Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 20 October 2012

လက်ရှိ ရေနံချက် စက်ရုံများအား ပုဂ္ဂလိက ကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းမှု ဆိုင်ရာများ ဆွေးနွေး လျက်ရှိ


လက်ရှိနိုင်ငံပိုင် ရေနံချက် စက်ရုံများ၊ ရေနံ ဓာတ်ငွေ့ရည် စက်ရုံများ၊ မက်သနော စက်ရုံများနဲ့ဓာတ်မြေသြဇာ စက်ရုံများကို အစိုးရနဲ့ ပုဂ္ဂလိက ကုမ္ပဏီများ
အကျိုးတူ ပူးပေါင်းမှု ဆိုင်ရာ ကိစ္စများကို ဆွေးနွေးလျက် ရှိတယ်လို့ အောက်တိုဘာလ ၁၆ ရက်နေ့နဲ့  ၁၇ ရက်နေ့ များက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီး ဌာနမှာ ပြုလုပ်ခဲ့တဲ့ စွမ်းအင်နှင့် လျှပ်စစ် ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများ ဆိုင်ရာ အမျိုးသား အဆင့် ဆွေးနွေးပွဲမှ သိရပါတယ်။

လက်ရှိ ရေနံချက် စက်ရုံများ၊ ရေနံဓာတ်ငွေ့ရည် စက်ရုံများ၊ မက်သနော စက်ရုံများ၊ ဓာတ်မြေ သြဇာ စက်ရုံများ စီမံကိန်းများကို နိုင်ငံတကာ အကူအညီနဲ့ ပူးပေါင်း ဆောင်ရွက်မှုများ ရယူကာ စွမ်းအင် စီမံခန့်ခွဲမှု ကော်မတီရဲ့ ကြီးကြပ်မှုနဲ့ သက်ဆိုင်ရာ ၀န်ကြီး ဌာနများမှ စီမံ ဆောင်ရွက် သင့်တယ်လို့ အဆိုပါ ဆွေးနွေးပွဲမှ တာဝန်ရှိသူ တစ်ဦးရဲ့ အကြံပြု တင်ပြချက်များ အရ သိရပါတယ်။ အဆိုပါ စီမံကိန်း များကို ဆောင်ရွက် မှာလည်း သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ပျက်စီး လွယ်သော ပျက်စီးခဲ့ လျှင်လည်း ပြန်လည် ပြုပြင်မရတဲ့ နေရာမျိုး မဖြစ်အောင် ရှောင်ရှား နိုင်အောင် ပြုလုပ်မှ ရေရှည် တည်တံ့မှာ ဖြစ်တယ်လို့ သိရပါတယ်။

စီမံကိန်းကို ပုဂ္ဂလိက ကုမ္ပဏီ အကျိုးတူ ပူးပေါင်းပြီး တည်ဆောက်ရာ မှာလည်း အသစ်နဲ့ တိုးချဲ့ တည်ဆောက်တဲ့ ရေနံချက် စက်ရုံများ၊ မက်သနော စက်ရုံများ၊ ဓာတ်မြေသြဇာ စက်ရုံများကို သန့်ရှင်းတဲ့ နည်းပညာ ဟုတ်၊ မဟုတ်၊ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်ဝန်းကျင်ရှိ လူများရဲ့ ကျန်းမာရေး၊ စီးပွားရေးနဲ့ မြေဆီလွှာ များကို ပျက်စီး ပြုန်းတီးစေ ခြင်းရှိ၊ မရှိကို ကြိုတင် စစ်ဆေးပြီး ဒေသခံ ပြည်သူများနဲ့ ဆွေးနွေးမှုများ ပြုလုပ်သင့် တယ်လို့ သိရပါတယ်။ ဒါ့အပြင် စီမံကိန်း များကြောင့် ဖြစ်ပေါ် လာမယ့် အကျိုးဆက်များ၊ ကောင်းကျိုး၊ ဆိုးကျိုးများကို လေ့လာပြီး ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးများ အတွက် မည်ကဲ့သို့ ကာကွယ် နိုင်ခြင်း၊ မည်ကဲ့သို့ လုပ်ဆောင် သင့်သည် တို့ကိုပါ ဒေသခံ ပြည်သူ များအား ပွင့်လင်းစွာ အသိပေးမှုများ ပြုလုပ်သင့် တယ်လို့ သိရပါတယ်။

အဲ့ဒီလို ပွင့်လင်းစွာ အသိပေးမှုများ အပြင် စီမံကိန်း ဆောင်ရွက် သူများ ဘက်မှ မည်ကဲ့သို့ ကူညီ ဆောင်ရွက် ပေးမှုများ၊ ဒေသခံများ အနေနဲ့လည်း မည်ကဲ့သို့ ပါဝင် ကူညီဆောင်ရွက် ကာကွယ် နိုင်မှုများ ကိုလည်း အသိပေး သဘော တူညီမှု ရရှိမှသာ စီမံကိန်းကို ဆောင်ရွက်ဖို့ ဆုံးဖြတ် သင့်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စက်ရုံများရဲ့ အညစ်အကြေး စွန့်ပစ်ပုံ၊ နည်းပညာ အခြေအနေ၊ ထုတ်လုပ်မှု စနစ် စတဲ့ ကိစ္စရပ်များ ကိုလည်း ပုံမှန် စစ်ဆေးပြီး ပြုလုပ် ဆောင်ရွက်ခြင်း များကိုလည်း ပုံမှန် လုပ်ဆောင်မှု များပြုလုပ် ရမယ်လို့ သိရပါတယ်။ အဲ့ဒီလို ပုဂ္ဂလိကနဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ် မယ်ဆိုပါက စွမ်းအင်ဝန်ကြီး ဌာန တစ်ခုတည်းနဲ့ စစ်ဆေးခြင်း၊ ထိန်းချုပ်ခြင်းများ မပြုလုပ်ဘဲ အခြား ၀န်ကြီးဌာန များနဲ့ပါ ပူးပေါင်းပြီး လုပ်ငန်းစဉ်များ၊ ၀င်ငွေ၊ ထွက်ငွေ၊ နည်းပညာ စတဲ့ အချက်အလက် များကို ပွင့်လင်း မြင်သာအောင် လုပ်ဆောင် ရမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့