရေး အတွက် အသုံးချနိုင်ခြင်း၊ စိုက်ပျိုးရေးနဲ့ သစ်တော ဆိုင်ရာ စီမံခန့်ခွဲမှုများ အတွက် များစွာ အသုံးဝင်မှာ ဖြစ်တယ်လို့ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲမှာ ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲဟာ သစ်တော၊ သတ္ထု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ အခြားသော ကဏ္ဍရပ် မျိုးစုံမှာ ဂြိုဟ်တု နည်းပညာကို အသုံးပြုကာ အနာဂါတ် မြန်မာနိုင်ငံရဲ့ ဘက်စုံဖွံ့ဖြိုး တိုးတက်မှု ဖြစ်ပေါ်လာစေဖို့ အတွက် အခွင့်အလမ်းကောင်း တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးနဲ့ သိပံ္ပနဲ့နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ဌာန ဆိုင်ရာမှ တာဝန် ရှိသူများနဲ့ ပညာရှင်များ၊ ဂျပန်နိုင်ငံ Marubeni Aerospace Coorporation Japan Space System (METI) ၊ Japan space Agency နဲ့ Nippon Electric Coorporation မှ တာဝန်ရှိ ပုဂ္ဂိုလ်များမှ တက်ရောက် ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့