Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 22 October 2012

မဟာသမယသုတ် ပါဠိတော် ၈ ခဏ်း ကမ္မ၀ါစာ ၅ ပါးကို အစုံ ၁၀၀၀ ကျော် လှူဒါန်းခဲ့


ပါဠိတက္ကသိုလ် ညောင်တုန်း ကျောင်းတိုက် နာယကလှရတနာ ဆရာတော် ဘန္ဒန္တနာရဒါ ဘိဝံသနဲ့ ဗုဒ္ဓဂယာ ပုညသဟာယက အဖွဲ့မှ ပြည်တွင်း၊ ပြည်ပရှိ
စာသင်တိုက်ကြီး တွေကို မဟာသမယသုတ် ပါဠိတော် ၈ ခဏ်း ကမ္မ၀ါစာ ၅ ပါးကိုင် အစုံ ၁၀၀၀ ကျော်ကို လှူဒါန်းမှုနဲ့ ခေတ်အဆက်ဆက်မှ ကမ္မ၀ါစာမူများ ပြသမှုကို အောက်တိုဘာလ ၂၁ ရက်နေ့က ပါဠိ တက္ကသိုလ် ညောင်တုန်း ကျောင်းတိုက်မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လှူဒါန်းမှုမှာ ဗုဒ္ဓဂယာပုညသဟာယက အဖွဲ့မှ မဟာသမယသုတ် ပါဠိတော် ၈ ခဏ်း ကမ္မ၀ါစာ အစုံ ၁၀၀၀ ကျော်ကို စာသင်တိုက်ပေါင်း ၇၀၀ ကျော်ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သံဃာတော် အပါး ၁၀၀ နဲ့အထက် ရှိတဲ့ စာသင်ကျောင်း များကိုလည်း ကမ္မ၀ါစာ ၅ ပါးခိုင် ၁ စုံစီ လှူဒါန်းခဲ့ပြီး အပါး ၂၀၀ ရှိတဲ့ စာသင်ကျောင်း များကိုတော့ ကမ္မ၀ါစာ ၅ပါး ခိုင်၂ စုံစီ လှူဒါန်းခဲ့ ပါတယ်။ နောက်ပိုင်း မှာလည်း မဟာသမယသုတ် ပါဠိတော် ၈ ခဏ်း ကမ္မ၀ါစာ ၅ ပါးကိုင်များကို ဗုဒ္ဓဂါယာရှိ ဗုဒ္ဓဘာသာ စာသင်တိုက် များကို ဆက်လက် လှူဒါန်းမှုများ ပြုလုပ် သွားမယ်လို့ သိရပါတယ်။ အခုလို လှူဒါန်းမှု အခမ်းအနား ကိုတော့ အနယ်နယ် အရပ်ရပ် စာသင်တိုက်ကြီးများမှ ဆရာတော်များ၊ ဗုဒ္ဓဂယာ ပုညသဟာယက အဖွဲ့မှ အဖွဲ့ဝင်များနဲ့ အခြားဒယကာ၊ ဒယိကာမများ တက်ရောက်ခဲ့ ကြတယ်လို့ သတင်း ရရှိပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့