Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 24 October 2012

ဘင်္ဂါလီကျေးရွာများနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်တွင် မေးမြန်း

ယနေ့ကျင်းပသည့် အမျိုးသား လွှတ်တော်တွင် ရခိုင်ပြည်နယ်၊ကျောက်တော် မြိုနယ်၊ နာဂရကျေးရွာ အုပ်စုတွင်းသို့ ကျူးကျော် ၀င်ရောက် နေထိုင်သည့် ဘင်္ဂါလီကျေးရွာအား ဖယ်ရှားပေးရန်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၃) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်(ခ) ဦးအောင်ကျော်ဦး အောက်တိုဘာလ ၂၄ ရက်နေ့ တွင်မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းကိုပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှုးချုပ် ကျော်ဇံမြင့် က “ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊လမ်းမတော်ကျေးရွာအုပ်စု၊ စကားတောင်ကျေးရွာမှာ ယခင်က ဘင်္ဂါလီ လူမျိုးများ နေထိုင်ကြ ပါတယ်။ ကျောက်တော် သကြားစက် တည်ဆောက်ရန် အတွက်ကို ၁၉၈၃-၈၄ လောက်မှာ စကားတောင်ကျေ့းရွာ အုပ်စုမှာနေတဲ့ ဘင်္ဂါလီလူမျိုး များကို လျှော်ကြေး ပေးပြီးတော့ ခေါင်းတုပ်ကျေးရွာအုပ်စု၊ ပုံတောင်ချောင်းနှင့် ဘီလူးကွေ့တောင် အနီးသို့ ပြောင်းရွှေ့နေရာ ချထားပေး ခဲ့ပါတယ်။

၁၉၉၆ခုနှစ်မှာ အမှတ်(၉)စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်က တပ်ပိုင်မြေအဖြစ် လိုအပ်၍ စကားတောင်ကျေးရွာမှ ပြောင်းရွှေ့နေထိုင်တဲ့ ဘင်္ဂါလီလူမျိုးများ နေထိုင်ရာ ဘိုထောင်ချောင်းနဲ့ ဘီလူးကွေ့တောင် မြေနေရာကို တပ်ပိုင်မြေ အဖြစ် ရယူဆောင်ရွက်ခဲ့ပြီး အဲ့ဒီင်္ဘင်္ဂါလီလူမျိုးများကို လောင်ပန်ကျကျေးရွာ ကွင်းအမှတ် ၇၃၅အေ မြေလွှတ်သုံးဧကမှာ နေရာချထားပေးခဲ့ပါတယ်။

လောင်ပန်းကျေးရွာမှာ ပြောင်ေ၇ွှ့နေထိုင်ကြတဲ့ ဘင်္ဂါလီလူမျိုးများဟာ သူတို့နေရာမှာ လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေလို့ နာဂရာကျေးရွာ အုပ်စုကွင် အမှတ်(၇၅၂)အေမှာရှိတဲ့ မြေလွှတ်မြေရိုင်းမှာ ကျေးရွာနေ ကြံစိုက်ပျိုးနေတဲ့ ဦးထွန်မြသာပါ ၆ဦးကနေပြီးတော့ ကြံစိုက်ပျိုးခဲ့တဲ့ မြေ၉ဧကကိုသဘောတူ ၀ယ်ယူရောင်းချခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခုလက်ရှိ နေထိုင်သော နာဂရာကျေး ရွာနဲ့ လုပ်သားကျေးရွာ အကြားမှိုင်းချောင်းဝမှာ ပြောင်းရွေ့ရောက်ရှိနေထိုင် ခဲ့ခြင်းသာဖြစ်ပြီးတော့ တရားဝင် နေရာချထား ပေးခြင်းမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ ရပ်ကွက်ကျေးရွာ အုပ်စုနဲ့ ကျေးရွာစာရင်းများမှလည်း ပါရှိခြင်းမရှိကြောင်း စီစစ်တွေ့ရှိရပါတယ်။

အထက်မှာတင်ပြခဲ့တဲ့ စကားတောင်ကျေးရွာနှင့် ဘင်္ဂလီလူမျိုးများပြောင်ရွှေ့ နေထိုင်မှုအခြေအနေကလက်ရှိမှာအိမ်ခြေ ၈၆အိမ်၊အိမ်ထောင်စု၉၀၊ ကျား၂၆၄ဦး၊မ ၃၃၅ဦး၊ ပေါင်း ၅၉၉ဦး ဖြစ်ပြီးတော့ ၂၀၁၂ခုနှစ်ဇွန်လအတွင်း မှာဆူပူ အကြမ်းဖက်မှု၊မီးရွှို့မှု ၊ဖြစ်စဉ်များကြောင့် အဲ့ဒီကျေးရွာမှာရှိတဲ့ရွာသား များဟာကုလားတန်မြစ်အရှေ့ဖက်ကမ်းမှာရှိတဲ့ ခေါင်းတုပ်ရွာနဲ့ ကျောက်တော်
သကြားစက်မှာရှိတဲ့ ဘင်္ဂါလီဝန်ထမ်းနေအိမ် ၁၅လုံးမှာမှီခိုနေထိုင်ကြောင်း သိရှိရပါတယ်။စကားတော်ကျေးရွာမှ ရွှေ့ပြောင်ဘင်္ဂါလီလူမျိုးများကို သီးခြား နေရာချထားပေးဖို့လိုအပ်ပါက ယခင်နေရချထားပေးခဲ့သောကျေးရွာမှာ
မြေလွှတ်သုံးဧကရှိနေပေမယ့်လည်းရခိုင်တိုင်းရင်းသားများ၏ကျေးရွာ နေရာဖြစ်နေပြီဖြစ်လို့ အခြားဘင်္ဂါလီကျေးရွာဖြစ်ပြီးသူတို့နဲ့နီးစပ်တဲ့ ခေါင်းတုပ်ကျေးရွာအုပ်စုမှ ခေါင်တုပ်ရွာ၊ အလယ်ကျွန်းကျေးရွာအုပ်စုမှ အလယ်ကျွန်းရွာ၊ရတနာပုံကျေးရွာအုပ်စုမှ ရတနာပုံကျေးရွာတို့ကို ဖြန့်ခွဲ နေရာချထားပေးသွာမှာဖြစ်ပါကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတင်ပြလာ
ပါတယ်။

ဒီလိုဆောင်ရွက်တဲ့နေရာမှာနိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးကလက်ရှိ အကောင်ထည်ဖော်ဆောင်ရွက်နေသော ဒီမိုကရေစီလမ်းကြောင်မှ
တိမ်းစောင်းမသွားရေး၊ ကမ္ဘာ့နိုင်ငံများရဲ့မျက်မှောက်အခြေအနေ၊ စသည် တို့နဲ့ချိန်ထိုးပြီးတော့ နိုင်ငံအတွင်းတရားမ၀င် ခိုးဝင်မှုများတားဆီးရေး၊ လူမျိုးရေးဘာသာရေး၊ အဓိကရုဏ်းများထပ်မံမဖြစ်ပွာအောင် တာဆီးရေး မြန်မာ့ဒီမိုကရေစီအပြောင်အလဲနှင့်လိုက်လျောညီထွေရှိပြီးလူ့အခွင့်အရေးများ မချိုးဖောက်စေဘဲ ပြသနာများကိုကိုင်တွယ်ဖြေရှင်းသွားရေး၊ အလုပ် အကိုင်များပိုမိုဖန်တီးပေးနိုင်ရေး၊ တိုင်၇င်းသားများရဲ့စိုးရိမ်ပူပန်မှုများ ဆန္ဒသဘောထားများကို ထည့်သွင်းစဉ်းစာပြီးအလေးထားဖြေရှင်းဆောင်ရွက်၍ မူဝါဒများ ချမှတ်ဆောင်ရွက်ပြီးပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရတို့ပေါင်းစပ်ညှိနှိုင်းရေးဆွဲလျှက်ရှိရာမှာ အရေးပေါ်ကာလနှင့်ပြန်လည်
တည်ငြိမ်ဖွံဖြိုးမှုကာလဆိုပြီးအပိုင်းလိုက်အဆင့်လိုက်စီမံ ဆောင်ရွက်လျှက်ရှိပါတယ်။

ဒါ့အပြင်ဒေသတည်ငြိမ်အေးချမ်းရေနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆောင်ရွက်ပေးလျှက်ရှိတဲ့ အဖွဲ့မျာအနေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး ကြုံတွေ့နေရတဲ့အခက်အခဲပြသနာအသီးသီးကို ဒေသတွင်း
ညှိနှိုင်းပေါင်းစပ်ပြီးဖြေရှင်းဆောင်ရွက်ပေးလျှက်ရှိသကဲ့သို့အထက်ဌာနများကို တင်ပြရမယ့်ကိစ္စများ ပေါ်ပေါက်လာပါကလည်း အဆိုပါအဖွဲံများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က နိုင်ငံတော်သမ္မတရုံးနှင့်ပြည်ထောင်စုအစိုးရအဖွဲံ
တိုကို တင်ပြဆွေးနွေးလျက်၇ှိပါတယ်။ရခိုင်ပြည်နယ်အမှာဖြစ်ပွားတဲ့ ပဋိ ပက္ခမျာနှင့်ပက်သပ်၍ ဖြစ်စဉ်ဖြစ်ရပ်မှန်များပေါ်ပေါက်ရေး ၊စုံစမ်းစစ်ဆေးရန် ၊အမျိုးသားအကျိုးစီးပွားတိုးတက်ဖို့အတွက်ကို သုံးသပ်ချက်နှင့်တကွ အကြံပြုတင်ပြဖို့ နိုင်ငံတော်သမ္မတရုံးက ၂၀၁၂ခုနှစ်၏သြဂုတ်လ ၂၇ရက် နေ့မှာ အမိန့်ကြော်ငြာစာနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်၇ပ်ကို ကဏ္ဍစုံမှ ပုဂ္ဂိုလ်၂၇ဦးနဲ့ စုံစမ်းစစ်ဆေးဖော်ထုပတ်လျှက်ရှိပါတယ်။”ဟု

ယနေ့ နေ့လည် ၁၁း၃၀နာရီတွင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌနှင့် ကိုယ်စားလှယ် ၁၉၉ဦးရှေ့မှောက်တွင် ပြန်လည်ဖြေကြားသွားခဲ့သည်။

Popular Myanmar News Journal


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့