Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 26 October 2012

နိုဝင်ဘာ လကုန်တွင် နေအိမ်များ၌ ဒစ်ဂျစ်တယ်မီတာ တပ်ဆင်မှု ဆောင်ရွက်ပေးမည်


နိုဝင်ဘာလကုန် ခန့်မှ စတင်ကာ ရန်ကုန်မြို့နယ်များ အတွင်း နေအိမ်တွေမှ Analog မီတာများကို Digital မီတာများနဲ့ ပြောင်းလဲ တပ်ဆင်ပေး သွားဖို့
ရှိတယ်လို့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလက်ရှိ မှာတော့ Digital မီတာများကို ရန်ကုန်မြို့ရှိ စက်ရုံများမှာ အလုံး ၁၄၀ အထိ တပ်ဆင်ပေးပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး နေအိမ်များမှ Analog မီတာများကို Digital များအဖြစ် ပြောင်းလဲ တပ်ဆင်ပေးမှု ကိုတော့ ဒလမြို့နယ်နဲ့ တွံ့တေး မြို့နယ်တို့မှာ အရင်ဆုံး တပ်ဆင် သွားမှာ ဖြစ်ပြီး တပ်ဆင်ဖို့ လိုအပ်တဲ့ Digital မီတာများ ကိုတော့ ပြည်ပမှမှာ ယူထားတယ်လို့ သိရပါတယ်။

အခုလို ဒလမြို့နယ်နဲ့ တွံတေး မြို့နယ်များမှာ Digital မီတာ ပြောင်းလဲမှု စတင် ရတာဟာ အဲ့ဒီမြို့နယ် တွေမှာ မီးအားနည်း တတ်တဲ့ အတွက် ရရှိတဲ့ မီတာခဟာ သုံးစွဲတဲ့ ယူနစ်အတိုင်းမရရှိ တာကြောင့် ဖြစ်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ Digital မီတာများ ပြောင်းလဲ တပ်ဆင် တာကြောင့် မီတာ ယူနစ် တွက်ချက် ဖော်ပြမှု တိကျ မှန်ကန်ပြီး မီးသုံးစွဲသူများ အနေနဲ့လည်း အသုံးပြုတဲ့ ယူနစ်ကို မှန်ကန်စွာ ပေးဆောင် နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ Digital မီတာများ အစားထိုး ပြောင်းလဲ တပ်ဆင်မှု အတွက် ကုန်ကျငွေ ကိုတော့ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ အကုန်ကျခံကာ တပ်ဆင်ပေး လျက်ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့